အကျဉ်းဦးစီးဝန်ထမ်းများအားဘင်္ဂါလီစကားသင်ကြား

ရန်ကုန် ၊ ဇန်နဝါရီ ၁၀။ ။စစ်တွေအကျဉ်းထောင်မှ ဘင်္ဂါလီအကျဉ်းသားများအား အုပ်ချုပ်ရာတွင်အထောက်အကူပြုစေရန် ဝန်ထမ််းများအား ဘင်္ဂါလီစကားသင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူး(၁)ဦးစိုင်းဒေါကပြောသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ယခုလ ၉ရက်နေ့မှစတင်၍ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်း ၂၀ ဦးအားစတင်၍ ဘင်္ဂါလီစကားစတင်သင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင်မှသိရသည်။ “ဘာသာစကားဆက်ဆံမှုအဆင်ပြေ ချောမွေ့စေဖို့ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်စေဖို့ အုပ်ချုပ်တဲ့အခါလည်းအထောက်အပံ့ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။ အကျဉ်းဝန်ထမ်းများအနေဖြင့် တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ်နံနက်(၉)နာရီမှ နေ့လည်(၁၁)နာရီထိ နှင့် ည(၇)နာရီမှ ည(၉)နာရီထိတစ်နေ့နှစ်ကြိမ်သင်ကြားပေးနေကြောင်း စစ်တွေအကျဉ်းထောင်မှ သိရသည်။ အဆိုပါဘာသာစကားသင်တန်းအား သတင်းပတ်(၁၂)ပတ်ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး ယခုသင်တန်းပြီးပါကလည်း

ငြိမ်းချမ်းရေးအတွက် ထိရောက်သည့် နိုင်ငံရေးတွေ့ဆုံမှု မရှိသေးကြောင်း ABSDF ဆို

ရန်ကုန်၊ ဇန်နဝါရီ ရ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင် လျက်ရှိသော်လည်း နိုင်ငံရေးအရ ထိရောက်သည့် တွေ့ဆုံမှု အခြေအနေမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။ ရန်ကုန်မြို့ Inya Lake Hotel တွင် ပြုလုပ်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြို လူထုဆွေးနွေးပွဲ အမှာစကားတွင် ၎င်း၏ ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ “မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းပြမြေပုံခုနှစ်ဆင် ့နဲ့ချမှ တ်အကောင်အထည် ဖော်ခဲ့ပါတယ်၊ ဒါပေမယ့်လည်းဘဲ ယနေ့ကာလအထိ နိုင်ငံရေးအရ တွေ့ဆုံမှုကို ကျွန်တော်တို့ထိထိ ရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိိုင်မှု အခြေအနေမရှိသေးပါဘူး” ဟု ၄င်းကဆိုသည်။ ယင်းကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်နေချိန်တွင် မိမိတို့၏ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ရဲဘော််မင်းဋ္ဌေးသည်

သာကေတတွင်တမန်တော်နေ့အခမ်းအနားမကျင်းပဖြစ်

ရန်ကုန် ၊ ဇန်နဝါရီ ၇ ။ ။ သာကေတမြို့နယ် နယူးလိုက်တာမင်္ဂလာခန်းမ၊ ဧင်္ဂမလမ်းမကြီးနှင့် အနော်မာလမ်းထိိပ် ၁/အနော်မာရပ်ကွက် တွင်ကျင်းပမည့် တမန်တော်နေ့အခမ်းအနား ကိုမျိုးချစ်ညွှန့်ပေါင်းအဖွဲ့၏ကန့်ကွက်မှုကြောင့် မကျင်းပဖြစ်သည်ကိုတွေ့ရသည်။ အဆ်ိုပါအခမ်းအနားကို ဘာသာရေးအမြတ်ထုတ်လုပ်ဆောင်နေသည်ဟုဆိုကာ အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကန့်ကွက်ခဲ့သလို အခမ်းအနားကျင်းလျှင်ကန့်ကွက်ရန်အတွက် အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့မှ လူဦးရေ ၁၀၀ ဝန်းကျင်ခန့် ဇန်နဝါရီ၆ရက်နေ့ ၃ နာရီခွဲ အချိန်မှစတင်၍ စုဝေးရောက်ရှိလာသည်။ ဘာသာပေါင်းစုံအမည်ခံကာ ဖိတ်ကြားထားခြင်းကြောင့် ဗုဒ္ဓဘာသာများလည်းတက်ရောက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၊ဘာသာပေါင်းစုံ အမည်ခံထားခြင်းကြောင့် တခြားဘာသာများနှင့်ဆိုင်သော်လည်း မွတ်ဆလင်များသာကျင်းပခြင်းဖြစ်ကြောင်းအမျိုးသားညွှန့်ပေါင်းအဖွဲ့မှ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးသုစိတ္တက

စနစ်တကျ ညှိနှိုင်းမှုမရှိသောကြောင့် ဆက်ကြေးတောင်းခံခြင်းဖြစ်ကြောင်း KNU တုံ့ပြန်

  ရန်ကုန် ၊ ဇန်နဝါရီလ ၆ ရက် ပြည်သူလူထုဝန်ထုပ် ဝန်ပိုးဖြစ်စေမည့် ဆက်ကြေးကောက်ခံခြင်းများမပြုရန် အပစ်ရပ်စာချုပ် NCA တွင် ထည့်သွင်းထားသော်လည်း စနစ်တကျ ညှိနှိုင်းမှုများ မရှိသောကြောင့် ကျေးရွာအုပ်စု အချိုထံမှ ထောက်ပံ့ငွေ (ဆက်ကြေး)တောင်းခံရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က တုံ့ပြန်ပြောဆိုလိုက်သည်။   KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားသော်လည်း စာချုပ်ပါ သဘောတူညီချက်ဖြစ်သည့် ဆက်ကြေးမကောက်ခံရဟူသည့် အချက်ကို ချိုးဖောက်ကြောင်း ကရင်ပြည်နယ်အစိုးရက အကြောင်းကြားစာ တစ်စောင် KNU ထံသို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပေးပို့ထားသည်။   KNU အဖွဲ့ လှိုင်းဘွဲ့မြို့နယ်အတွင်းရေးမှူး ပဒိုစောအယ်ထီးကော်မှ လှိုင်းဘွဲ့မြို့နယ် ကမော့ကချူးကျေးရွာအုပ်စု နှင့် ဝင်းစိန်ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ငွေတောင်းခံခြင်းနှင့် ပက်သက်၍ ကရင်ပြည်နယ်လုံခြုံရေး

ချင်းပြည်နယ်တွင် ယာဉ်မတော်တဆမှုကြောင့် NLD အမတ်တစ်ဦး ကွယ်လွန်

  ရန်ကုနု်၊ ဇန်နဝါရီ ၆ ချင်းပြည်နယ် လွှတ်တော် မှ ရွေးကောက်ခံ NLD ပါတီ အမတ် တစ်ဦးသည် ယာဉ်မတော်တဆမှုကြောင့် ရရှိသည့် ဒဏ်ရာဖြင့် ယနေ့ နံနက်ပိုင်းက ကွယ် လွန်သွားကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်သည်။   ဇန်နဝါရီလ ၄ ရက်နေ့ က ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဟွန်းခဲန်သည် မတူပီမြို့တွင် ၎င်းစီးနင်း လာသည့် မော်တော်ဆိုင်ကယ်ကို အခြားယာဉ်တစ်စီးမှ တိုက်မိရာမှ တစ်ဆင့် ဦးခေါင်း ထိခိုက်ဒဏ်ရာ အပြင်း အထန်ရရှိခဲ့သည်။   ယင်းနောက် မတူပီမြို့နယ်ဆေးရုံမှ တစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံသို့ တင်ပို့ရာလမ်းရှိ မင်းတပ် ပြည်သူ့ဆေး ရုံတွင် ယနေ့ နံနက် သုံးနာရီ ၄၀မိနစ်က ကွယ် လွန်သွားခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က သတင်း

ဘာသာရေးအမြတ်ထုတ်မှုကိုခွင့်ပြုပေးပါက တုန့်ပြန်သွားမည်

ရန်ကုန် ၊ ဇန်နဝါရီ ၅ ။ ။ တမန်တော်နေ့အကြောင်းပြု၍ ဘာသာရေးအမြတ်ထုတ်လုပ်ဆောင်နေမှုများကို အချိန်နှင့် တပြေးညီတုန့်ပြန်ကန့်ကွက်သွားမည်ဟု အမျိုးသားရေးညွှန့်ပေါင်းအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံသို့ တင်ပြထားကြောင်း အမျိုးသားညွှန့်ပေါင်းအဖွဲ့ အဖွဲ့ဝင် ဦးဇင်းဘဘာဝနဒီက မိန့်ကြားသည်။ အစ္စလာမ်ဘာသာဝင်များက တမန်တော်နေ့ကို အကြောင်းပြု၍ ဇန်နဝါရီ ၆ ရက်နေ့တွင် နယူးလိုက်တာမင်္ဂလာခန်းမ၊

လမ်းဘေးစျေးသည်နှင့် စကားများရာမှ စည်ပင်ဝန်ထမ်း ပါးရိုက်ခံရ

  ရန်ကုန်၊ ဇန်နဝါရီ ၃ ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ် တွင် စျေးသည်များကို စည်ပင်သာယာရေးကော်မတီက ရှင်းလင်းရာတွင် စည်ပင်ဝန်ထမ်းများနှင့် လမ်းဘေးစျေးသည်များ အချင်းများကြရာမှတစ်ဆင့် စည်ပင်ဝန်ထမ်းတစ်ဦး ပါးရိုက်ခံရမှုဖြစ်ပွားကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှသိရှိရသည်။ လမ်းမတော်မြို့နယ် သုံးရပ်ကွက် အနော်ရထာ ရှစ်လမ်းထိပ်၌ လိုင်စင်မဲ့ဆိုက်ကားနှစ်စီးပေါ်တွင် စျေးဗန်းများတင်ရောင်းချနေမှုကို စည်ပင်ဝန်ထမ်းများက ဖမ်းဆီးသိမ်းယူရာမှ အဆိုပါ စျေးသည်များနှင့် စည်ပင်ဝန်ထမ်းများအချင်းများကြခြင်းဖြစ်ကြောင်း ရဲစခန်းမှ တာဝန်မှူး ဒုရဲမှူး ကျော်လင်းထွန်းက ပြောကြားသည်။ ယင်းကဲ့သို့ အချင်းများရာတွင် စည်ပင်ဝန်ထမ်းများကို လမ်းဘေးစျေးသည်များဘက်မှ ဆဲရေးတိုင်းထွာခြင်းများပြုလုပ်ခဲ့ပြီး အမြဲတမ်းစာရေး စည်ပင်ဝန်ထမ်းတစ်ဦးကိုပါး ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟု ၄င်းကဆိုသည်။ ယင်းအပြင် လမ်းဘေးစျေးသည်များဘက်မှ ပုလင်းဖြင့်ရိုက်ခြင်း ၊ ကျောက်ပြားဖြင့် ထုရိုက်ခြင်း၊ ရင်ဘက်ဆောင့်တွန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ပြီး စည်ပင်ဝန်ထမ်းအချို့တွင် နာကျင်ဒဏ်ယာများရှိခဲ့ သည်ဟု ၄င်းကဆက်လက်ပြောကြားသည်။ ယင်းကြောင့် စည်ပင်ဝန်ထမ်းများဘက်မှ

ကျိုက်ထိုမြေကိစ္စ ပုဂ္ဂိုလ်ရေးထိပါးလာလျှင် ဥပဒေကြောင်းအရ တုံ့ပြန်မည်ဟု လွင်မိုးဆို

ရန်ကုန်၊ ဇန်နဝါရီ ၂ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းပွန်းချောင်းကျေးရွာရှိ ကွင်းအမှတ် ၁၇၆ ( က ) ဇရပ်ကွင်းနှင့်ပတ်သက်ပြီးပုဂ္ဂိုလ်ရေးထိပါးလာပါက ပြင်းပြင်းထန်ထန်တရားဆွဲဆိုသွားမည်ဟု ယနေ့နေ့လယ် သုံးနာရီက ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရုပ်ရှင်သရုပ်ဆောင်ဦးလွင်မိုးက ဆိုသည်။   အဆိုပါမြေကွက်လပ်ကို ၂၀၁၆ ခုနှစ် အတွင်းက ကိုကျော်သူရလှိုင်ဆိုသူထံမှ ငွေကျပ်သိန်းသုံးထောင်ကျော်ဖြင့် ဟိုတယ်ဆောက်လုပ်ရန်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းမြေကွက်လပ်၏ မူလပိုင်ရှင်ဟုဆိုသူ ဦးစောနေဗူလုက ဝင်ရောက်ခြံခတ်ခြင်းများပြု လုပ်ခဲ့သည်ဟု ၄င်းကဆိုသည်။   ယင်းအပြင် ဇန်နဝါရီလ ၅ ရက်နေ့တွင် အဆိုပါမြေကွက်လပ်ကိစ္စနှင့်ပတ်သက်ပြီး မိမိကြောင့်နစ်နာရသည်ဟုဆိုကာ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်ဟု ၄င်းကဆိုသည်။   ''အမှန်တိုင်းဘဲဖြစ်ချင်တယ် ကျွန်တော်ပုဂ္ဂို လ်ရေးတွေ personal ကိစ္စတွေထိပါးလာရင် အပြင်းအထန်တရားဆွဲချင်တယ် ကျွန်တော်ကတော့ဒါဘဲလုပ်ချင်တယ် တရားဥပဒေအတိုင်းဘဲသွားရမှာ

မြောက်ပိုင်းမဟာမိတ်အဖွဲ့အား စစ်ကူခိုင်းသဖြင့် DKBA ခွဲထွက်တပ်ဖွဲ့ဝင်အချို့ လက်နက်ချ

ရန်ကုန် ၊ ဒီဇင်ဘာ ၂ မြောက်ပိုင်းမဟာမိတ်အဖွဲ့(AA၊ MNDAA၊ TNLA၊ KIA)အား DKBA ခွဲထွက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောဆန်းအောင်က စစ်ကူခိုင်းသဖြင့် DKBA ခွဲထွက်အဖွဲ့မှ စစ်ကြောင်းမှူးတစ်ဦး အပါအဝင်(၇)ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း DKBA ခွဲထွက်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးကျော်သီဟက ဟင်္သာမီဒီယာသို့ပြောသည်။ ဒီဇင်ဘာလ(၁)ရက်နေ့တွင် အဆိုပါတပ်ဖွဲ့ဝင်များအလင်းဝင်ရောက်မှုနှင့် ပက်သက်၍ မြဝတီမြို့တွင် အလင်းဝင်အခမ်းအနားတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ “ရှမ်းမြောက်ဘက်မှာ စစ်ကူသွားပေးဖို့အကွက်တွေ လုပ်လာတော့ အလင်းဝင်တဲ့ ကိုဝင်းဇော်လေးတို့က ငါတို့ကကြေးစားစစ်သားမဟုတ်ဘူး။ ငါတို့ပြည်နယ်ကို ငါတို့ကာကွယ်မယ် ငါတို့ပြည်နယ်ဖွံ့ဖြိုးတိုးတတ် အောင်လုပ်ချင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့သူတို့က ခွဲပြီးတော့ဝင်လာတယ်” ဟု ၎င်းကဆက်ပြောသည်။ အလင်းဝင်ရောက်လာသူများသည် M16 (၃)လက်၊ HK (၂)လက်၊ ကာဘိုင်(၂)လက်၊ M40 (၁)လက်တို့အား အပ်နှံ၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အလင်းဝင်ရောက်လာသည့် DKBA

စံပြငါးစျေးမှအလုပ်သမားများ ဘောင်ချာငွေ ၈၀၀ ပေးဆောင်ခြင်းဖြင့် ပြေလည်မှုရ

ရန်ကုန် ၊ ဇန်နဝါရီ၂ ကြည့်မြင်တိုင် စံပြငါးစျေးမှ နေ့စဉ်အလုပ်သမားများဘောင်ချာငွေ ၈၀၀ ကျပ် ပေးဆောင်ခြင်းဖြင့် ပြေလည်မှုရရှိခဲ့ကြောင်း စံပြငါးစျေးမှ ငါးတောင်းထမ်းသည့်အလုပ်သမားများထံမှ သိရသည်။ စံပြငါးစျေးမှ အလုပ်သမားများသည် ယခင်က နေ့စဉ်ဘောင်ချာငွေ(၆၀၀)ကျပ် ပေးဆောင်နေရာမှ ယခုလ ၁ ရက်နေ့မှ စတင်၍ (၁၀၀၀)ကျပ်ပေးဆောင်ရန် ကြည့်မြင်တိုင်မြို့နယ် ပြည်တွင်းကုန်တင်ကုန်ချ ငါးတောင်းဌာနခွဲက သတ်မှတ်လိုက်သောကြောင့် ယမန်နေ့က အလုပ်သမားများ နှင့် ဝန်ထမ်းများအကြား ရုန်ရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ “သူတို့ကတော့ နိုင်ငံတော်ဘတ်ဂျက်လိုအပ်နေတယ်ပေါ့ အစစအရာရာ နိုင်ငံတော်ဘတ်ဂျက်လိုတာ ကျွန်တော်တို့ ပုခုံးပေါ်ကလာနှိုက်တယ်လေ။ ကျွန်တော်တို့ခံယူထားတာက ကျွန်တော်တို့ပုခုံးပေါ်ကနှိုက်လို့ ဘယ်လောက်ရမှာလဲ။ ကျွန်တော်တို့က ကိုယ်လုပ်ကိုယ်စား နိ်ုင်ငံတော်ရဲ့လစာစားနေတာမဟုတ်ဘူး နိုင်ငံတော်ကိုအခွန်ပေးသွင်းရတယ်” ဟု စံပြငါးစျေးအလုပ်သမားတစ်ဦးဖြစ်သူ ဦးရွှေအောင်ကပြောသည်။ စံပြငါးစျေးတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားဂိုဏ်းလေးဂိုဏ်းရှိပြီး ယနေ့တွင် ဂိုဏ်းနှစ်ဂိုဏ်းက ညှိုနှိုင်းနိုင်ခဲ့ကြောင်း