သထုံမြို့တွင် ရော်ဘာ ရောင်းဝယ်ရေး နေအိမ်ဂိုဒေါင် မီးလောင်ရာမှ နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၈ ။ ။ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရှမ်းစုအလယ်တန်းလမ်းနှင့် နန်းတော်ဦးလမ်းထောင့်ရှိ ဒေါ်ကြည် ရော်ဘာရောင်းဝယ်ရေး နေအိမ်ဂိုဒေါင်အတွင်းရှိ ရာဘာပြားများပေါ်ရှိ ဝါတာကိုလာနှင့် ဆက်သွယ် ထားရှိသော (110) W မိန်းထုတ် အပူလွန်ကဲရာမှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၃ နာရီခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့၍ နေအိမ်သုံးလုံး ဆုံးရှုံးခဲ့ရကြောင်း သထုံခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျင်ထွန်းက ပြောကြားသည်။ 4642

လျှပ်စစ်ဓာတ်အားမရောက်ရှိသေးသည့် ဒေသများကိုပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန်မွန်ပြည်နယ် လွှတ်တော်ထံတင်ပြ

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်အတွင်းအစိုးရလျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်း မရှိသေးသည့် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များမှကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များအား ပုဂ္ဂလိကကုမ္ပဏီဖြစ်သောSEGEPကုမ္ပဏီက မွန်ပြည်နယ်လွှတ်တော်သို့တင်ပြထားကြောင်း အဆိုပါကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာဦးမောင်မောင်မြင့်က ပြောသည်။ 4067

အနံ့ဆိုးများထွက်ပေါ်နေသော ကြက်မွေးမြူရေးလုပ်ငန်းများကို ယာယီ ရပ်ဆိုင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းနီကျေးရွာတွင် လူနေအိမ်များအနီး ကြက်ခြံ လေးခြံ သည် အနံ့ဆိုးများထွက် နေခြင်း ကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်စေမည်ဟုပြောဆိုမှု ရှိလာ၍ မွန်ပြည်နယ် လွှတ်တော် ကစစ် ဆေး ပြီး ယာယီ ရပ်ဆိုင်းထားရ န် ညွှန်ကြားထားကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊အသနားခံစာ ၊တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဟင်္သာမီဒီယာသို့ပြောကြားသည်။ 2043

ကျောင်းဆရာမအလုပ်ရမည်ဟုဆိုကာငွေကြေးလိမ်လည်ခဲ့သူနှစ်ဦးကိုပညာရေးဌာန မှ ရာသက်ပန် ထုတ်ပယ်

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိစာသင်ကျောင်းများတွင် နေ့စား၊ လပေးကျောင်းဆရာမအလုပ်ရမည်ဟုဆိုကာဆရာမအဖြစ် လျှောက်ထားလိုသောရွာသူများထံမှ ငွေကြေးလိမ်လည်ခဲ့သောပညာရေးဝန်ထမ်းနှစ်ဦးကိုပညာရေးဌာန မှ ရာသက်ပန်ထုတ်ပယ်အရေးယူလိုက်ကြောင်းမွန်ပြည်နယ် ပညာရေးဦးစီးဌာနညွန်ကြားရေးမှူး ဦးမျိုးတင်အောင်ကပြောကြားသည်။ 1756

အပ်ထားသည့် ပိုက်ဆံပြန်မပေးသည့် ဇနီးကိုထိုးကြိတ် ရာမှသေဆုံး

သထုံ၊ မတ်လ ၂၃ ။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စုအလယ်ရွာမြောက်ပိုင်းတွင် မတ်လ ၂၂ ရက်နေ ့ နံနက် ၁ နာရီခွဲအချိန်ကအပ်နှံထားသောငွေ ကျပ် ၁၅၀၀၀ပြန်တောင်းရာဇနီးဖြစ်သူက ပြန် မပေးသည့်အတွက် ထိုးကြိတ်ရာမှ လက်လွန်ပြီးဇနီးသည် သေဆုံးခဲ့ကြောင်းသထုံမြို့မရဲစခန်းမှ သိရသည်။ 1192

မွန်အမျိုးသားပါတီ ၏ သထုံမြို့နယ် ဥက္ကဋ္ဌ နိုင်အုန်းရွှေ ကွယ်လွန်

မော်လမြိုင်မြို့၊ ဖေဖော်ဝါရီ ၁၆ ။ ။ မွန်အမျိုးသားပါတီ (MNP) ၏ သထုံမြို့နယ် ဥက္ကဋ္ဌ နိုင်အုန်းရွှေသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ကွယ်လွန်ခဲ့ကြောင်း သထုံမြို့နယ် မွန်အမျိုးသားပါတီဝင်ထံမှ သိရသည်။ 778

သုဝဏ္ဏဘူမိ မြို့ဟောင်း နေရာ ကို အမိုးအကာများ ပြုလုပ်၍ ထိန်းသိမ်းမည်

မော်လမြိုင်၊ မတ် ၁၀ ။ ။ မွန်ပြည်နယ်သထုံမြို့ရှိ ပေ ၆၅၀ အရှည်ရှိသော သုဝဏ္ဏဘူမိမြို့ဟောင်းနေရာ ကို ရာသီဥတုဒဏ် ခံနိုင်ရန် ခြံစည်းရိုးကာခြင်းနှင့် မြို့ဟောင်းတစ်ခုလုံးကို အမိုးမိုးခြင်း များ ပြုလုပ်၍ထိန်း သိမ်းမည် ဖြစ်ကြောင်း မွန်ပြည်နယ်စီးပွားရေးနှင့် စီမံကိန်း ၀န်ကြီး ဒေါက်တာမင်းနွယ်စိုးကပြောကြားသည်။ 771

ရေခဲသေတ္တာ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်

မော်လမြိုင်၊ မတ် ၁ ။ ။ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်၊ ဝင်းပကျေးရွာ၊ ရေတွင်းဖြူရပ်တွင် မတ်လ ၁ ရက် နံနက် ရ နာရီခွဲခန့်က ကုန်စုံဆိုင်မှ ရေခဲသေတ္တာ အပူလွန်ကဲရာမှ တဆင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။ 775

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ပြည်သူလူထုကို NCA စာချုပ်ပါ အချက်အလက်များ ရှင်းလင်းပွဲပြုလုပ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ရှင်းလင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်နေ့တွင် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ (ကျိုက်ကော်) ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ 781