တစ်လအတွင်း YBS ယာဉ်လိုင်းများအား တိုင်ကြားမှု ၅၀၀ ကျော်ရှိ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇။ ။ YBS ယာဉ်လိုင်းများစတင်ပြေးဆွဲသည့်နေ့မှစ၍ တစ်လအတွင်း တိုင်းကြားမှုပေါင်း(၅၂၀) ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရသည်။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က YBS ပက်သက်သော သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ “အရေးယူတာနဲ့ ပက်သက်ပြီးတိတိကျကျပြောဖို့ခက်တယ်။ ကျွန်တော်တို့စနစ်က အဲ့ဒီလိုင်းတစ်လိုင်းကိုတာဝန်ယူတဲ့ ကုမ္ပဏီက သူကတာဝန်ယူရမှာ။ ကျွန်တော်တို့သိတာက ရဲနဲ့ပက်သက်ပြီးအမှုအခင်းဖြစ်လာရင်တော့ ကျွန်တော်တို့စီကသွားတာ” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။ YBS ယာဉ်လိုင်းများကို တိုင်းကြားမှုအများဆုံးမှာ သတ်မှတ်ထားသောမှတ်တိုင်တွင် ယာဉ်မရပ်ခြင်း၊ ယာဉ်စီးခ

ရန်ကုန်လိုင်းကားခ ခရီးစဉ်အတိုကို ငွေကျပ် ၁၀၀ ကောက်ခံရန် ဆောင်ရွက်မည်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇။ ။ YBS ကားလမ်းကြောင်းရှိ ခရီးတိုစီးနှင်းမည့်ခရီးသည်များအား ဘတ်(စ်)ကားခ ငွေကျပ်(၁၀၀)ကောက်ခံရန် မကြာမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က YBS ပက်သက်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့သည်။ “ကျွန်မတို့က ပုံသေသုံးရာယူတဲ့ကားလိုင်းတွေကို နှစ်ရာပြောင်းပြီးသတ်မှတ်တာပါ။ မူလက တစ်ရာဖြတ်ပိုင်း နှစ်ရာဖြစ်ပေါင်းပေါ့နော်။ ပြီးရင်အစအဆုံးနှစ်ရာ အဲ့ဒီကားလိုင်းတွေက သူတို့ကိုပြင်ခဲ့ခြင်းမရှိပါဘူး။ ဒါကိုသူတို့က နားလည်မှုလွဲမှားပြီးနှစ်ရာကောက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်မှတ်တိုင် နှစ်မှတ်တိုင်ကို တစ်ရာပဲယူရမှာကို နှစ်ရာယူခဲ့ရင် ကျွန်မတို့စီကိုတိုင်ပါ” ဟု လျှပ်စစ် စက်မှုလက်မှု နှင့်

Long Life ကျောက်မိုင်း သက်တမ်းတိုးပေး၍ ကိုယ့်ကိုနှိပ်စက် ဆန္ဒ ထုတ်ဖော်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ ပေါင်မြို့နယ် ကုလားမတောင် သစ်တော ကြိုးဝိုင်းအတွင်းရှိ ကျောက်မိုင်း လုပ်ကွက် တစ်ခုဖြစ်သည့် Long Life Aggrate Mining Co.Ltd ကျောက်မိုင်း ကုမ္ပဏီကို ပြည်နယ်အစိုးရမှ သက်တမ်းတိုး လုပ်ကိုင်ခွင့် ချထားပေးမှုအပေါ် ဒေသခံများက ခန္ဓာကိုယ် နှိပ်စက်၍ ဆန္ဒထုတ်ဖော်မှုခဲ့ကြသည်။ Long Life ကျောက်မိုင်း သက်တမ်းတိုးထားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မွန်ပြည်နယ်

မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့ရှိနေအိမ်များကို တပ်မတော် ဝင်ရောက်စစ်ဆေး

Fallback Image

ရန်ကုန်၊ ဇန်နဝါရီ ၂၆။ ။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့မှ နေအိမ်များကို လုံခြုံရေးအရဟုဆိုကာ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်ခဲ့သည်ဟု မင်းပြားမြို့ နယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။ ယင်းသို့စစ်ဆေးခြင်းသည် ရန်ကုန်-စစ်တွေကို ဆက်သွယ်ထားသည့်ကားလမ်းအနီး မေလွမ်းကျေးရွာ ပတ်ဝန်းကျင်တွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခြင်းနှင့် ရခိုင့်တပ်မတော် (AA) နှင့်ပတ်သက်သည်ဟုဆိုကာ ကျေးရွာများရှိ နေအိမ်များသို့ လာရောက်မေးမြန်းစစ်ဆေးခြင်းများဖြစ်ကြောင်း သိရသည်ဟု ၄င်းကဆိုသည်။ “ ဒီဆက်သွယ်ရေးကားလမ်းနားမှာ ဟိုတလောက ဗုံးတစ်လုံးတွေ့တယ်ဗျ အဲ့ဒါနဲ့ ပတ်သက်ပြီး

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ ၂၃ ။ ။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများရပ်ကျေးအဆင့်ထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောသည်။ “အခု သင်တန်းကတော့ ဆရာဖြစ်သင်တန်းဖြစ်ပါတယ်၊ ဆင့်ပွားသင်တန်းတွေကိုတော့ နောက်လ(ဖေဖော်ဝါရီ)ဒုတိယအပတ်မှာ စတင်ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရပ်ကွက်နဲ့ ကျေးရွာ ကော်မရှင် အဖွဲ့တွေ ကို် သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

အကျဉ်းဦးစီးဝန်ထမ်းများအားဘင်္ဂါလီစကားသင်ကြား

ရန်ကုန် ၊ ဇန်နဝါရီ ၁၀။ ။စစ်တွေအကျဉ်းထောင်မှ ဘင်္ဂါလီအကျဉ်းသားများအား အုပ်ချုပ်ရာတွင်အထောက်အကူပြုစေရန် ဝန်ထမ််းများအား ဘင်္ဂါလီစကားသင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူး(၁)ဦးစိုင်းဒေါကပြောသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ယခုလ ၉ရက်နေ့မှစတင်၍ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်း ၂၀ ဦးအားစတင်၍ ဘင်္ဂါလီစကားစတင်သင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင်မှသိရသည်။ “ဘာသာစကားဆက်ဆံမှုအဆင်ပြေ ချောမွေ့စေဖို့ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်စေဖို့ အုပ်ချုပ်တဲ့အခါလည်းအထောက်အပံ့ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။ အကျဉ်းဝန်ထမ်းများအနေဖြင့် တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ်နံနက်(၉)နာရီမှ နေ့လည်(၁၁)နာရီထိ နှင့် ည(၇)နာရီမှ ည(၉)နာရီထိတစ်နေ့နှစ်ကြိမ်သင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင်မှ သိရသည်။ အဆိုပါဘာသာစကားသင်တန်းအား သတင်းပတ်(၁၂)ပတ်ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး ယခုသင်တန်းပြီးပါကလည်း

သာကေတတွင်တမန်တော်နေ့အခမ်းအနားမကျင်းပဖြစ်

ရန်ကုန် ၊ ဇန်နဝါရီ ၇ ။ ။ သာကေတမြို့နယ် နယူးလိုက်တာမင်္ဂလာခန်းမ၊ ဧင်္ဂမလမ်းမကြီးနှင့် အနော်မာလမ်းထိိပ် ၁/အနော်မာရပ်ကွက် တွင်ကျင်းပမည့် တမန်တော်နေ့အခမ်းအနား ကိုမျိုးချစ်ညွှန့်ပေါင်းအဖွဲ့၏ကန့်ကွက်မှုကြောင့် မကျင်းပဖြစ်သည်ကိုတွေ့ရသည်။ အဆ်ိုပါအခမ်းအနားကို ဘာသာရေးအမြတ်ထုတ်လုပ်ဆောင်နေသည်ဟုဆိုကာ အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကန့်ကွက်ခဲ့သလို အခမ်းအနားကျင်းလျှင်ကန့်ကွက်ရန်အတွက် အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့မှ လူဦးရေ ၁၀၀ ဝန်းကျင်ခန့် ဇန်နဝါရီ၆ရက်နေ့ ၃ နာရီခွဲ အချိန်မှစတင်၍ စုဝေးရောက်ရှိလာသည်။ ဘာသာပေါင်းစုံအမည်ခံကာ ဖိတ်ကြားထားခြင်းကြောင့် ဗုဒ္ဓဘာသာများလည်းတက်ရောက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၊ဘာသာပေါင်းစုံ အမည်ခံထားခြင်းကြောင့် တခြားဘာသာများနှင့်ဆိုင်သော်လည်း မွတ်ဆလင်များသာကျင်းပခြင်းဖြစ်ကြောင်းအမျိုးသားညွှန့်ပေါင်းအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးသုစိတ္တက

ဘာသာရေးအမြတ်ထုတ်မှုကိုခွင့်ပြုပေးပါက တုန့်ပြန်သွားမည်

ရန်ကုန် ၊ ဇန်နဝါရီ ၅ ။ ။ တမန်တော်နေ့အကြောင်းပြု၍ ဘာသာရေးအမြတ်ထုတ်လုပ်ဆောင်နေမှုများကို အချိန်နှင့် တပြေးညီတုန့်ပြန်ကန့်ကွက်သွားမည်ဟု အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ တင်ပြထားကြောင်း အမျိုးသားညွှန့်ပေါင်းအဖွဲ့ အဖွဲ့ဝင် ဦးဇင်းဘဘာဝနဒီက မိန့်ကြားသည်။ အစ္စလာမ်ဘာသာဝင်များက တမန်တော်နေ့ကို အကြောင်းပြု၍ ဇန်နဝါရီ ၆ ရက်နေ့တွင် နယူးလိုက်တာမင်္ဂလာခန်းမ၊

စံပြငါးစျေးမှအလုပ်သမားများ ဘောင်ချာငွေ ၈၀၀ ပေးဆောင်ခြင်းဖြင့် ပြေလည်မှုရ

ရန်ကုန် ၊ ဇန်နဝါရီ၂ ကြည့်မြင်တိုင် စံပြငါးစျေးမှ နေ့စဉ်အလုပ်သမားများဘောင်ချာငွေ ၈၀၀ ကျပ် ပေးဆောင်ခြင်းဖြင့် ပြေလည်မှုရရှိခဲ့ကြောင်း စံပြငါးစျေးမှ ငါးတောင်းထမ်းသည့်အလုပ်သမားများထံမှ သိရသည်။ စံပြငါးစျေးမှ အလုပ်သမားများသည် ယခင်က နေ့စဉ်ဘောင်ချာငွေ(၆၀၀)ကျပ် ပေးဆောင်နေရာမှ ယခုလ ၁ ရက်နေ့မှ စတင်၍ (၁၀၀၀)ကျပ်ပေးဆောင်ရန် ကြည့်မြင်တိုင်မြို့နယ် ပြည်တွင်းကုန်တင်ကုန်ချ ငါးတောင်းဌာနခွဲက သတ်မှတ်လိုက်သောကြောင့် ယမန်နေ့က အလုပ်သမားများ နှင့် ဝန်ထမ်းများအကြား ရုန်ရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ “သူတို့ကတော့ နိုင်ငံတော်ဘတ်ဂျက်လိုအပ်နေတယ်ပေါ့ အစစအရာရာ နိုင်ငံတော်ဘတ်ဂျက်လိုတာ ကျွန်တော်တို့ ပုခုံးပေါ်ကလာနှိုက်တယ်လေ။ ကျွန်တော်တို့ခံယူထားတာက ကျွန်တော်တို့ပုခုံးပေါ်ကနှိုက်လို့ ဘယ်လောက်ရမှာလဲ။ ကျွန်တော်တို့က ကိုယ်လုပ်ကိုယ်စား နိ်ုင်ငံတော်ရဲ့လစာစားနေတာမဟုတ်ဘူး နိုင်ငံတော်ကိုအခွန်ပေးသွင်းရတယ်” ဟု စံပြငါးစျေးအလုပ်သမားတစ်ဦးဖြစ်သူ ဦးရွှေအောင်ကပြောသည်။ စံပြငါးစျေးတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားဂိုဏ်းလေးဂိုဏ်းရှိပြီး ယနေ့တွင် ဂိုဏ်းနှစ်ဂိုဏ်းက ညှိုနှိုင်းနိုင်ခဲ့ကြောင်း

စည်းကမ်းဖောက်ဖျက်သည့် ပြည်ပ အလုပ်အကိုင် အေဂျင်စီများကို အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၂၈ ။ ။ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့အနေဖြင့် သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခဲ့သည့်အတွက် အေဂျင်စီ ၁၃ခုကို လိုင်စင်ရုတ်သိမ်းခဲ့ပြီး ၄ခုကို အရေးယူခြင်းများ ဆောင်ရွက်ထားသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက ပြောသည်။ “လိုင်စင်ရုတ်သိမ်းထားတဲ့ အေဂျင်စီကိုမရှင်းမှာစိုးလို့ အမှုကျုးလွန်တဲ့အပေါ်မူတည်ပြီးတော့မှ အခြေခံ သတ် မှတ်ချက်နဲ့ လိုင်စင် ရုတ်သိမ်းထားတယ်၊ ၁ နှစ်၊ ၂ နှစ် တစ်ချို့ဆို ငါးနှစ် ရှိတာပေါ့၊ အမှုစစ်နေတာ လောလော ဆယ်