You are here
Home > သတင်း > ပြည်တွင်းသတင်း > ဘာသာရေးအမြတ်ထုတ်မှုကိုခွင့်ပြုပေးပါက တုန့်ပြန်သွားမည်

ဘာသာရေးအမြတ်ထုတ်မှုကိုခွင့်ပြုပေးပါက တုန့်ပြန်သွားမည်

Fallback Image

ရန်ကုန် ၊ ဇန်နဝါရီ ၅ ။ ။ တမန်တော်နေ့အကြောင်းပြု၍ ဘာသာရေးအမြတ်ထုတ်လုပ်ဆောင်နေမှုများကို အချိန်နှင့် တပြေးညီတုန့်ပြန်ကန့်ကွက်သွားမည်ဟု အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ တင်ပြထားကြောင်း အမျိုးသားညွှန့်ပေါင်းအဖွဲ့ အဖွဲ့ဝင် ဦးဇင်းဘဘာဝနဒီက မိန့်ကြားသည်။

အစ္စလာမ်ဘာသာဝင်များက တမန်တော်နေ့ကို အကြောင်းပြု၍ ဇန်နဝါရီ ၆ ရက်နေ့တွင် နယူးလိုက်တာမင်္ဂလာခန်းမ၊ ဧင်္ဂမလမ်းမကြီးနှင့် အနော်မာလမ်းထိိပ် ၁/အနော်မာရပ်ကွက် သာကေတမြို့နယ်တွင် အခမ်းအနားကျင်းပခြင်းနှင့် ပက်သက်၍ ကန့်ကွက်ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

“ဘယ်လိုတုန့်ပြန်သွားမလဲဆိုတာပြောလို့မရသေးဘူး။ ဒီညနေအစည်းအဝေးတစ်ခုရှိသေးတယ်။ ရန်ကုန်မြို့မှာ မဟာတမာန်တော်နေ့ကို တစ်ကြိမ်တစ်ခါမှပြုလုပ်ရခြင်း မရှိဘူး။ ဒီနှစ်ကျမှ နောက်တစ်ခုက သူတို့ကြေညာထားတာ ၁၉၄၁ ကြိမ်လို့ပြောတယ် ရန်ကုန်မြို့မှာ အဲ့လောက်တောင်ကျင်းပပြီးပြီလား။ ပြည်သူတွေကိုလိမ်ညာထားတာတွေ့ရတယ်ခင်ဗျ” ဟု အမျိုးသားညွှန့်ပေါင်းအဖွဲ့ အဖွဲ့ဝင် ဦးဇင်းဘဘာဝနဒီက မိန့်ကြားသည်။

အဆိုပါတင်ပြစာတွင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၁၉၄၁ ကြိမ်မြောက် တမန်တော်နေ့အခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါထပ်မံ၍ ကျင်းပခြင်းသည် တမန်တော်နေ့ကိုအကြောင်းပြု၍ ဘာသာရေးအမြတ်ထုတ်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ရှုမြင်ပါကြောင်း၊ မည်မျှအထိဆက်လက်သွေးတိုးစမ်း လုပ်ဆောင်လာအုံးမည်ဆိုသည်ကိုလည်း မသိနိုင်ပါကြောင်း ဖော်ပြထားသည်။

“ဘာသာရေးအမြတ်ထုတ်တာမဟုတ်ဘူး။ ဘာသာတရားတိုင်းမှာ သူရဲ့နေ့ထူးနေ့မြတ်ရှိတယ်လေ။ အဲ့ဒီနေ့တွေကို ချီးမွှန်းထောပနာပြုတာဟာ ဘာသာရေးလုပ်ငန်းစဉ်ဖြစ်တယ်လေ။ ဥပမာအားဖြင့် ဗုဒ္ဓရဲ့ ဓမ္မစင်္ကြာနေ့၊ ခရစ်တော်မွေးနေ့၊ တမာန်တော်မိုဟာမတ်ရဲ့မွေးနေ့ အဲ့ဒီမွေးနေ့အခါသမယကို သူ့ဘာသာဝင်တွေက ချီးကျူးထောပနာပြုတာဟာ ဘယ်လိုဘာသာရေးအမြတ်ထုတ်မှုဖြစ်မလဲ။ ဘာသာရေးအနှစ်သာရကိုဖော်ဆောင်တာပဲဖြစ်မှာပေါ့”ဟု မြန်မာမွတ််စလင်ရေးရာအဖွဲ့ချုပ် အထွေထွအတွင်းရေးမှူး ဟာဂျီကျော်ခင်ကပြောသည်။

အမျိုးသားညွှန်ပေါင်းအဖွဲ့တွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ ရခိုင်လူငယ်များအင်အားစု၊ မျိုးချစ်လူငယ်ကွန်ရက်(လှိုင်သာယာ)အပါအဝင် အဖွဲ့အစည်း(၄၀)ကျော် ပါဝင်ကြောင်းသိရသည်။

img_9613

Similar Articles

Leave a Reply

Top