ပိုင်ရှင်မဲ့လူနာနှင့် နွမ်းပါးသော လူနာများ၏ အခက်အခဲကို ကူညီဖြေရှင်းရန် ဆေးလူမှုဆက်ဆံရေးဌာန ထားရှိ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ရေးမြို့နယ်ကုတင် ၁ဝဝ ဆေးရုံ၌ ပိုင်ရှင်မဲ့လူနာ (Pick up) နှင့် ချို့တဲ့နွမ်းပါးသော လူနာများ၏ အခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ဆေးလူမှုဆက်ဆံရေးဌာန ထားရှိ၍ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း ရေးမြို့နယ်ကုတင် ၁ဝဝ ဆံ့ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး ဦးအောင်သိုက်က ပြောကြားသည်။ 4689

ကျိုက်ထီးရိုးဂေါပက အသစ်လက်ထက်တွင် လေးလအတွင်း အလှူခံငွေ ကျပ်သိန်းပေါင်း ၂၁၀ဝ၀ ကျော်ရရှိခဲ့

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ဂေါပကအသစ်လက်ထက်တွင် အောက်တိုဘာလမှ ဖေဖော်ဝါရီလ ၁၅ ရက်ထိ အလှူခံရရှိငွေသည် ငွေကျပ်သိန်းပေါင်း ၂၁၀ဝ၀ ကျော်ထိ ရရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 4687

UMG ကုမ္ပဏီအုပ်စုက အဆိုပြုထားသည့် စီမံကိန်းသုံးခုကို လူထုလက်ခံမှသာ သဘောတူမည်ဟုဆို

မော်လမြိုင်၊ ဇန်နဝါရီ ။ ။ မော်လမြိုင်၊ သံလွင်ဥယျာဉ်မှ ငန်းတေးရပ်ကွက်သို့ ပြောင်းလဲပြုလုပ်မည်ဟု အစိုးရထံ အဆိုပြုထားသော UMG ကုမ္ပဏီအုပ်စုက Waterboom (ရေလွှာလျှောစီးနှင့် ကစားကွင်း) စီမံကိန်း၊ မြို့ပြစီမံကိန်း (Smart City) နှင့် အဆင့်မြင့် အဝေးပြေးကားဝင်းများပါဝင်သည့် စီမံကိန်းလုပ်ငန်းများကို အဆိုပါ ရပ်ကွက်များမှ ပြည်သူများက လက်ခံမှသာ လွှတ်တော်က သဘောတူမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။ 4679

ကရင်ပြည်နယ်၏ အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၅၀ ရာခိုင်နှုန်းထိ တည်ဆောက်ပြီးစီး

မြဝတီ၊ ဖေဖော်ဝါရီ ၁၅ ။ ။ ကရင်ပြည်နယ်၏ အကြီးဆုံး ထိုင်တော်မူ ဘုရားတစ်ဆူဖြစ်သော မဟာမေတ္တာရှင် ဗုဒ္ဒရုပ်ပွားတော်အား မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ မွန်ကျောင်းတိုက်တွင် တည်ဆောက်လျက်ရှိရာ ၅၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မွန်ကျောင်းတိုက် ဆရာတော် ရာမညဘိက္ခု ဘဒ္ဒန ္တသောဘိတ မဟာထေရ်က မိန့်ကြားသည်။ 4670

သံလွင်တံတား (ချောင်းဆုံ) ကို ဒေါ်အောင်ဆန်းစုကြည့် လာရောက်ဖွင့်လှစ်မည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ တံတားအမည် ပြောင်းလဲရန် ရှိနေသည့် မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်ခင်ထွေးမြင့်က ပြောကြားသည်။ 4667

လေးသွန်းခံရွာတွင် ထားရှိမည့် ဗိုလ်မှူးကြီးဗထူး ရုပ်တုအား “ကြေး” သွန်းလောင်းမည်

ထားဝယ်၊ ဖေဖော်ဝါရီ ။ ။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗိုလ်မှူးကြီးဗထူး ရာပြည့်မော်ကွန်း ဥယျာဉ်တွင် ထားရှိမည့် ဗိုလ်မှူးကြီးဗထူးရုပ်တုအား ဖေဖော်ဝါရီလအတွင်း ကြေးသွန်းလောင်းမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးဗထူး ရာပြည့်မော်ကွန်းဥယျာဉ် တည်ဆောက်ရေးကော်မတီ နာယက ဦးထွန်းကြည်က ပြောကြားသည်။ 4660

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဓနိဖက်များ အသုံးနည်းလာ၍ ဓနိဖက်လုပ်ငန်း အဆင်မပြေ

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဓနိဖက်များအသုံးနည်းလာသည့်အပြင် ပြင်ပဒေသများသို့ ပို့ဆောင်ရာတွင်လည်း တစ်နှစ်ထက်တစ်နှစ် ဝယ်လိုအား နည်းလာခြင်းကြောင့် ဓနိဖက်ခြံလုပ်ငန်းရှင်များ လုပ်ငန်းအဆင်မပြေမှုများ ဖြစ်လာကြောင်း ဒေသခံ ဓနိဖက်လုပ်ငန်းရှင်များက ပြောကြားသည်။ 4657

ဇေယျာသီရိရပ်ကွက်တွင် ကပြဖျော်ဖြေသောဇာတ်ပွဲကို သွားရောက်ခဲ့သည့် လူငယ်သုံးဦး လူအုပ်စုတစ်စုက ဝိုင်းဝန်းရိုက်နှက်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆ ။ ။ မော်လမြိုင်မြို့၊ ဇေယျသီရိရပ်ကွက်၊ ဇေယျာ (၂)၊ လောကမာရဇိန်ငွေဘုံသာ ဘုရားဝင်းတွင် ဖေဖော်ဝါရီ ၁၅ ရက် ညက ကပြသည့် (မင်းနိုင်စိုး၊ အောင်နိုင်စိုး) ဇာတ်ပွဲကို သွားခဲ့ကြသည့် လူငယ်သုံးဦးကို လူအုပ်စုတစ်စုက ရိုက်နှက်ခဲ့ကြကြောင်း အရိုက်ခံရသူ ကိုဝင်းနိုင်ဦးက ဟင်္သာမီဒီယာကို ပြောကြားသည်။ 4654

၂၁ ပင်လုံညီလာခံ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ပြုလုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ ဒုတိယအကြိမ်မြောက်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပြုလုပ်ရန် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ သဘောတူညီထားကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။ 4652

မော်လမြိုင်လေဆိပ်နှင့် ကော့သောင်းလေဆိပ်ကို အဆင့်မြှင့်တင်ရန် ကုမ္ပဏီနှစ်ခုနှင့် လုပ်ငန်းရှင်တစ်ဦး MoU လက်မှတ်ရေးထိုး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ မွန်ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုလွယ်ကူလာစေရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မွန်ပြည်နယ်ရှိ မော်လမြိုင်လေဆိပ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ကော့သောင်းလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီနှစ်ခုနှင့် ထိုင်းနိုင်ငံလုပ်ငန်းရှင်တစ်ဦးတို့သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ Royal Thai Embassy Office of Commercial Affairs ရုံးတွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ 4649