ကွန်ပျူတာနဲ့ လက်ထပ်တာကို အသိအမှတ်မပြုလို့ အလာဘားမားပြည်နယ်ကို တရားစွဲ

1

ကွန်ပျူတာနဲ့ လက်ထပ်ထား ပေမယ့် တရားရုံးကသူတို့ရဲ့လက် ထပ်မှုကို အသိအမှတ်မပြုတဲ့အ တွက် ခရစ်စ်ဆီဗီယာဆိုတဲ့အမျိုး သာဟာ အလာဘားမားပြည်နယ် ကို တရားစွဲလိုက်ပါတယ်။

ဆီဗီယာဟာ တက္ကဆက်နဲ့ အူတာပြည်နယ်မှာလည်း အဲဒီလို တရားစွဲဆိုမှုတွေ ပြုလုပ်ထားသ လို ကော်လိုရာဒိုပြည်နယ်မှာလည်း သူနဲ့သူ့ဇနီးလောင်း ကွန်ပျူတာတို့ အတွက် မင်္ဂလာကိတ် လုပ်ပေးဖို့ မုန့်လုပ်သမားရှာပေးဖို့ တရားစွဲခဲ့ ဖူးပါတယ်။

သူဟာ အလာဘာမားပြည်နယ်မြောက်ပိုင်းခရိုင်မှာ သြဂုတ် ၃၁ ရက်က သူ့ရဲ့အခွင့်အရေး၊ ပုဂ္ဂလိက အခွင့်အရေးတွေကို မြို့ တော်ဝန်ကေအိုင်ဗေး၊ တရားလွှတ် တော်ရှေ့နေချုပ် စတိဗ်မာရှယ်၊ ဘ လောင့်ကောင်တီက တရားသူကြီး ခရစ်ဂရင်းတို့က ချိုးဖောက်ခဲ့တယ် ဆိုပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါ တယ်။
တရားရုံးတော်ကို လျှောက် ထားလွှာထဲမှာ သူဟာအမျိုးသမီး နဲ့တူတဲ့ အရာဝတ္ထုကိုလက်ထပ် ထားတာဖြစ်ကြောင်း၊ တရားသူ ကြီးဂရင်းအနေဖြင့် သူရဲ့လက်ထပ် ထိမ်းမြားမှုကို အသိအမှုပြုပြီး လက်ထပ်ခွင်လိုင်စင် ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။

‘ကျွန်တော့်ရဲ့ တရားပြိုင် ဂရင်းဟာ လိင်တူဆက်ဆံသူတွေ ကို လက်ထပ်ခွင့်လိုင်စင်ထုတ်ပေးခဲ့ပေမယ့် တိရစ္ဆာန်နဲ့လိင်ဆက်ဆံ လိုသူတွေ၊ စက်ပစ္စည်းနဲ့ လက်ထပ် လိုသူတွေ၊ မယားပြိုင်ယူလိုသူ တွေအတွက် လိုင်စင်ထုတ်မပေး တာဟာ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်ရာ ရောက်ပါတယ်’လို့ သူက လျှောက်ထားလွှာထဲမှာရေး သားထားပါတယ်။

တခြား တရားလိုတွေဖြစ်တဲ့ ဂျွန်ဂန်တာဂျူနီယာ၊ ဝှစ်နီကိုး၊ ဂျို အန်ဂရေ့စ်ဟာလေးတို့ဟာ သုံးပွင့် ဆိုင် လက်ထပ်လိုပေမယ့်ငြင်းပယ် ခံရတဲ့အတွက် တရားစွဲခဲ့ကြတာ ပါ။

တရားစွဲခံရတဲ့ တရားသူကြီး ကတော့ သူ့ကိုတရားစွဲသူတွေဟာ သူနဲ့လူချင်းတွေ့ဖို့ တောင်းဆိုတာ မျိုးမရှိဘဲ လက်ထပ်ခွင့်လိုင်စင် ချ ပေးဖို့သာ ဖုန်းဆက်ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

‘ဘလောင့်ကောင်တီမှာ ကျွန် တော် လုပ်မပေးနိုင်ဘူးလို့ ပြော လိုက်တယ်။ ဘယ်လို လုပ်ပေးရမ လဲ’လို့ ပြောပါတယ်။

ဆီဗီယာဟာ တင်နက်ဆီ ပြည်နယ်က ရှေ့နေဟောင်းတစ် ယောက်ဖြစ်ပြီး ကန်ထရီးအဆို တော်ဂျွန်ရစ်ချ်နဲ့ ၁၇ နှစ် သမီးအ ရွယ်မိန်းကလေးတစ်ဦးတို့ကို မ ဖွယ်မရာလုပ်မှုနဲ့ တရားစွဲခံရဖူးပါ တယ်။

Source: AL.com

LEAVE A REPLY

Please enter your comment!
Please enter your name here