Hintharmedia

ချုပ်ချယ်တယ်လို့ ထင်ရင် အချိန်မဆွဲဘဲ ယတိပြတ် ဖြတ် လိုက်ပါဆိုတဲ့ “အိုင်းရင်း ဇင်မာမြင့်”

မကြာခင်က “ချစ်လို့”တေးစီး ရီးအမ်တီဗီထွက်ရှိထားတဲ့ အဆို တော်“အိုင်းရင်းဇင်မာမြင့်”ဟာ အချစ်နဲ့ပတ်သက်ပြီးလတ်တလော ခံစားချက်ကိုအခုလိုရှင်းပြပါတယ်။

““အချစ်က အိုင်းရင်းကိုအလုပ် ရှုပ်စေတယ်။ ရက်ပိုင်းအတွင်းမှာ ပဲတော်တော်အလုပ်ရှုပ်သွားတယ်။ ဦးနှောက်တွေကိုလည်းအလုပ်ရှုပ် သွားသလို၊ လူကိုလည်းဝိတ်ကျ သွားစေတယ်။ နောက်ပြီး ကောင်းတဲ့ ဘက်က ကြည့်ရင် ကောင်းတဲ့အရာတွေ လည်းအများကြီးကြုံ ခဲ့ရသလို၊ မေတ္တာတွေလည်းအရမ်းခံစားခဲ့ရ တယ်””လို့ ပြောကြားခဲ့ပါတယ်။
သူမကြုံတွေ့ ရတဲ့ အချစ် ဇာတ်လမ်း အပေါ် အခြားမိန်း ကလေး တွေ အတွက် အကြံပေး စကားကိုတော့ အခုလိုပြောပြ ပါတယ်။

““မိန်းကလေးပဲဖြစ်ဖြစ်၊ ယော ကျ်ားလေးပဲဖြစ်ဖြစ် အသည်းကွဲ ဖူးကြမှာပါ။ ကိုယ်ချင်းလည်းစာပါ တယ်။ Relationship မှာပိုက်ဆံ ရှိတာ၊မရှိတာ၊ ရုပ်ချောတာမချော တာတွေကအရေးမကြီးပါဘူး။ ကိုယ်ချစ်တဲ့သူအပေါ်မှာသစ္စာရှိပြီး ချစ်ပေးကြပါလို့ပြောချင်ပါတယ်။ အဲဒီတော့ ချုပ်ချယ်တယ်ဆိုတဲ့အ ကြောင်းပြချက်လေးနဲ့တော့လမ်းမ ခွဲစေချင်ပါဘူး။ အိုင်းရင်းကိုယ်တိုင် လည်း လက်တွေ့ခံစားရတာဖြစ်တဲ့ အတွက်ပရိသတ်တွေကိုလည်း သတိပေးချင်ပါတယ်။ ကိုယ်ကိုယ် တိုင်ချုပ်ချယ်တယ်ထင်ရင် ယတိ ပြတ်ဖျက်လိုက်ပါ၊ အချိန်ဆွဲမထား စေချင်ပါတယ်””လို့ သူ့ရဲ့အတွေ့ အကြုံကိုဖွင့်ဟသွားခဲ့ပါတယ်။

Written by – သိမ်မွေ့

Photo from Iren Zin Mar Myint Facebook

Add comment

Advertisement

Advertisement

error: Content is protected !!