ချောင်းနှစ်ခွ ရဲစခန်းမှူးကိုရဲတပ်သားတစ်ဦးကဓားမြှောင်ဖြင့်ထိုး

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲစခန်းမှူးရဲအုပ် အေးမင်းငြိမ်းကိုနိုဝင်ဘာ ၂၀ ရက်နေ့ကယင်းရဲစခန်းမှ ရဲတပ်သားထက်မြတ်ဝင်းကဓားမြှောင်ဖြင့် ထိုးခဲ့၍ စခန်းမှူး ဒဏ်ရာရရှိခဲ့ကြောင်းကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်းကပြောကြားသည်။ 4187

စပါးဈေးနှုန်းများ ကျဆင်းနေသော်လည်း လုပ်သားခဈေးမြင့်နေ၍ လယ်သမားများ အရှုံးပေါ်နိုင်

ချောင်းဆုံ၊ နိုဝင်ဘာ ။ ။ ယခုနှစ်အတွင်း စပါးဈေးနှုန်းများ ကျဆင်းနေသော်လည်း ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရိတ်သိမ်းစရိတ်နှင့် လုပ်သားခ ဈေးနှုန်းများမှာ ယခင်နှစ်များထက် မြင့်တတ်နေခြင်းကြောင့် လယ်သမားများအတွက် အရှုံးများပေါ်လာနိုင်ကြောင်း ချောင်းဆုံမြို့နယ်ရှိ လယ်သမားများထံမှ သိရသည်။ 3912

ဇာတ်ပွဲကပြရန် ခွင့်ပြုမိန့် ရယူရာတွင် တရားဝင်သတ်မှတ်ထားသည့် အခကြေးငွေမှလွဲ၍ ပေးရန် မလိုဟုဆို

ချောင်းဆုံ၊ အောက်တိုဘာ ။ ။ ချောင်းဆုံမြို့နယ်တွင် ဇာတ်ပွဲကပြရန် ခွင့်ပြုမိန့်ရယူရာ၌ နိုင်ငံတော်မှတရားဝင်သတ်မှတ်ချက် အခကြေးငွေများမှလွဲ၍ ယခင်ကပေးဆောင်နေခဲ့ရသည့် တရားမဝင်သောအခြားပေးဆောင်ရန် ကိစ္စများကိုပေးရန်မလိုတော့ကြောင်း ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ 3681

သတ်မှတ်ချက်ထက်ဝန်ပိုတင်ဆောင် သည့် ရေယာဉ်များကိုအရေးယူမည်ဟုဆို

မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ် မော်လမြိုင်မှ ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်သို့ ပြေးဆွဲလျက်ရှိသည့် ရေယာဉ်များ၊ စက်လှေ၊ပဲ့ချိတ်နှင့် သမ္ဗန်များ က သတ်မှတ်ချက်ထက်ဝန်ပိုတင်ဆောင်ပါကဥပဒေအရအရေးယူမည်ဖြစ်ကြောင်းမွန်ပြည်နယ်ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးစိုးလွင်ကဟင်္သာမီဒီယာသို့ပြောကြားခဲ့သည်။ 3621

ချောင်းဆုံမြို့နယ်အတွင်းယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဖမ်းဆီးအရေးယူနေမှုကိုဒေသခံများအမြင်မရှင်း

ချောင်းဆုံမြို့နယ်အတွင်းရှိကျေးရွာများတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူလျက်ရှိရာယင်းအဖွဲ့၏ဖမ်းဆီးအရေးယူနေမှုဒ ဏ်ငွေသတ်မှတ်ပေးဆောင်နေရမှု အပေါ်ဒေသခံများအမြင်မရှင်းဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ 3256

ဝန်ထမ်းများကိုလှေစီးခလျော့ယူရေးအတွက် ကတ်ထုတ်ပေးမည်

Fallback Image

ချောင်းဆုံမြို့နယ်စည်ပင်သာယာရေး လက်အောက်ရှိကူးတို့လှေဆိပ်များမှ ဝန်ထမ်းများသွားလာရာတွင်အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးတို့အတွက် ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကူးတို့လှေစီးနင်းခလျော့ယူမည့်ကတ်များထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှသိရသည်။ 2607

ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်းနွားဈေးနှုန်းများကျဆင်း

ဘီလူးကျွန်းတွင်မွေးမြူထားသော နွားများကို ပြည်ပသို့ ရောင်းချမှုများလျော့နည်းသွားသောကြောင့် ယခုနှစ်အတွင်းနွားဈေးနူန်းများ ကျဆင်းလျက်ရှိကြောင်း အဆိုပါ ဒေသခံများက ဟင်္သာမီဒီယာသို့ပြောကြားသည်။ 2262

ဘီလူးကျွန်းကျွန်းပတ်လမ်းကို ၃၆ ပေအထိတိုးချဲ့မည်

ဘီလူးကျွန်းတွင် ကျွန်းပတ်လမ်းများကို ရေမြောင်းအပါအဝင် ၃၆ ပေပြည့်မီအောင်တိုးချဲ့သွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာန မှသိရသည်။ 2161

ချောင်းဆုံကန်တော်ကြီးတွင်ငါးကောင်ရေ ၄၀ဝ၀ဝ ကျော်ထည့်သွင်းမွေးမြူမည်

ငါးသယံဇာတပေါကြွယ်ဝရေး၊ဒေသအတွင်းငါးစားသုံးမှုဖူလုံရေးအတွက် ချောင်းဆုံမြို့ကန်တော်ကြီးတွင်ရွေဝါငါးကြင်းနှင့်ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၄၀ဝ၀ဝ ကျော်ထည့်သွင်းမွေးမြူသွားမည်ဖြစ်ကြောင်းချောင်းဆုံမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။ 2146

သံလွင်မြစ်ကျော် လျှပ်စစ်ဓါတ်အားလိုင်းစီမံကိန်းကြောင့်နစ်နာသွားသည့်လယ်မြေများကိုလျော်ကြေးပေးရန်ပြည်ထောင်စုအစိုးရထံတင်ပြ

မော်လမြိုင်မှ ဘီလူးကျွန်းဒေသသို့ သွယ်တန်းသောသံလွင်မြစ်ကျော် လျှပ်စစ်ဓါတ်အားလိုင်းတည်ဆောက်မှုကြောင့် နစ်နာသွားသည့် လယ်မြေများအတွက် လျော်ကြေးများပြန်လည်ပေးအပ်ရန် ပြည်ထောင်စုဝန်ကြီးထံတင်ပြ တောင်းဆိုထားကြောင်းမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဟင်္သာမီဒီယာသို့ပြောကြားသည်။ 2086