You are here
Home > သတင်း > ပြည်တွင်းသတင်း > ငြိမ်းချမ်းရေးအတွက် ထိရောက်သည့် နိုင်ငံရေးတွေ့ဆုံမှု မရှိသေးကြောင်း ABSDF ဆို

ငြိမ်းချမ်းရေးအတွက် ထိရောက်သည့် နိုင်ငံရေးတွေ့ဆုံမှု မရှိသေးကြောင်း ABSDF ဆို

Fallback Image

ရန်ကုန်၊ ဇန်နဝါရီ ရ
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင် လျက်ရှိသော်လည်း နိုင်ငံရေးအရ ထိရောက်သည့် တွေ့ဆုံမှု အခြေအနေမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။
ရန်ကုန်မြို့ Inya Lake Hotel တွင် ပြုလုပ်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြို လူထုဆွေးနွေးပွဲ အမှာစကားတွင် ၎င်း၏ ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

ABSDF သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်ရှစ်ဖွဲ့တွင် ပါဝင်လျက်ရှိသည်။
ABSDF သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်ရှစ်ဖွဲ့တွင် ပါဝင်လျက်ရှိသည်။

“မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းပြမြေပုံခုနှစ်ဆင် ့နဲ့ချမှ တ်အကောင်အထည် ဖော်ခဲ့ပါတယ်၊ ဒါပေမယ့်လည်းဘဲ ယနေ့ကာလအထိ နိုင်ငံရေးအရ တွေ့ဆုံမှုကို ကျွန်တော်တို့ထိထိ ရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိိုင်မှု အခြေအနေမရှိသေးပါဘူး” ဟု ၄င်းကဆိုသည်။
ယင်းကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်နေချိန်တွင် မိမိတို့၏ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ရဲဘော််မင်းဋ္ဌေးသည် ၁၇/၁ ဖြင့် အဖမ်းဆီးခံနေရပြီး ယင်းသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ဖော်ဆောင်နေချိန်တွင် မဖြစ်သင့်သည့်ကိစ္စဖြစ်သည်ဟု ABSDF အဖွဲ့ကဆိုသည်။
အလားတူ လက်ရှိတွင် မြန်မာပြည် မြောက်ပိုင်းဒေသစစ်ပွဲများ၊ အနောက်တောင်ဒေသများတွင် နိုင်ငံတကာအမြင်မှားလောက်သည့် ပြဿနာများဖြစ်ပွားနေပြီး မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းခြင်းများကို ပြည်သူလူထုမှ ရင်ဆိုင်နေရသည်ဟု အဆိုပါပွဲတွင် တက်ရောက်အမှာစကား ပြောကြားခဲ့သူတစ်ဦးဖြစ်သည့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLDပါတီ ၏ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကပြောကြားခဲ့သည်။

“ဒီကိစ္စရပ်တွေကို အစိုးရတစ်ရပ်တည်းကမဟုတ်ဘဲ ဒီအစိုးရကိုတင်မြှောက်ခဲ့တဲ့ ပြည်သူလူထုက လည်း ပူးပေါင်းပါ၀င်ဖို့အချိန်ရောက်ပြီလို့ ကျွန်တော်မြင်ပါတယ် ”ဟု ၄င်းကပြောကြားခဲ့သည်။
ABSDF သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်ရှစ်ဖွဲ့တွင် ပါဝင်လျက်ရှိသည်။

Similar Articles

Leave a Reply

Top