မွန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏

နေအလင်းရောင်ခြည် အစပြုချိန် မြူနှင်းများ ပြိုကျနေသည်ကြားမှ နီရဲနေသော လူအုပ်ကြီးက သံစုံတီးဝိုင်းနှင့် ချီတက်လာပြီးဖြစ်သည်။ နေရာင်ခြည် ပွင့်လာသည်နှင့်အတူ ပြန်လွင့်နေသည့် ဟင်္သာအလံသည်လည်း ထင်ရှားလာပြီးဖြစ်သည်။ 4570

မွန်ပြည်နယ် လွှတ်တော်သို့ သမင်လည်ပြန်

မွန်ပြည်နယ်၏ ဥပဒေပြုအခွင့် အာဏာရရှိထားသော မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း စတင်ခဲ့သည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့က တစ်နှစ်တင်းတင်း ပြည့်မြောက် ခဲ့လေပြီ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် မွန်ပြည်နယ်လွှတ်တော်၏ ဒုတိယသက်တမ်းတွင် ရွေးကောက်ပွဲ၌ အဓိက အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီမှ နှစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာပါတီမှ တစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ တစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ် ရှစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦး ပါဝင်ခဲ့ကြသည်။ 4554

ရေတွင်းထဲက အဖွားအိုအလောင်းရဲ့ ပဟေဠိ

မော်လမြိုင်မြို့က အဘွားအိုတစ်ဦးသည် နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက ပျောက်ဆုံးသွားသဖြင့် တွေ့ရှိသူများက အကြောင်းကြားပေးရန် အဖွားအို၏ ဓာတ်ပုံနှင့် မိသားစုဝင်များ၏ ဖုန်းနံပါတ်များသည် လူမှုကွန်ရက် စာမျက်နှာတွင် အဖွာအိုပျောက်ဆုံးပြီး မကြာမီအချိန်အတွင်း ပျံနှံ့ခဲ့သည်။ 4082

လူငယ်တို့၏လားရာ

ကရင်ပြည်နယ်ရှိမြန်မာ့နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့နှင့် ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သော မဲဆောက်တို့ကိုပေါင်းကူးပေးထားသည့်မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားပေါ်တွင် မိန်းကလေးများ အပါအဝင် လူငယ် အများစုပါဝင်သည့် လူဦးရေ ၂၀ဝ ခန့် တူညီဝတ်စုံများဝတ်ကာ ထိုင်းနိုင်ငံဘက်သို့ စီတန်းလမ်းလျှောက် နေကြသည်။ အထုပ်အပိုးကိုယ်စီနှင့် မြန်မာပတ်စ်ပို့ အနီရောင် ကိုင်ဆောင်ထားသည့် ၄င်းတို့သည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်သွားလုပ်ရန် သွားရောက်ကြသူများဖြစ်သည်။ အများစုမှာကရင်နှင့် မွန် ပြည်နယ်အတွင်းရှိကျေးလက်ဒေသများတွင် နေထိုင်သည့် လူငယ်များဖြစ်သည်။ 3994

ချောင်းဆုံမြို့ခံတွေ ရွေးချယ်ရမည့် အသဲကြားက မဲတစ်ပြား

ဘိုးနက်ကျေးရွာရှိ လယ်သမားကြီး ဦးအောင်ငွေ၏ သက်ကယ်မိုး ယိုင်နဲ့နဲ့ တဲအတွင်း မစည်စဖူး အထူးစည်ကားနေသည်။ တဲအတွင်း ဦးအောင်ငွေ၏ မိသားစုနှင့် ရပ်ကျေးကော်မတီ အဖွဲ့ဝင်များ၊ ဆယ်အိမ်မှူးများစုရုံးကာ အပြန်အလှန် စကားပြောဆိုနေကြသည်။ စည်းကားနေသည့် အကြောင်းမှာ ၂ဝ၁၇ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ ကျင်းပမည့် မွန်ပြည်နယ်၏ တစ်ခုတည်းသော ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေး ကောက်ပွဲကြီးတွင် ပြည်သူများ မဲထည့်ပိုင်ခွင့် ရရှိရေးအတွက် ၎င်းတို့က မဲစာရင်းများ လာရောက်ကောက်ယူနေခြင်း ဖြစ်ကြောင်း ဦးအောင်ငွေက ပြောပြသည်။ 3961

အရပ်ကကူ လွှတ်တော်၊ အစိုးရကပါ ဝိုင်းရတဲ့ မီးလင်းရေး ကော်မီတီရဲ့ အရှူပ်တော်ပုံများ

ခေတ်သစ် ကမ္ဘာ၌ လျှပ်စစ်မီး တစ်နေ့ထက် တစ်နေ့ တိုးတက်လိအပ် လာနေသည်မှာ မြင်သာသည့် ပြသနာရပ် ဖြစ်လာပြီး လူတဦးချင်းစီမှ စ၍ နိုင်ငံ တနိုင်ငံ အဆုံးပင် လျှပ်စစ်မီး ရရှိအောင် ကြိုးပမ်း နေကြ ပေသည်။ 3828

ပျယ်လွင့်သွားသည့် “တတိယ” နိုင်ငံသို့ ခရီးသွားမည့် အိမ်မက်တစုံ

“ကျွန်တော့်ရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည် အဖော်နိုင် ခဲ့ပေမယ့်လည်း အတွေ့အကြုံတွေ ပညာတွေကို နို့ဖိုးကနေ အများကြီး ရခဲ့ပါတယ်” ဟု နို့ဖိုး ဒုက္ခသည် စခန်း၌ နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပထဆုံး အသုတ်နှင့် အဖြစ် ပြန်ခဲ့သည့် ဒုက္ခသည် ဖြစ်ကာ မွန်ပြည်နယ်၏ ပထမဆုံး အသုတ်တွင် ဝါဝင် ခဲ့သည့် တဦးတည်းသော ပြည်တော်ပြန် ဒုက္ခသည် ကိုမျိုးသိန်းက ဆိုသည်။ 3819

မိုးအကုန် ဆောင်းအကူး ဂရုပြုရမဲ့ ကျန်းမာရေး

နိုဝင်ဘာလသို့ ဝင်ရောက်သည်နှင့် ဆောင်းရာသီ၏ အငွေ့အသက်များက စတင်ရောက်ရှိ လာတော့မည် ဖြစ်သည်။ မိုးအကုန်နှင့် ဆောင်းအကူးကာလဖြစ်သောကြောင့် တစ်ခါတစ်ရံတွင် နေ့အပူချိန်က ပြင်းထန်နေစဉ်တွင် မိုးရွာချခြင်းမျိုးလည်းဖြစ်ပေါ်တတ်ပေသည်။ အချို့ညများတွင်လည်း အပူချိန်လျော့၍ အအေးဓာတ် လွန်ကဲလေ့ရှိရာ ယခုကဲ့သို့ ရာသီအကူးအပြောင်းကာလမှာ ကျန်းမာရေးအတွက် သတိထားသင့်ပေသည်။ ယင်းကြောင့် ယခုကာလတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါများနှင့် ပတ်သက်၍ စာဖတ်ပရိတ်သတ်များ ကြိုတင်ကာကွယ်နိုင်ရန် ကျန်မာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် သက်ဆိုင်ရာ အထွေထွေရောဂါကု ဆရာဝန်များက ပြောကြားသော နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။ 3687

စစ်ဘောင်ကျယ်သ၍ မူးယစ်ဆေး ပြဿနာ ထိန်းချုပ်မရနိုင်

“လူသားမျိုးနွယ် အညွန့်တုံးစေတာ မူးယစ်ဆေးဝါးပါ”ဟူသော ပညာပေးစာသားကို မြန်မာဗီဒီယို ဇာတ်ကား အတော်များများ ကြည့်ဖူးသူတိုင်း အလွတ်ရနေမည်ဖြစ်သည်။ 3604

တစ်ဘီလီယံတန် အမှိုက် ပုစ္ဆာ

မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်သည် ဧရိယာ ၈၄.၄၈မိုင် ကျယ်ဝန်း သော နယ်နိမိတ်အတွင်း ရပ်ကွက် ပေါင်း ၂၈ရက်ကွက်၊ ကျေးရွာ အုပ်စု ၁၃စု၊ ကျေးရွာပေါင်း ၃၂ရွာဖြင့် ဖွဲ့စည်းထားသည်။ လူဦးရေ သုံးသိန်းနီးပါး နေထိုင်သော မြို့တစ်မြို့ဖြစ်သည်။ လူဦးရေ အနည်းငယ် များပြားသည်ဟု ဆိုနိုင်သော မော်လမြိုင် မြို့သည်ကား မြန်မာ တစ်နိုင်ငံလုံးရှိ အခြား မြို့ကဲ့သို့ အမှိုက် ပြဿနာ ကြုံတွေ့နေရသည်။ ရုပ်ဆိုး အကျည်းတန်နေသည့် မြင်ကွင်းများကို သံလွင် မြစ်ကမ်းတစ်လျှောက် လျှောက်လှမ်း ကြည့် ရုံမျှ ကြွပ်ကြွပ်အိတ်ရောင်စုံနှင့် အခြား အမှိုက်များက ထင်ထင်ရှား ရှား မြင်နေရသည်။ အမှိုက် တင်မော်တော်ယာဉ်