မော်လမြိုင် တက္ကသိုလ်တွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က ဟိုတယ်လုပ်ငန်းရှင်တစ်ဦး လှူဒါန်းသည့် ဆိုင်ကယ်ဦးထုပ်အလုံး ၅၀ ကို မွန်ပြည်နယ် ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်ဆရာ၊ဆရာမများက ကျောင်းသား၊ကျောင်းသူများအား အခမဲ့ ဝေငှပေးခဲ့ကြောင်းသိရသည်။

Fallback Image

ရန်ကုန်မြို့တော် ဒေါပုံ Capital တွင်ယနေ့ ညနေ ၆နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွား

Fallback Image

ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွာခဲ့ရာနေရာသို့ ဟင်္သာမီဒီယာက သွားရောက် ရိုက်ကူး တင်ဆက်လိုက်ရပါသည်။ အဆိုပါပေါက်ကွဲမှုသည် ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းတွင် ဖော်ပြထားသည်။ 4006

ဆိုင်ကယ်စတန့်ဆိုတာ ဘာလဲ?

Fallback Image

မော်လမြိုင်မြို့မှာ ဆိုင်ကယ်ကို စတန့်ထွင်ပြီး စီးတဲ့လူငယ်တွေ ရှိနေပါတယ်။ ဒီဆိုင်ကယ်စတန့်သမားတွေက ဘယ်သူတွေလဲ၊ ဘယ်လို စတန့်ပြကွက်မျိုးတွေကို ပြကြသလဲဆိုတာကို ဟင်္သာမီဒီယာကနေ အခုလို တင်ဆက်ပေးလိုက်ရပါတယ်။ 3984

မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကို နိုင်ငံရေးကင်းရှင်းသည့် လူမှုရေးအသင်းအဖြစ် ပြောင်းလဲရန် အစိုးရ ပြင်ဆင်

Fallback Image

နိုဝင်ဘာ ၁၆ တပ်မတော်အစိုးရ လက်ထက် ၁၉၉၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းကို နိုင်ငံရေးကင်းရှင်းသည့် လူမှုရေးအသင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။ ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ယင်းသို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။ အဆိုပါ အသင်းတွင် ပြည်သူ့ကိုယ်စားပြု အဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ပြဌာန်ထားသည့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဥပဒေကို လွှတ်တော်တွင် ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။ 3957

စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီလို့ NLD ပါတီ နာယက ဦးတင်ဦးပြော

Fallback Image

“ပါတီဗဟိုကော်မတီအနေနဲ့ မိမိတို့ဥက္ကဌကြီး နှင့် နာယကတို့၏ ဦးဆောင်မှုဖြင့် ပါတီ၏မူဘောင်ပေါ်လစီအတွင်း ခိုင်ခိုင်မာမာရပ်တည်ကြပြီး ဥမကွဲသိုက်မပျက်စည်းလုံးညီညွတ်စွာဖြင့် နှစ်ပေါင်း(၂၈)နှစ်ကျော်အတွင်းမှာ ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးကာလကိုဖြတ်သန်းနိုင်ခဲ့ပြီး အခုအခါ ပြည်သူတွေလိုလားတောင့်တတဲ့ စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းအမှန်ပေါ်ကို ရောက်ရှိနိုင်ပြီဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကိုလည်းပဲ ပါတီဥက္ကဌကြီး၏ ကိုယ်တိုင်ခေါင်းဆောင်မှုဖြင့် အကောင်အထည်ဖော်နေခြင်းမှာ မေတ္တာသစ္စာနှင့် ခွင့်ခြင်းတို့၏ ပုံရိပ်များပင်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ပုံရိပ်ဆိုးများ သံသရာလည်ရာမှ အေးအေးဆေးဆေး ဂုဏ်သိက္ခာရှိစွာ ပေါ်ထွန်းနိုင်ရန် ကြိုးပမ်းဖို့လည်းဖြစ်ပါတယ်။ ပါတီဥက္ကဌကြီးရဲ့ မိန့်ခွန်းမှာလည်း မိမိတို့၏ရည်မှန်းချက်များကို ဖော်ဆောင်ပေးမည့် တစ်ခုတည်းသော လမ်းကြောင်းဟာလည်း ငြိမ်းချမ်းရေးလမ်းကြောင်းသာဖြစ်ကြောင်း ဒီလမ်းကြောင်း၏ မျှော်လင့်ချက်များ သံန္နိဌာန်များ နှင့် အတူ လျှောက်လှမ်းသွားရမှာဖြစ်လာတယ်လို့ လေးလေးနက်နက်မှာကြားချင်ပါတယ်။”လို့ ဦးတင်ဦးက NLD ပထမဗဟိုကော်မတီ ဆဌမအကြိမ်အစည်းအဝေးတွင် ပြောကြားသွားတာဖြစ်ပါတယ်။ 3847

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းမှာ နိုဝင်ဘာလ ၇ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်တွင် ဈေးဆိုင်ခန်း ဈေးနှုန်းများ ယခင်နှစ်များထက်မြှင့်တက်

Fallback Image