ကွမ်းသီးအခြောက် ဈေးချိုသော်လည်း အစိုမှာ ဈေးပို

46

မော်လမြိုင်၊ဖေဖော်ဝါရီ ၇

မော်လမြိုင်ကွမ်းသီးဈေးသည် ပေါ်ဦးစတာထွက်ဈေးကောင်းခဲ့သော်လည်း ယခုအချိန်တွင်ဈေးနှုန်းကျပြီး ငြိမ်နေကြောင်း ကွမ်းသီးရောင်းဝယ်သူများထံမှသိရသည်။

ကွမ်းသီးစတင်ထွက်ရှိချိန်ဖြစ်သော ပြီးခဲ့သည့် ၂၀၁၇ ၊ စက်တင်ဘာလက ကွမ်းသီးလုံးအခြောက်(အခွံနွှာပြီးသားပြွန်း) တစ်ပိဿာ ၄၈၀၀ ကျပ်ခန့်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျပ် ၄၂၀၀ သာပေါက်ဈေးရှိနေသည်။

“ကွမ်းသီးအခြောက်ကအခုဈေးကျပြီး ငြိမ်နေပေမယ့် အစိုကဈေးကောင်းတယ်၊အစိုကဝယ်စားသမားများလို့ပါ၊ အခု အလုံး ၁၀၀ ကို ၃၅၀၀ကျပ်လောက်ဖြစ်နေတယ်”ဟုကွမ်းသီးခြံရှင် ဒေါ်အေးမူ ကပြောသည်။

ကွမ်းသီးကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနှင့်မွန်ပြည်နယ်ရေးမြိုနယ်၊ မုဒုံမြို့နယ် တို့မှမော်လမြိုင်သို့လာရောက်တင်သွင်းရောင်းချပြီး၊ မော်လမြိုင်မှတစ်ဆင့် ပေါင်၊ ဘားအံ၊ မန္တလေးနှင့်တမူးမြို့များသို့ပြန်လည်တင်ပို့ကြောင်း ၎င်းကပြောသည်။

ကွမ်းသီးခူးဆွတ်ရာသီကုန်ချိန် ၄ လပိုင်း၊ သင်္ကြန်လွန်ကာလ၌ အစိုသီးများ ဈေးမြင့်တက်လာနိုင်ခြေရှိကြောင်း ကွမ်းသီးခြံရှင်များကသုံးသပ်ထားသည်။

Written by -ဂေထော

Photo – sk

LEAVE A REPLY

Please enter your comment!
Please enter your name here