ဘီးလင်း၌ လူ (၄၀) ကျော် အစာ အဆိပ်သင့်မှု ဖြစ်ပွား

ဘီးလင်း ၊ ဇန်နဝါရီ ၁၇ ဘီးလင်းမြို့၊ ဆရာစံ ရပ်ကွက်ရှိ စာသင်ကျောင်း နိဗ္ဗာန်ဈေး အစားအသောက်များမှ တဆင့် အစာ အဆိပ်သင့်မှု ဖြစ်ပွားကာ ဇန်နဝါရီလ (၁၆) ရက်နေ့ ညတွင် လူ (၄၀) ဦးကျော်အား အရေးပေါ် ကုသမှု ပြုလုပ် ပေးခဲ့ ရကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးကြည်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။ ထိုအစာ အဆိပ်သင့်မှုသည် စာသင်ကျောင်း နိဗ္ဗာန်ဈေးတွင် ကျွှေးမွေးသည့် အစားအသောက် အမျိုး (၂၀) ကျော် အနက် ခေါက်ဆွဲကြော်တွင် ပါဝင်သည့် ဟင်းသီး ဟင်းရွက် များနှင့် ထုပ်ပိုးထားသည့် ဖော့ဗူး များမှ ဖြစ်နိုင်ဖွယ် ရှိကြောင်း

ကေလာသတောင် ဘေးမဲ့သစ်တောရှိ ကျောက်မိုင်းကုမ္ပဏီကို ကျောက်ထုတ်လုပ်ခွင့် မပြုသင့်ဟုဆို

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာ၊ ကေလာသတောင် ဘေးမဲ့သဘာဝသစ်တော ထိန်းသိမ်းရေး နယ်မြေအတွင်းမှ Rock Well Mining ကုမ္ပဏီကို ကျောက်ထုတ်လုပ်ခွင့် မပြုသင့်ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။ 3988

ကင်းရွာကျေးရွာရှိ အလောင်းမင်းတရား ဦးအောင်ဇေယျအုတ်ဂူဆိုသည်မှာ မဟုတ်မှန်ဟုဆို

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အုတ်ဂူဟု လူပြောများနေသော ဘီးလင်းမြို့နယ်၊ ကင်းရွာ ကျေးရွာမှ အုတ်ဂူတစ်ခုမှာ အမှန်တစ်ကယ် အလောင်းမင်းတရားကြီး၏ အုတ်ဂှုမဟုတ်ကြောင်း သွားရောက်သုတေသန ပြုလုပ်ထားသည့် မွန်ပြည်နယ် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။ 3933

ဘီးလင်းမြို့တွင် အမျိုးသားတစ်ဦးပျားတုပ်ခံရ၍သေဆုံး

မော်လမြိုင်၊ အောက်တိုဘာ ။ ။ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာတွင် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၅နာရီကဘုရားကိုးဆူစေတီအနီးရှိဥယျာဉ်ခြံတစ်ခုတွင် ခြံရှင်းသည့် အမျိုးသားတစ်ဦးပျားတုပ်ခံရခြင်းကြောင့် သေဆုံးခဲ့ရကြောင်းတောင်စွန်းနယ်မြေရဲစခန်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 3756

အမျိုးသမီး တစ်ဦးကို ခိုးယူပေါင်းသင်းပြီး ပြည်တန်ဆာအိမ်တွင် ရောင်းစားခဲ့ သူကို အမှုဖွင့်

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာနေ အသက် ၁၅ အရွယ် အမျိုးသမီးငယ်တစ်ဦးကို ခိုးယူပေါင်းသင်းပြီး ပြည်တန်ဆာအိမ်၌ ရောင်းစားခဲ့သည့် အမျိုးသားကို အောက်တိုဘာလ ၃ ရက်နေ့က လူကုန်ကူးမှု ကာကွယ်တားဆီးရေးဥပဒေ ပုဒ်မ ၂၄/၂၆ (က)/ ၃၂အရ အမှုဖွင့်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၉) မော်လမြိုင် ထံမှ သိရသည်။ 3251

ဘုန်းတော်ကြီးတစ်ပါးနှင့် ကပ္ပိယတစ်ဦးကို ခေါင်းဖြတ်သတ်သူအား စီရင်ချက်ချရန် ဌာနချုပ်ကို တင်ပြထားဟု KNU ရဲမှူးဆို

ဘီးလင်းမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့ သော ဘုန်းတော်ကြီး တစ်ပါးနှင့် ကပ္ပိယတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သူအား စီရင်ချက်ချမှတ်ရန် ဗဟိုဌာနချုပ်ကို တင်ပြထား ကြောင်း KNU တပ်မဟာ(၁)သထုံခရိုင်ရဲမှူး စောဆဘောနော်က ဟင်္သာမီဒီယာသို့ ပြောကြား သည်။ 3092

အရက်မူးနေသော သားကို ဖခင် က ဓါးဖြင့်ခုတ်

ဘီးလင်း၊ ဖေဖော်ဝါရီ ၁၈ ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထို – တောင်စွန်း ကားလမ်းမှဘေးရှိ သိမ်ငူကျေးရွာတွင် ဖေဖေါ်ဝါရီ ၁၇ ရက် မနက် ၃ နာရီခန့်က အရက်မူးနေသော သားဖြစ်သူကို ဖခင်က အသွား တစ်တောင်ခန့်ရှိသော ဓါးမဖြင့် ခုတ် ခဲ့ကြောင်း တောင်စွန်းနယ်မြေရဲစခန်းမှ သိရသည်။ 94

ဘီးလင်း တွင် ရထားနှင့် ကားတိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံး

ကျိုက်ထို၊ ဖေဖော်ဝါရီ ၉ ။ ။ မွန်ပြည်နယ် ၊ဘီလင်းမြို့နယ် မရမ်းကုန်းကျေးရွာတွင် မော်လမြိုင်မှ နေပြည်တော်သို့ ထွက်ခွာလာသော အမှတ် (၁၈) အစုန်ရထားနှင့် မရမ်းကုန်းကျေးရွာနေ ယာဉ်မောင်း ဦးဝင်းမြင့်မောင်းနှင်လာသော တိုယိုတာဟိုင်းလတ် ယာဉ်တို့ တိုက်မိ ၍ အဆိုပါ မော်တော်ယာဉ် ပေါ်လိုက်ပါ လာသော အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း မရမ်းကုန်း ဘူတာရုံပိုင် ဦးအေးအောင်စိုးက ပြောကြားသည်။ 96

ရေတိမ်ဒေသများနေ့ (Ramsar) အခမ်းအနားကို သိမ်ငူကျေးရွာတွင် ကျင်းပ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၃ ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သိမ်ငူကျေးရွာတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA)မှ ရေတိမ်ဒေသများနေ့ (Ramsar) ကိုဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပခဲ့ကြောင်း (BANCA) အဖွဲ့၏ စီမံကိန်း မန်နေဂျာ ဦးအောင်ကျော်ညွှနှ့်က ပြောသည်။ 97

ကတုံးပေါ် ရေနက်ဆိပ်ကမ်းကို ဒီဇင်ဘာလကုန် အပြီးသတ်နိုင်မည်ဟု ဆို

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းအုပ်စု၊ ကတုံးပေါ်ကျေးရွာအနီးတွင် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဒီဇင်ဘာ ၃၁ ရက်တွင် သင်္ဘောငယ်များ ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ပြောသည်။ 103