သံဖြူဇရပ်မြို့ကို မြို့မြေဂရန် ပြောင်းပေးမည်၊ ပြည်သူများမြေဂရန်လျှောက်ထားနိုင်တော့မည်

ကျေးရွာဥယျာဉ်ခြံမြေအဖြစ်သာအမည်ပေါက်နေသေးသည့် သံဖြူဇရပ်မြို့တွင် နေထိုင်ကြသောအိမ်ထောင်စုတစ်ခုချင်းစီအတွက် အမည်ပေါက် မြေဂရန်ရရှိရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းမွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 4150

လျှပ်စစ်ဓာတ်အားမရောက်ရှိသေးသည့် ဒေသများကိုပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန်မွန်ပြည်နယ် လွှတ်တော်ထံတင်ပြ

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်အတွင်းအစိုးရလျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်း မရှိသေးသည့် သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်များမှကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များအား ပုဂ္ဂလိကကုမ္ပဏီဖြစ်သောSEGEPကုမ္ပဏီက မွန်ပြည်နယ်လွှတ်တော်သို့တင်ပြထားကြောင်း အဆိုပါကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာဦးမောင်မောင်မြင့်က ပြောသည်။ 4067

နာမည်ကြီးသရုပ်ဆောင်များပါဝင်မည့် အနုပညာရှင်အသင်းနှင့် သံဖြူဇရပ်လက်ရွေးစင် ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်မည်

မော်လမြိုင်၊ အောက်တိုဘာလ ။ ။ ဖိုးချစ်၊မြင့်မြတ်၊ ဆိုတေးတို့အပြင် အခြားနာမည်ကြီး တေးသံရှင်နှင့် သရုပ်ဆောင်များ ပါဝင်မည့် အနုပညာရှင် ဘောလုံးအသင်းနှင့် သံဖြူဇရပ်မြို့ လက်ရွေးစင် ဘောလုံးအသင်း တို့ ချစ်ကြည်ရေးယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၏ အမှုဆောင် ဦးစံသိန်းက ဟင်္သာမီဒီယာကို ပြောကြားသည်။ 3646

စက်စဲသောင်ပြင်ဧရိယာအတွင်းဈေးရောင်းခွင့် အပါအဝင် မော်တော်ယာဉ်၊ မြင်း၊ စက်ဘီးစီးနင်းခွင့် ပိတ်ပင်

မော်လမြိုင်၊ အောက်တိုဘာ ။ ။ သံဖြူဇရပ်မြို့နယ်ရှိစက်စဲကမ်းခြေသာယာလှပရေးအတွက် သောင်ပြင်ပေါ် ဈေးရောင်းခွင့် အပါအဝင် မော်တော်ယာဉ်၊ မြင်း၊ စက်ဘီးစီးနင်းခွင့်အားပိတ်ပင် တားမြစ်လိုက်ကြောင်းမွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးထွန်းဌေးကဟင်္သာမီဒီယာသို့ ပြောကြားသည်။ 3480

သံဖြူဇရပ်မြို့တွင် ထိုင်းသို့ တရားမဝင်တင်ပို့မည့် ကျွဲကောင်ရေ ၂၀ကျော်ဖမ်းဆီးရမိ

ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန် ကျွဲကောင်ရေ ၂၀ ကျော် တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ကို စက်တင်ဘာလ ၂၆ရက်နေ့ က သံဖြဴဇရပ်မြို့နယ် အတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း မော်လမြိုင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ 3120

ကျိုက္ခမီဘုရားပွဲတွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်း အပါအဝင် နာမည်ကြီးတေးသံရှင် ၁၁ ဦး လာရောက် ဖျော်ဖြေမည်

ယခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ကျင်းပမည့် ကျိုက္ခမီရေလယ်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော် တွင် ဖြူဖြူကျော်သိန်းနှင့် ဝိုင်းစုခိုင်သိန်း တို့အပါအဝင် နာမည်ကြီးတေးသံရှင် ၁၁ ဦးက လာရောက်ဖျော် ဖြေမည် ဖြစ်ကြောင်း ကျိုက္ခမီဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။ 2764

သံဖြူဇရပ်တွင် အက်ဆစ်ဖြင့်ပက်သည့်အမှုအတွက် သံသယရှိသူကို မိသားစုဝင်များတရားစွဲဆိုထား

သံဖြူဇရပ်မြို့ပေါ်တွင် မေလ ၂၅ ရက်နေ့က သားအဖ နှစ်ဦးကို အက်ဆစ်ဖြင့်အပက်ခံသည့်အမှုအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် သံသယရှိသူကို အက်ဆစ်ဖြစ်အပက်ခံရသူများ၏ မိသားစုဝင်က တရားစွဲဆိုလိုက်ကြောင်း အဆိုပါမိသားစုဝင်တစ်ဦးဖြစ်သူ မယမင်းသူဇာက ပြောကြားသည်။ 1743

သားအဖနှစ်ဦးကို အက်ဆစ်ဖြင့်ပက်သူ နှစ်ပတ်ကြာသည်အထိ မဖော်ထုတ်နိုင်သေး

သံဖြူဇရပ်မြို့ပေါ်တွင် မေလ ၂၅ ရက်နေ့က သားအဖနှစ်ဦးကို အက်ဆစ်ဖြင့်ပက်ခဲ့သူကို နှစ်ပတ်ကြာ သည်အထိ ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။ 1453

သံဖြူဇရပ်အဝေးပြေးကားဝင်း မတ်လ ၂၁ ရက်နေ့ ဖွင့်လှစ်မည်

သံဖြူဇရပ်၊ မတ်လ ၁၄ ။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်တွင် တည်ဆောက်ထားသော အဝေးပြေးယာဉ်ရပ်နားဝင်းကို မတ်လ ၂၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမြင့်ကျော်က ပြောသည်။ 751

သံဖြူဇရပ် သွေးလှူရှင်များအသင်း ရန်ကုန်တွင် သွေးလှူမည်

မော်လမြိုင်၊ မတ် ၁၇ ။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဇီဝိတ မြတ်ဒါန သွေးလှူရှင်များအသင်းသည် မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ သွေးသွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါ အသင်း ဥက္ကဋ္ဌ ဦတင်ရွှေက ပြောကြားသည်။ 747