ကျိုက်ထီးရိုးစေတီတော်သို့ ကမ္ဘာလှည့်ခရီးသွားများလာရောက်မှုမှ ဇုန်ဝင်ကြေးကျပ် သိန်း ၆၀ဝ၀ ကျော်ရရှိထား

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ ကျိုက်ထိုမြို့နယ်ရှိရှေးဟောင်းယဉ်ကျေးမှုဇုန်တစ်ခုဖြစ်သောဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုမှ ဇုန်ဝင်ကြေးအဖြစ် ငွေကျပ် ၆၂၈၉ သိန်းကျော် ရရှိထားပြီးဖြစ်ကြောင်းမွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ နိုင်ငံခြားသားဝင်ရောက်မှု ကောက်ခံရေးရုံးမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 4144

ကျိုက်ထို-ကင်မွန်းစခန်းလမ်းကိုလေးလမ်းသွားအဖြစ် ဖောက်လုပ်မှုစတင်

မော်လမြိုင်၊နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိဆံတော်ရှင် ကျိုက်ထီးရိုးစေတီသို့သွားရောက်ရာ ကျိုက်ထို-ကင်မွန်းစခန်းနှစ်လမ်းသွားယာဉ်လမ်းကို လေးလမ်းသွားယာဉ်လမ်းအဖြစ် တိုးချဲ့နေခြင်းအားစတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ 4057

ယခုနှစ်ကျိုက်ထီးရိုးအလှူခံပုံးများတစ်လအတွင်းကျပ်သိန်း ၂၀ဝကျော် ရရှိ

မော်လမြိုင်၊ အောက်တိုဘာ ။ ။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိအလှူခံပုံးများတွင် ဘုရားဖူးလာရောက်သူများ လှူဒါန်းသွားသောအလှူ ငွေ တစ်လအတွင်း(ယခုနှစ်တောင်ဖွင့်ချိန်မှစသည်) ကျပ်သိန်း၂၀ဝကျော် ရရှိထားကြောင်းကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 3616

ကင်ပွန်းစခန်းယာဉ်ဝင်ခွင့် ကောက်ခံမှုလုပ်ငန်းကိုဂေါပကတိုက်ရိုက် ကြီးကြပ်၍ ယာဉ်ဝင်ကြေးဈေးနှုန်းများလျှော့ချမည်

မော်လမြိုင် ၊ အောက်တိုဘာ ။ ။ ယခင်ကကျိုက်ထီးရိုးတောင်ခြေကင်ပွန်းစခန်းယာဉ်ဝင်ခွင့် လုပ်ငန်းကိုလုပ်ငန်းရှင် တစ်ဦးထံလေလံ ဆွဲကောက်ခံခွင့် ပြုခဲ့သော်လည်းယခုအချိန်တွင် ဂေါပကအဖွဲ့အသစ်ကတိုက်ရိုက်ကြီးကြပ်၍ ယာဉ်ဝင်ကြေးများကိုလျှော့ချကောက်ခံမည် ဖြစ်ကြောင်းကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးစိန်မြင့်က ဟင်္သာမီဒီယာသို့ပြောကြားသည်။ 3496

ကျိုက်ထိုတွင် ကျွဲကောသီးစိုက်ပျိုးရေးဇုန် ပြုလုပ်မည်

မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်အဓိက ထွက်ကုန်ပစ္စည်းတစ်ခုဖြစ်သော ကျွဲကောသီးများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချ နိုင်ရေး အတွက် ကျိုက်ထိုမြို့နယ်တွင် ကျွဲကောသီး အထူးစိုက်ပျိုးရေးဇုန် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမံစိုက်ပျိုး တင်ပို့ ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3356

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးဆိုင်ခန်း စည်းကမ်းချက်များကို စနစ်တကျ သတ်မှတ်မည်

ကျိုက်ထီးရိုးတောင်ပေါ်ရှိဝန်ဆောင်မှုလုပ်ငန်းများကိုဘုရားဖူးခရီးသည်များကဝေဖန်နေကြသည့်အတွက် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ဈေးဆိုင်ခန်းများ၏ စည်းမျဉ်းစည်းကမ်းများကိုစနစ်တကျ သတ်မှတ် မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်များကပြောကြားသည်။ 3109

ဝါးဒတ်ကွင်း ကျူးကျော်တဲအိမ်များ မီးရှို့ဖျက်ဆီးမှုတွင် KNU/KNLA(PC) အဖွဲ့မှ ပါဝင်မှုမရှိဟုဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ ဝါးဒတ်ကွင်းကျူးကျော်တဲအိမ်များကို မီးရှို့ဖျက်ဆီးမှုများနှင့် ပတ်သက်၍ KNU/KNLA (PC) အဖွဲ့မှ ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း ဝါးဒတ်ကွင်းကျေးရွာတွင် စက်တင်ဘာ ၂၁ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ KNU/KNLA(PC) မှ မွန်ပြည်နယ်တာဝန်ခံ ဗိုလ်မှူးစောငွေကြည်က ပြောကြားသည်။ 2948

ကျိုက်ထီးရိုးတောင်ခြေတွင် ဟိုတယ်ဇုန် ဆောက်လုပ်မည်

မွန်ပြည်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် တောင်ခြေ ကင်မွန်းစခန်းကျေးရွာ အနီးတွင် ဟိုတယ် ဇုန် တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကဆိုသည်။ 2782

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးဟိုတယ် ပိတ်၍ အလှူခံ ကန်ထရိုက်စနစ်များ ဖျက်သိမ်းမည်

ကျိုက်ထီးရိုးတောင် ပေါ်တွင် သတ်မှတ်အမြင့်ပေ ၃၀ ထက် ကျော်လွန်ဆောက်လုပ်ထားသော ရိုးရိုး လေး ဟိုတယ်အပါအဝင် အခြား ဟိုတယ် များ ကိုပိတ်ပင်၍ အလှူခံများ ကန်ထရိုက်ပေးခြင်း စနစ်များကို ဖျက်သိမ်း မည်ဖြစ်ကြောင်း ပြည်ထောင်စု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှု ဦးအောင်ဆန်း ဝင်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 2625

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များအမိုးအကာတပ်၍ စတင်ပြေးဆွဲ

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များတွင် အမိုးအကာများတပ်ဆင်ပြေးဆွဲရန် မွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက် ရရှိထားကြောင်း တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးဝိတင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။ 2554