သေနတ်ဖြင့်ပစ်၍ မကျည်းချောင်းဝ ရွာသားနှစ်ဦး သေဆုံးခဲ့ခြင်းကြောင့် ခလရ (၂၈၀) မှ ဗိုလ်ကြီးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်

မော်လမြိုင်၊ မတ် ၇ ။ ။ ရေးမြို့နယ်၊ ခေါဇာမြို့၊ မကျည်းချောင်းဝကျေးရွာမှ ရွာသားနှစ်ဦးကို မွန်ဓားပြအဖွဲ့နှင့် မှားယွင်း၍ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် ရွာသားနှစ်ဦး သေဆုံးခဲ့ခြင်းအပေါ် တပ်မတော် ခလရ (၂၈ဝ) တပ်ရင်းမှ ဗိုလ်ကြီး ဇော်မျိုးထက်ကို စစ်တရားရုံးချုပ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 4851

ကွမ်းသီးအထွက်နှုန်းနည်း၍ ရေးမြို့ကွမ်းသီးဈေးနှုန်းများ မြင့်တက်

မော်လမြိုင်၊ မတ် ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်ထွက် ကွမ်းသီးများသည် ယခင်နှစ်ထက် ကွမ်းသီးအထွက်နည်းသည့်အတွက် ကွမ်းသီးဈေးနှုန်းများ ပြန်လည်မြင့်တက်နေကြောင်း ရေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။ 4823

ရေးမြို့နယ်တွင် ကိုယ့်ထူကိုယ်ထ မီးလင်းရေးဟုဆိုကာ ငွေတောင်းခံခြင်းကို တားမြစ်ထားသည် ဟုဆို

ရေး၊ ဖေဖော်ဝါရီ ။ ။ ရေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လျှပ်စစ်မီးရရှိ မည်ဟုဆိုကာ ကုမ္ပဏီသို့ ပေးသွင်းရန် မီးလင်းရေး ကော်မတီမှ ငွေကြေးကောက်ခံမှုများကို မွန်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ်များက ဆက်လက် မကောက်ခံရန် တားမြစ်ထားကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံက ပြောကြားသည်။ 4757

ပိုင်ရှင်မဲ့လူနာနှင့် နွမ်းပါးသော လူနာများ၏ အခက်အခဲကို ကူညီဖြေရှင်းရန် ဆေးလူမှုဆက်ဆံရေးဌာန ထားရှိ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ရေးမြို့နယ်ကုတင် ၁ဝဝ ဆေးရုံ၌ ပိုင်ရှင်မဲ့လူနာ (Pick up) နှင့် ချို့တဲ့နွမ်းပါးသော လူနာများ၏ အခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ဆေးလူမှုဆက်ဆံရေးဌာန ထားရှိ၍ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း ရေးမြို့နယ်ကုတင် ၁ဝဝ ဆံ့ဆေးရုံမှ ဆေးလူမှုဆက်ဆံရေးမှူး ဦးအောင်သိုက်က ပြောကြားသည်။ 4689

ရေးမြို့ကို ခရိုင်အဆင့် တိုးမြှင့်ရန် လျာထားဟု ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်သည် လူဦးရေနှင့် ဧရိယာအကျယ်အဝန်းတို့ကို ကြည့်ခြင်းအားဖြင့် ခရိုင်အဆင့် တိုးမြှင်ရန် လျာထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။ 4589

ရေးမြို့နယ်မှ ထွက်ရှိသော ဝဥ များကို တရုတ်နိုင်ငံတွင် ဈေးကောင်းရ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကွမ်းသီးခြံကြားထဲက သဘာဝအလျောက် ထွက်ရှိလာသော ဝဥ အစိုများသည် တရုတ်နိုင်ငံတွင် ဈေးကောင်းရခြင်းကြောင့် ဝဥ များကို မီးသွေးနှင့် အခြောက်ကင်ပြီး တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း ရေးမြို့နယ်ရှိ ဝဥ အရောင်းအဝယ် လုပ်ကိုင်သူများက ပြောကြားသည်။ 4533

ရေလုပ်သားက ငါးပေါင်းဦးစီးချုပ်ကို မကျေနပ်၍ ငါးခွဲဓားဦးချွန်ဖြင့် ထိုးသတ်

ရေးမြို့နယ်အနောက်ဘက်၊ ကပ္ပလီပင်လယ်ပြင်၊ ငှက်ပျော်ကျွန်းအနီး ပင်လယ်ရေပြင်၌ ငါးဖမ်းလျက်ရှိသော ကျားဖောင်ပေါ်တွင် အလုပ်လုပ်နေစဉ်အတွင်း ရိုက်နှက်ဆဲဆိုခြင်းကို မကျေနပ်သဖြင့် ရန်ငြိုးထားကာ ဇန်နဝါရီ ၂၉ ရက်၌ ကျားဖောင်ရေလုပ်သားက ငါးပေါင်းဦးစီးချုပ်၏ လည်ပင်းက ငါးခွဲဓားဦးချွန်ဖြင့် ထိုးသတ်ခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 4531

ပြည်ထောင်စုလမ်းကြီး ပေ ၁၃၀ တိုးချဲ့ ဖောက်လုပ်ရာ ပါဝင်သွားမည့် လူနေအိမ်၊ခြံများကို လျော်ကြေးပေးမည်

မော်လမြိုင်၊ အောက်တိုဘာ ။ ။ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်မှ ရေးမြို့နယ်အထိ ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းကြီးကို ပေ ၁၃၀ တိုးချဲ့ ဖောက်လုပ်ရာတွင် ဖယ်ရှားရမည့် လူနေအိမ်၊ခြံများကို လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3522

ရေးမြို့နယ်အတွင်း အသက်မပြည့် ရေလုပ်သား ၅၀ဝ ကျော် လုပ်ကိုင်လျက်ရှိဟု ဆို

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ရေလုပ်ငန်းများတွင် အသက်မပြည့်သေးသည့် ရေလုပ်သား ၅၀ဝ ကျော် အလုပ်လုပ်ကိုင်နေကြောင်း မွန်ပြည်နယ် ရေးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦး ချစ်တင်က ပြောကြားသည်။ 3263

ရေးမြို့နယ်တရားရုံးလုပ်ငန်းများကို မွန်ပြည်သစ်ပါတီ ဝင်ရောက်စွက်ဖက်နေဟု နယ်လုံဆို

မွန်ပြည်နယ် ရေးမြို့နယ်တရားရုံး၏ လုပ်ငန်းစဉ်များကို မွန်ပြည်သစ်ပါတီ ဝင်ရောက်စွက်ဖက်မှုများ ပြု လုပ်နေကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဟင်္သာမီဒီယာသို့ပြောကြားသည်။ 2942