“သူတို့(တရုတ်၊ “ဝ”တပ်ဖွဲ့)ဘက်က ပါဝင်ဖို့အဆင်သင့်ရှိပါတယ်”

         “သူတို့(တရုတ်၊ “ဝ”တပ်ဖွဲ့)ဘက်က ပါဝင်ဖို့အဆင်သင့်ရှိပါတယ်” ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များက အစိုးရနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း မကြာသေးမီရက်ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း မည်သည့်တွေ့ဆုံပွဲတွင်မဆို တရုတ်နိုင်ငံကိုအသိသက်သေအဖြစ်ထားရှိပြီး “ဝ” တပ်ဖွဲ့(UWSA) ပါဝင်မှုဖြင့်သာ တွေ့ဆုံသွားမည်ဟု ထည့်သွင်း ဖော်ပြထားသည်။ ယင်းကိစ္စ ရပ်များနှင့် ပတ်သက်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာညိုထွန်းအောင်အား ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ရပါသည်။ ဟင်္သာမီဒီယာ။ ။မည်သည့် တွေ့ဆုံဆွေးနွေးမှုကိုမဆို တရုတ် နဲ့ “ဝ” ပါမှတွေ့မယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်ရှိလို့ပါလဲ Dr.NTA။ ။ကျွန်တော်တို့ မြောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားပြီးတော့ UWSA က ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ထုတ်ပြန်ကြေညာထားတဲ့ ကြေညာချက်တစ်ခုရှိတယ်။ အဲ့ဒီကြေညာချက်ထဲမှာလည်း သူတို့အနေနဲ့

“အခက်အခဲတွေမှာဆို ကျွန်တော်တို့ဆီမှာ ရုံးမြေနေရာ မရှိဘူး။ မြေနေရာရှိရင် အဆောက်အဦ လှူမယ့်လူကတော့ အဆင်သင့်ရှိတယ်”

မြန်မာနိုင်ငံ အရေးပေါ် လူမှု ကယ်ဆယ်ရေးအသင်း (Mawlamyine Rescue) ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တွေ့ဆုံခြင်း ဟင်္သာ ။ ။ မြန်မာနိုင်ငံ အရေးပေါ် လူမှုကယ်ဆယ်ရေးအသင်း (Mawlamyine Rescue) ကို ဘယ်အချိန်လောက်တုန်းက စတင်တင်ထူထောင်ခဲ့တာလဲ။ ACO ။ ။ ဒီအသင်းကတော့ မြဝတီကနေ စဖွင့်တာပါ။ မြဝတီက ဥက္ကဋ္ဌ ဦးလှထွတ်းကနေ စတင်ခဲ့တာပါ။ သင်္ကြန်မတိုင်ခင် လူနာစကောက်တယ်။ ၂၀၁၅ ခုနှစ်လောက်ကပေါ့၊ ကားတစ်စီးနဲ့ပဲပေါ့။ အဲ့တုန်းက ရှိတဲ့လူနဲ့ပဲ အဓိကတော သင်္ကြန်မှာ

“မြစ်ဆုံကော်မရှင်အနေနဲ့ လူထုဆန္ဒနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာဘာမှ ထဲထဲဝင်ဝင် သိပ်မရှိဘူးပေါ့နော်”

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့်တွေ့ဆုံခြင်း ယခင်အစိုးရ လက်ထက်က ရပ်ဆိုင်းထားခဲ့သော ဧရာဝတီမြစ်ဆုံစီမံကိန်းကို ယခု အစိုးရလက်ထက်တွင် ပြန်လည်စတင်ရန် သင့်မသင့်အတွက် အစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းထားပြီးဖြစ်သည်။ အဆိုပါ ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် မြစ်ဆုံစီမံကိန်း ကန့်ကွက်ခြင်းလှုပ်ရှားမှု ဦးဆောင်သူ တစ်ဦးဖြစ်သည့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ သုံးသပ်ချက်များကို ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။ 4087

“မြန်မာဘာသာအခွေထွက်ပြီးဆိုရင် မွန်ပရိသတ်တွေ မမုန်းလိုက်ပါနဲ့လို့ ကျွန်တော်တောင်းဆိုချင်ပါတယ်”

ယခုအပတ် အနုပညာကဏ္ဍမှာကိုယ်ပိုင်တေးစီးရီးခွေ ထုတ်ဝေတော့မည် မွန်အမျိုးသားတေးသံရှင် အာဇာနဲရဲ့ အနုပညာလှုပ်ရှားမှု အခြေအနေတွေကိုဟင်္သာမီဒီယာရဲ့ စာဖတ်ပရိသက်တွေအတွက်မေးမြန်းထားသမျှ ပြန်လည်ဖော်ပြ ပေးလိုက်ပါသည်။ 3966

ဗိုလ်ချုပ်ကိုချစ်နေရုံနဲ့ မပြီးဘဲနဲ့ ဗိုလ်ချုပ်ကိုတစ်ကယ်ချစ်ရင် သူဖြစ်စေချင်တဲ့ တိုင်းပြည်မျိုးဖြစ်အောင် လူငယ်တွေ ကြိုးစားဖို့လိုတယ်ဆိုတဲ့ ဖိုးချစ်နှင့် တွေ့ဆုံမေးမြန်းခြင်း။

အနုပညာလောကထဲကိုလေးနှစ်သားကတည်းကစတင်ခဲ့တယ်၊ ဇာတ်အနေနဲ့တော့ ၁၇ နှစ်ရှိပြီးဆိုတဲ့ ကိုဖိုးချစ်ကလက်ရှိပြည်သူပရိသတ်တွေကို “ငါသည်အောင်ဆန်း” ပြဇာတ်နဲ့ ဖျော်ဖြေခဲ့ပြီးရင် မကြာခင် “ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်”ဆိုတဲ့ စင်တင်ပြဇာတ်ကြီးကိုထပ်မံတင်ဆက်သွားမည်ဖြစ်သည်။ 3835

‘ပေါင်းစည်းနိုင်သော စွမ်းအားရှိတဲ့ ခေါင်းဆောင်ပေါ့ ကျွန်တော်တို့ မွန်လူမျိုးတွေမှာ မရှိသေးဘူးလို့ ယူဆရမှာပဲ´

မွန်ပါတီများပေါင်းစည်းရေး၊ မွန်နိင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ Australia တွင် ရောက်ရှိနေသော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျကို ဟင်္သာမီဒီယာက ဆက်သွယ်မေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။ 3805

“မွန်ပြည်နယ် တရားဥပဒေစိုးမိုးရေးတည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် မွန်ပြည်နယ်မှာရှိတဲ့ လူမျိုးမရွေး ဘာသာမရွေးအားလုံးမှာတာဝန်ရှိတယ်”

ရခိုင်နယ်စပ်အကြမ်းဖက်မှုနှင့်ဆက်စပ်ပြီး အိမ်နီးချင်းနိုင်ငံမှဘင်္ဂါလီဟုယူဆရသည့် တရားမဝင်နေထိုင်သူများ မှာ မွန်၊ကရင်နယ်စပ်မှတစ်ဆင့် မလေးရှားကဲ့သို့သောနိုင်ငံများသို့ ပွဲစားများအကူအညီဖြင့် သွားရောက်ခြင်းများ ရှိခဲ့ပြီး မွန်ပြည်နယ်မှတစ်ဆင့် ဖြတ်သန်းသွားလာစဉ်ဖမ်းဆီးရမှူများဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့သော ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သဖြင့် မွန်ပြည်နယ်၏လုံခြုံရေးကို မည်သည့်ပုံစံမျိုးဖြင့် နေရာချထားဆောင်ရွက်မှုများ ပြုလုပ်ထား သည်ကို ပြည်သူများသိရှိစေရန်အတွက် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်းဦး အား တွေ့ဆုံမေးမြန်း၍ ဖော်ပြလိုက်ရပါသည်။ 3654

“မပြောဘဲနဲ့ ခိုးသုံးထားတယ်ဆိုရင်တော့ သိသွားတဲ့အခါမှာ သူခိုးလို့ပြောခံရမှာပဲ။”

လက်ရှိမြန်မာ့ရုပ်ရှင်လောက၏ အရည်အသွေးနိမ့်ကျလာသည့် အခြေအနေကို လူမှုကွန်ရက် Facebook တွင် သရော်သည့် မြန်မာပေါကား များရပ် Event လှုပ်ရှားမှုအပေါ် ရုပ်ရှင်သရုပ်ဆောင်တချို့က အကဲဆတ်ခဲ့ကြသည် ကိုတွေ့မြင်ရသည်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဒါရိုက်တာရီဇော်နှင့် တွေ့ဆုံမေးမြန်းထားသည် များထဲမှကောက်နုတ် ဖော်ပြအပ်ပါသည်။ 3551

“အခု ဥက္ကဋ္ဌ က နုတ်ထွက်မယ်ဆိုတော့ ကိုယ်က ကန့်လန့်ကန့်လန့်ဖြစ်နေတော့ ကိုယ်လည်း နုတ်ထွက်လိုက်တယ်”

လက်ရှိ အရပ်သားအစိုးရလက်ထက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူထားသူ နိုင်သက်လွင်သည် ၎င်း၏ မိခင်ပါတီဖြစ်သော မွန်အမျိုးသားပါတီထံမှ အပြီးတိုင်နုတ်ထွက်တော့ မည်ဖြစ်ကြောင်း ယင်းပါတီထံသို့ စာပေးပို့ထားသည်။ နိုင်သက်လွင်သည် ဝန်ကြီး တာဝန်မယူမီ အချိန်က မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ(၁) အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ယင်းသို့ ပါတီထိပ်ပိုင်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ပါတီမှ နုတ်ထွက်ရန် တောင်းဆိုလာမှု အပါအဝင် ပါတီတွင်း ပြဿနာ ရပ်များနှင့် ပတ်သက်ပြီး နိုင်သက်လွင် နှင့် ဟင်္သာမီဒီယာတို့ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။ 3507

“မွန်ပါတီအခြေအနေက စောစောက ပြီးပြီးသလိုပဲ အခြေအနေမကောင်းဘူး”

အသက် ၉၃ နှစ်အရွယ်ရှိ ဝါရင့်နိုင်ငံရေးသမားကြီး မွန်အမျိုးသားပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်းက ပါတီမှအနား ယူခွင့်ပေးရန် ရာသက်ပန်နှုတ်ထွက်လွှာတင်သွင်းခဲ့သည့်အကြောင်းအရာများနှင့် မွန်ပါတီများ၏ အနာဂတ်၊ မွန်လူမျိုးများ၏ နိုင်ငံရေးအခြေအနေနှင့် မြန်မာနိုင်ငံရေးအခြေအနေများကို ဟင်္သာမီဒီယာ တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 3424