အရှေ့မီးကြီးမရှိဘဲပြေးဆွဲနေသည့် မော်တော်ယာဉ်များကိုအရေးယူမည်

မော်လမြိုင်တွင် မော်တော်ယာဉ်များအရှေ့မီးကြီးမရှိဘဲစည်းကမ်းမဲ့ ညဘက်ပြေးဆွဲပါကထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်းမော်လမြိုင်မြို့ အမှတ် (၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်သူကဟင်္သာမီဒီယာသို့ ပြောကြားသည်။ 4029

ဖော်မလင်ဆေးရည်ကို စားသောက်ကုန်များတွင် သုံးစွဲပါကလုပ်ငန်းပိတ်သိမ်းမည်

တားမြစ်ထားသည့် ဓာတုပစ္စည်းဖော်မလင်ကို အစားအသောက် ထုတ်လုပ်ရာတွင် သုံးစွဲထားမှုများတွေ့ရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင် က ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 4026

ဂျာမနီနိုင်ငံထုတ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သုံးပစ္စည်းများ မွန်ပြည်နယ်မီးသတ်ဦးစီးဌာနက ဝယ်ယူ

မော်လမြိုင်၊ နိုဝင်ဘာ ။ ။မွန်ပြည်နယ်တွင် ယာဉ်တိုက်မှုများ ပိုမိုဖြစ်ပေါ်လာသည့်အတွက် အန္တရာယ်ထိခိုက်မှုဖြစ်လာလျှင် အချိန်မီ ကယ်ဆယ်နိုင်ရန် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနတွင် ဂျာမနီနိုင်ငံထုတ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ဝယ်ယူထားရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ 3952

ပျောက်ကွယ်လုနီးပါးဖြစ်သည့် ရိုးရာဓလေ့များကို မွန်ယဉ်ကျေးမှုပြတိုက်တွင် ဒြပ်မဲ့ယဉ်ကျေးမှုပြခန်းများအဖြစ် ပြသနိုင်ရန်စီစဉ်

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ယဉ်ကျေးမှုပြတိုက်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရိုးရားဓလေ့များကို မှတ်တမ်းများထားရှိကာ ဒြပ်မဲ့ယဉ်ကျေးမှုပြခန်းအဖြစ် ထည့်သွင်းပြသသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောကြားသည်။ 3938

မွန်ပြည်နယ်လွှတ်တော်နံရံများတွင် လူတန်းစားအလွှာအသီးသီး၏လူနေမှုဘဝပုံရိပ်များချိတ်ဆွဲရန်ဓာတ်ပုံပြိုင်ပွဲကျင်းပမည်

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ လူတန်းစားအလွှာအသီးသီးမှ လူနေမှုဘဝကိုဓာတ်ပုံပြိုင်ပွဲအဖြစ်ကျင်းပသွားရန် မွန်ပြည်နယ်လွှတ်တော်ကစီစဉ်လျက်ရှိကြောင်းမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3907

သံလွင်တံတားပေါ်မှ အပေါ့သွားသည့် အမျိုးသားတစ်ဦး သံလွင်မြစ်ထဲပြုကျ

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မော်လမြိုင်မြို့ရှိ မုတ္တမ-မော်လမြိုင် သံလွင်တံတား၏ လူသွားလမ်းပေါ်မှ တံတားအောက် သံလွင်မြစ်အတွင်းသို့ သေးပေါက်ချနေသော အမျိုးသားတစ်ဦးသည် သံလွင်မြစ်ထဲသို့ ခြေချော်ပြုတ်ကျခဲ့ကြောင်း သံလွင်မြစ်အတွင်း လုပ်ကိုင်နေသည့် ငါးဖမ်းပိုက်လုပ်သားများထံမှ သတင်းရရှိသည်။ 3892

လောင်းကစားဝိုင်းထောင်သည်ဟုနာမည်ထွက်ခဲ့သည့် ဟောင်သရောဝင်းကိုစစ်ဆေးသော်လည်းလောင်းကစားဝိုင်းမတွေ့ရှိ

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ဈေးကြိုရပ်ကွက်၊ ငန်းတေးလမ်းရှိ ဟောင်သရောဝင်းအတွင်း လောင်းကစား၊ အရက်နှင့် မူးယစ်ဆေးဝါးများပြုလုပ်နေသည်ဟုသတင်းထွက်ပေါ်မှုများအရပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက နိုဝင်ဘာ ၅ ရက်နေ့တွင်သွားရောက်စစ်ဆေးခဲ့ရာယင်းကိစ္စများနှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာမတွေ့ရှိခဲ့ရကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3887

အတ္ထရံမြစ်ရေကို PH 7 အဆင့်ထိ သန့်စင်၍ မော်လမြိုင်မြို့သို့ ဖြန့်ဝေရန်စီစဉ်

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ လက်ရှိအစိုးရ ဖြန့်ဝေပေးနေသည့် အတ္ထရံမြစ်ရေကို PH 7 အဆင့်ထိ သန့်စင်မှုပြုလုပ်ကာ မော်လမြိုင်မြို့လူထု အသုံးပြုနိုင်ရန် ရေသန့်ထုတ်လုပ်မှုကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဗမာတိုင်းရင်းသားရေရာဝန်ကြီး ဦးရွှေမြင့်က ပြောကြားသည်။ 3882

မော်လမြိုင်မြို့နယ် ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ တွေ့ရှိပါက အရေးယူမည်

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မော်လမြိုင်မြို့နယ်အတွင်းရှိ ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်း ပြုလုပ်နေခြင်းများကို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။ 3877

ရဲလေး မော်လမြိုင်တွင် ပထမဆုံးအကြိမ် တေးစီးရီးခွေ လာရောက် မိတ်ဆက်မည်

မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် တေးသံရှင် ရဲလေးက တေးသီချင်းခွေအသစ် မိတ်ဆက်ခြင်းကို လာရောက်ပြုလုပ်မည်ဖြစ်ကြောင်း တေးသံရှင် ရဲလေးက ပြောကြားသည်။ 3867