ငှက်ဖျားတက်နေသောဖခင်အားဖိထားပေးခဲ့သည့် သမီးငယ် အဓမ္မပြုကျင့်ခံရ

ကျိုက်မရောမြို့၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု၊ ကရင်တောကျေးရွာတွင်နိုဝင်ဘာ၁၄ရက်နေ့က ငှက်ဖျားတက်နေသောဖခင်ဖြစ်သူအား ဖိထားပေးခဲ့သည့် ၈ တန်းကျောင်းသူအရွယ် သမီးငယ်ကို ဖခင်ဖြစ်သူအဓမ္မပြုခဲ့သည်ဟု ကျိုက်မရောမြို့မရဲစခန်းတွင်မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းခဲ့ကြောင်း အဆိုပါရဲစခန်းမှ အရာရှိတစ်ဦးက ဟင်္သာမီဒီယာသို့ပြောကြားသည်။ 4042

ပြည်နယ်အစိုးရတာဝန်ယူပေးပါကMCL ကျောက်မီးသွေးလျှပ်စစ်ကိုအခြားလျှပ်စစ်ဖြင့် အသုံးပြုနိုင်ရန် ရင်းနှီးမြှုပ်နှံမည်ဟုဆို

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ MCL ဘိလပ်မြေစက်ရုံလည်ပတ်မှုတွင် ကျောက်မီးသွေးလောင်စာဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနေရခြင်းအားHFO သို့မဟုတ် ဒီဇယ်နှင့် Gas Duel စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချမှုအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူပေးပါကလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းရန်ကုန်အခြေစိုက် Royal Asia Master Development ကုမ္ပဏီမှ ကိုယ်စားလှယ် ဦးကျော်နိုင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3763

မှတ်ပုံမတင်ထားသော အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ် ၄၀ဝ ကျော်စစ်ဆေးတွေ့ရှိဟုဆို

မော်လမြိုင်၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တွင် သြဂုတ်လ တစ်လအတွင်း မှတ်ပုံမတင်ထားသော အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ် ၄၀ဝ ကျော် စစ်ဆေးတွေ့ရှိကြောင်း မွန်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယ.ထ.က) ထံမှ သိရသည်။ 3666

မူးယစ်ဆေးဝါးစွဲသူများကုသရေးနှင့် ပြန်လည် ထူထောင်ရေးဆေးရုံ၊ကျိုက်မရောမြို့တွင် တည်ဆောက်မည်

မူးယစ်ဆေးဝါးစွဲသူများအလွယ်တကူဆေးဖြတ်နိုင်ရန် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးဆေးရုံကို ၂၀၁၇ ခုနှစ်အတွင်းကျိုက်မရောမြို့နယ်၌တည်ဆောက်သွားမည်ဖြစ်ကြောင်းမွန်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးနေဝင်းကဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3673

MCL ကုမ္ပဏီမှ လှူဒါန်းသည့် ဘိလပ်မြေအိတ်များ အစိုးရလက်ခံသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်

မော်လမြိုင်၊ အောက်တိုဘာ ။ ။ ကျိုက်က်မရောမြို့နယ်တွင် ကျောက်မီးသွေးသုံး လည်ပတ်နေသည့် MCL ဘိလပ်မြေ စက်ရုံမှ ဘိလပ်မြေ အိတ် ၂၀ဝ၀ ကျော် လှူဒါန်းမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လက်ခံခြင်းအပေါ် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အပါ အဝင် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန် ပြောဆိုလိုက်သည်။ 3650

MCLစက်ရုံလည်ပတ်နိုင်ရေး လျှပ်စစ်ထုတ်လုပ်ရန် ပြည်ပမှကျောက်မီးသွေးတန်ချိန် တစ်သိန်းကျော်တင်သွင်းထားဟုဆို

မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာရှိMCLဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှကျောက်မီးသွေးတန်ချိန် တစ်သိန်းကျော်ကိုသင်္ဘောများဖြင့် တင်သွင်းထားကြောင်းမွန်ပြည်နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အရာရှိဦးခင်မောင်ဝင်းကဟင်္သာမီဒီယာသို့ ပြောသည်။ 3501

MCL ဘိလပ်မြေစက်ရုံတွင် တရားမဝင် နိုင်ငံခြားသားများရှိ၍ စက်ရုံတာဝန်ရှိသူ ခြောက်ဦးကို တရားစွဲဆိုထား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကဒုံစိကျေးရွာရှိ MCL ဘိလပ်မြေစက်ရုံအတွင်း တရားမဝင်နေထိုင်သော နိုင်ငံခြားသားများကို စစ်ဆေးတွေ့ရှိခြင်းကြောင့် စက်ရုံတာဝန်ရှိသူ မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား ခြောက်ဦးကို တရားစွဲထားကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်းကြီး ဗိုလ်မှူးကြီး ဝင်းနိုင်းဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3232

ကျိုက်မရော ပညာရေးဝန်ထမ်း များအတွက် အိမ်ရာဆောက်လုပ်ပေးရန် ဦးစားပေးအဆင့် သတ်မှတ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေး ဝန်ထမ်းများအတွက် အိမ်ရာများ ဆောက်လုပ်ပေးမည့် ကိစ္စရပ်ကို ဦးစားပေး အဆင့် သတ်မှတ်ပြီးနောက် ဆောက်ရွက်ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ပြောကြားသည်။ 2726

MCLဘိလပ်မြေစက်ရုံကလုပ်ငန်းစရိတ်မပေးသဖြင့် ကုမ္ပဏီများလွှတ်တော်သို့တိုင်ကြား

မွန်ပြည်နယ်၊MCLဘိလပ်မြေစက်ရုံစီမံကိန်းအတွက်လိုအပ်သောတူးမြောင်းဖောက်လုပ်ခြင်း၊ ဆိပ်ကမ်းတည်ဆောက်ခြင်း စက်ရုံဧရိယာအတွင်းမြေသယ်ဖို့ခြင်းလမ်းဖောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့သည့်ကုမ္ပဏီများအားလုပ်ငန်းစရိတ်မပေးသဖြင့် လွှတ်တော်သို့လာရောက်တိုင်ကြားခဲ့ကြောင်းမွန်ပြည် နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကဟင်္သာမီဒီယာသို့ပြောကြားသည်။ 2124

MCL စက်ရုံအတွက် လျှပ်စစ်ထုတ်လုပ်ရန် ကျောက်မီးသွေးတန်ချိန် သုံးသောင်းကျော် တင်သွင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာရှိ MCL ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ထုတ်လုပ်ရန် ကျောက်မီးသွေးတန်ချိန် သုံးသောင်းကျော်ကို ဇူလိုင်လ ၁၉ရက်နေ့က သံလွင်မြစ်အတွင်း သင်္ဘောများဖြင့် စတင်တင်သွင်းလျက်ရှိကြောင်း မွန်ပြည်နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အရာရှိ ဦးခင်မောင်ဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။ 1911