မွန်ပြည်နယ်တွင် လစာဝင်ငွေ လေးသိန်းအထက်ရှိပြီး အခွန်ထမ်းဆောင်သူ ၂၆၀ဝ ဦး ကျော်ရှိ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်တွင် လစာဝင်ငွေ အခွန်ထမ်းဆောင်သူဦးရေ ၂၆၀ဝ ဦးကျော်ရှိကြောင်း မွန်ပြည်နယ် ပြည်တွင်း အခွန်ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ချိုချိုဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ 4682

လာမည့်နွေရာသီတွင် ရေရှားပါးခဲ့သည့် ကျေးရွာများအတွက် သောက်ရေနှင့် သုံးရေရရှိရန် ဆောင်ရွက်မည်ဟုဆို

Fallback Image

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ ။ ။ လွှတ်တော်ကိုယ်စားလှယ်များ တင်ပြထားသော ရေရှားပါးခဲ့သည့် ကျေးရွာများအား ယခုနှစ်နွေရာသီတွင် သောက်ရေနှင့် သုံးရေများရရှိရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။ 4676

မြို့နယ်ငါးဦးစီးဌာနလေးခု တိုးချဲ့ဖွင့်လှစ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်ရိုက်လျှောက်ထားရမည်ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆ ။ ။ မွန်ပြည်နယ်အတွင်း၌ မြို့နယ်ငါးဦးစီးဌာန လေးခုကို တိုးချဲ့ဖွင့်လှစ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်ရိုက် လျှောက်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။ 4673

စည်းကမ်းမဲ့ ရပ်ထားသည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူမည်ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်အတွင်းရှိ လမ်းများတွင် စည်းကမ်းမဲ့စွာ ရပ်ထားသည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မွန်) မှ ရဲမှူးကျော်သူက ပြောကြားသည်။ 4664

ငွေလက်ငင်းဖြတ်ပိုင်းတွင် အခွန်အမှတ်တံဆိပ် မကပ်သည့် စားသောက်ဆိုင်သုံးဆိုင် ငွေကျပ်နှစ်သိန်းစီ ဒဏ်ရိုက်ခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မော်လမြိုင်မြို့တွင်းရှိ စားသောက်ဆိုင် သုံးဆိုင်သည် ငွေလက်ငင်းဖြတ်ပိုင်း၌ အခွန်အမှတ်တံဆိပ် ကပ်ထားခြင်း မရှိသောကြောင့် တစ်ဆိုင်လျှင် ငွေကျပ်နှစ်သိန်းစီ ဒဏ်ရိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် အခွန်ဦးစီးဌာနမှ သိရသည်။ 4610

ပညာပေးရုပ်ပုံ မပါရှိသည့် စီးကရက်ဗူး ရောင်းချသူများကို ယခုလကုန် စတင်အရေးယူမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆေးလိပ်ဗူးများအနက် ပညာပေးရုပ်ပုံများ မပါရှိသော စီးကရက်ဗူး ရောင်းချသူများကို ယခု ဖေဖော်ဝါရီလကုန်မှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ 4607

မွန်ပြည်နယ်၌ တစ်လအတွင်း ယာဉ်မောင်းလိုင်စင် ၇၀ဝ၀ ကျော် ပြုလုပ်ပေးခဲ့ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် လျှောက်ထားသူ ၇၄၁၃ ဦးကို ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးခဲ့ကြောင်း မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 4602

ဒေသထွက်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန် ဆောင်ရွက်မည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းပြီး ဒေသထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းအဆိုပါ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ပြောကြားသည်။ 4599

မွန်ပြည်နယ်တွင် တစ်လအတွင်း ခါးပတ်မပတ်သည့် ယာဉ်မောင်း ၂၅၀ ကျော် အရေးယူခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်တွင် တစ်လအတွင်း မော်တော်ယာဉ် ခါးပတ်မပတ်သည့် ယာဉ်မောင်း ၂၅၀ ကျော်ကို အရေးယူထားကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (မွန်) ထံမှ သိရသည်။ 4595

ရွေးကောက်တင်မြှောက်ခွင့်ရမည့် မွန်စည်ပင်ဥပဒေကြမ်း ဧပြီလတွင် လွှတ်တော်တင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လာမည့်ဧပြီလတွင် ကျင်းပမည့် ပြည်နယ်လွှတ်တော်၌ တင်သွင်းမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောကြားသည်။ 4584