ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ဝေးလံခေါင်ဖျား ဒေသများ၌ စာစစ်ဌာန( ၅ )ခု တိုးချဲ့ဖွင့်လှစ်မည်

16

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် ဝေးလံပြီး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသမှ ကျောင်းသား/သူများအတွက်စာစစ်ဌာန ၅ ခုကိုတိုးချဲ့ဖွင့်လှစ်ပေးထားကြောင်း အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးမြင့် ကပြောသည်။

“ဒီနှစ်က အကျဉ်းကျကျောင်းသား ၈ ဦးနဲ့ကိုယ်အင်္ဂါမသန်စွမ်းကျောင်းသားကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက်ဝေးလံခေါင်ဖျား ဒေသများ၌ စာစစ်ဌာန( ၅ )ခု တိုးချဲ့ဖွင့်လှစ်မည်၃ ဦးလည်း သက်ဆိုင်ရာ စာစစ်ဌာနတွေကနေ ဝင်ရောက်ဖြေဆိုမှာ ဖြစ်တယ်။ စာမေးပွဲလာဖြေရတာဝေးတော့ ကလေးတွေရဲ့ အခက်အခဲတွေမရှိရအောင် ကားစီးလာရတဲ့ အခါကျတော့ အန္တရာယ်တွေဖြစ်မှာစိုးတော့ အခု စာစစ်ဌာနကလည်း ခွင့်ပြုပေးပါတယ်။ ပင်မကျောင်း ကနေ သွားရတာ တအားဝေးတယ်ဆိုတော့စာစစ်ဌာနတွေခွဲပေးထားတာပါ”ဟု ဦးစိုမြင့် ကပြောဆိုသည်။

၂၀၁၈ ခုနှစ် မတ်လ ဖြေဆိုမည့် စာမေးပွဲတွင် တောင်ကလေး အကျဉ်းဦးစီးဌာနမှ အကျဉ်းကျကျောင်းသား ၈ ဦး သည် အထက(၃) ဘားအံ စာစစ်ဌာနတွင်လည်းကောင်း၊ မြဝတီမှ ကိုယ်အင်္ဂါမသန်စွမ်းသူ (၃) ဦးသည် မြဝတီစာစစ်ဌာနတွင်လည်းကောင်း၊ စာစစ်ဌာနသတ်မှတ် စည်းမျဉ်းစည်းကမ်းအတိုင်း ဖြေဆိုမှာဖြစ်ကြောင်း သိရှိရသည်။

“ဒီစာစစ်ဌာန ရရှိတဲ့အတွက်ကြောင့် ကျွန်မတို့က အများကြီးဝမ်းသာပါတယ်။ အောင်ချက်ရာခိုင်နှုန်းကတော့ဒီနှစ်ကတော့ မနှစ်ကထက်စာရင် တိုးလာမယ်လို့ ထင်ပါတယ်။ ကိုယ့်နယ်က ကိုယ့်ကျောင်းနဲ့ကိုယ် စာစစ်ဌာနနဲ့ ဖြေမှာဖြစ်တဲ့အတွက်ကြောင့် အထိတ်တလန့်နဲ့ ဖြစ်စရာမလိုတော့ဘူး။ ကား /ဆိုင်ကယ် အန္တရာယ်လည်းကင်း သွားမယ်။ တခြားခရီးဝေးလည်းသွားရတာမဟုတ်တဲ့အတွက်ကြောင့် သူတို့အတွက် စာကျက်ချိန်ပိုရသွားမယ် ”ဟု ကျောင်းအုပ် ဒေါ်တင်မာချိုက ပြောဆိုသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကိုတစ်နိုင်ငံလုံးအတိုင်းအတာနှင့် မတ်(၇)ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က ကရင်ပြည်နယ် ခရိုင်(၇)ခုတွင် စာစစ်ဌာန (၃၇) ခုသာရှိခဲ့ကာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ကာ စာစစ်ဌာန (၅ခုတိုးချဲ့ဖွင့်လှစ်ခဲ့သည့်အတွက်စာစစ်ဌာနပေါင်း (၄၂) ခုရှိခဲ့ပြီး၊ ၎င်းစာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူ (၁၉၀၄၂) ဦး ဝင်ရောက်ဖြေဆိုသွားမှာဖြစ်ကြောင်းသိရသည်။

Written by ရာဟု (ဖားအံ)

LEAVE A REPLY

Please enter your comment!
Please enter your name here