မှတ်ပုံမတင်ထားသော အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ် ၄၀ဝ ကျော်စစ်ဆေးတွေ့ရှိဟုဆို

မော်လမြိုင်၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တွင် သြဂုတ်လ တစ်လအတွင်း မှတ်ပုံမတင်ထားသော အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ် ၄၀ဝ ကျော် စစ်ဆေးတွေ့ရှိကြောင်း မွန်ပြည်နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယ.ထ.က) ထံမှ သိရသည်။ 3666

Long Life ကျောက်မိုင်းကုမ္ပဏီ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရ အချက် ၄ ချက် ညွှန်ကြား

မော်လမြိုင်၊ အောက်တိုဘာ ။ ။ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရှိ Long Life Aggregate Mining Co,Ltd ကျောက်မိုင်းကုမ္ပဏီ လုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က အချက်လေးချက် ညွှန်ကြားထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။ 3626

အလှပ်ကျေးရွာအရှေ့ဘက်ကမ်းပါးပြိုကျခြင်းကိုယာယီတားဆီးနိုင်ရေးအစိုးရက သိန်း၁၂၀ခန့် သုံးစွဲမည်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအရှေ့ခြမ်းရေတိုက်စား၍ ကမ်းပြိုမှုများဖြစ်ပေါ်နေခြင်းကိုယာယီတားဆီး နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးအရအဖွဲ့မှ ကျပ်သိန်း ၁၂၀ခန့်သုံးစွဲမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးထွန်းဌေးကဟင်္သာမီဒီယာသို့ ပြောသည်။ 2247

အလှပ်ရွာအရှေ့ခြမ်းသို့ ပင်လယ်ရေဝင်ရောက်မှု ကာကွယ်ရန် ကိုယ်ထူကိုယ်ထကျောက်သားတမံများပြုလုပ်

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိအလှပ်ကျေးရွာအရှေ့ခြမ်းသို့ ပင်လယ်ရေများစီးဝင်လာသောကြောင့် ရွာရှိနေအိမ်များရေနစ်မြုပ်မှုမရှိစေရန် ဒေသခံများစုပေါင်းပြီးကိုယ်ထူကိုယ်ထကျောက်သားတမံများပြုလုပ်၍ ကာဆီးလျက်ရှိကြောင်း ရွာခံ ဦးဝင်းချစ်က ဟင်္သာမီဒီယာသို့ပြောသည်။ 2143

သက်တမ်းတိုးထားခြင်းမရှိဘဲကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီများကိုစစ်ဆေးအရေးယူမည်

ပေါင်မြို့နယ်၊ ကုလားမတောင်ကြိုးဝိုင်းအတွင်းသက်တမ်းမတိုးဘဲကျောက်ထုတ်လုပ်နေသောကုမ္ပဏီများကိုအရေးယူရန်ပြင်ဆင် လျက်ရှိကြောင်းမော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်အောင်က ဟင်္သာမီဒီယာသို့ပြောကြားသည်။ 2009

ဇင်းကျိုက်ရေတံခွန်တွင် အရက်သောက်ခွင့် ပိတ်ပင်ပေးရန် အစိုးရအဖွဲ့ထံတင်ပြမည်

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိဇင်းကျိုက်ရေတံခွန်တွင် အရက်သေစာသောက်စားခွင့် ပိတ်ပင်ပေးရန် အစိုးရအဖွဲ့ထံတင်ပြမည် ဖြစ်ကြောင်းဇင်းကျိုက်ရေတံခွန်သန့်ရှင်းသာယာလှပရေးကော်မတီအဖွဲ့ဝင်များကပြောကြားသည်။ နှစ်စဉ် မိုးရာသီတိုင်းအပန်းဖြေသူအများအပြားလာရောက်လေ့ရှိသောဇင်းကျိုက် ရေတံခွန် တွင် အရက် သောက်သုံးပြီးရေကစားအပန်းဖြေမှုများရှိခြင်းကြောင့် သေဆုံးမှုများရှိကြောင်းအဆိုပါ ကော်မတီဝင်များကဆိုသည်။ ထို့ကြောင့် ဇင်းကျိုက်ရေတံခွန် ကိုအရက်ကင်းရှင်းရေးဇုန်ဖြစ်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ထံတင်ပြကာပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အရက်ကင်းရှင်းဇုန်ဖြစ်ရေးအတွက် ကော်မတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြို့နယ် သက်ဆိုင်ရာဌာနများနှင့် တောင်းဆိုညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဇင်းကျိုက်ရေတံခွန် သန့်ရှင်းသာယာလှပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်ကပြောသည်။ “ဒီရေတံခွန်ကိုလာတဲ့ ၇၅ ရာခိုင်နှုန်းလောက် အပန်းဖြေဖို့ အရက်နဲ့ တွဲပြီးလာကြတယ်၊ ဒါကြောင့် အရက်မူးမူးနဲ့ မသွားသင့်တဲ့ နေရာသွားပြီးလူသေမှုတွေ ဖြစ်လာတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိအချိန်တွင် ဇင်းကျိုက်ရေတံခွန် တွင် အရက်သေစာသောက်စားမှုများနှင့် ရေတံခွန်အနီးတွင်လည်းအရက်ရောင်းချမှုများလည်းရှိနေကြောင်းဒေသခံများကပြောကြားသည်။ အဆိုပါ ရေတံခွန်အားအရက်ကင်းမဲ့ဇုန်ဖြစ်ရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများရှိပြီးပညာပေးလုပ်ငန်းများကိုလည်းတတ်နိုင်သလောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဦးထွန်းထွန်းနိုင်ကပြောကြားသည်။ လက်ရှိတွင် ဇင်းကျိုက်ရေတံခွန်ကိုလာရောက်အပန်းဖြေကြသည့် ဧည်သည်များဘေးအန္တရာယ်ကင်းရေးအတွက် အန္တရာယ်ရှိသည့်

ဘန်ကောက်တွင် အလုပ်ရှာပေးမည် ဟုပြောဆိုခေါ်ဆောင်သွား ပြီးအမျိုးသမီးနှစ်ဦးကိုအဓမ္မပြုကျင့်

ဘန်ကောက်တွင် အလုပ်ရရှိရန် ရှာဖွေပေးမည် ဟုထိုင်း - မြန်မာနယ်စပ်သို့ခေါ်ဆောင်သွားပြီးအဓမ္မပြုကျင့်ခဲ့သူများကိုအရေးယူထားကြောင်းပေါင်မြို့နယ်မြို့မရဲစခန်းမှရဲအုပ်အောင်ကျော်မိုးက ဟင်္သာမီဒီယာသို့ပြောကြားသည်။ 1511

ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်း လေလံအောင်ကြေးများ ယခင်နှစ်ထက်မြင့်တက်

မော်လမြိုင်၊ဇွန် ၂ ။ ။ မွန်ပြည်နယ်၊ဇင်းကျိုက်မြို့ရှိ ကျောက်သင်္ဘောရေတံခွန်အပန်းဖြေစခန်း၏ ယာဉ်ရပ်နားခွင့်၊ဘောကွင်း၊နှင့် ပျံကျ ဈေးသည်ဈေးကောက်လိုင်စင်များကို ယခုနှစ်အတွက် လေလံဆွဲရာတွင် လေလံကြေးများ ယခင်နှစ်ထက် ပိုမိုရရှိခဲ့ကြောင်း ပေါင်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 1360

မွန်ပြည်နယ်၏ ပထမဆုံးသရဲအိမ်ကစားကွင်း မုတ္တမတွင် ဖွင့်မည်

မော်လမြိုင်၊ မတ် ရ ။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ၊ မေတ္တာမွန်လမ်း(ဘူတာဟောင်းလမ်း)တွင် ရှိသော Family World ကလေးကစားကွင်းတွင် မွန်ပြည်နယ်၏ ပထမဆုံး သရဲခြောက်သောအိမ်ကစားကွင်းကို မေလ ၂၃ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း 792

မုတ္တမတွင် လူငယ်နှင့် အနာဂတ်စာပေဟောပြောပွဲ ပြုလုပ်မည်

မော်လမြိုင်၊ မတ်လ ၃ ။ ။ ပေါင်မြို့နယ်၊ မုတ္တမ မြို့တွင် လူငယ်နှင့် အနာဂတ်စာပေဟောပြောပွဲကို အ.ထ.က မုတ္တမကျောင်းရှေ့ မြက်ခင်းပြင်တွင် မတ်လ ၂၀ ရက်မှ ၂၂ရက် နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မုတ္တမမြို့လူငယ်နှင့် အနာဂတ်စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်က ပြောသည်။ 795