ဆွတ်ဆွတ်ဖြူတဲ့ ရှားပါးသစ်ကုလားအုပ် ၂ ကောင်တွေ့

4

ဆွတ်ဆွတ်ဖြူတဲ့သစ်ကုလား အုပ်နှစ်ကောင်ကို တွေ့ရှိခဲ့ရပါ တယ်။ ဒါဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ရှိရတာဖြစ် တယ်လို့လည်း ဆိုပါတယ်။

အဲဒီ သစ်ကုလားအုပ်နှစ် ကောင်ကို ရိုက်ထားတဲ့ဗီဒီယိုထဲမှာ တော့ အဖြူရောင်သစ်ကုလားအုပ် သားအမိနှစ်ကောင်ဟာ အီရှက် ဘီနီဟီရိုလာ တောထဲမှာလျှောက် သွားနေတာကို တွေ့ရပါတယ်။

သစ်ကုလားအုပ် အဖြူတစ် ကောင်နဲ့ သားပေါက်ကလေးကို တွေ့နေရတယ်လို့ ကောလာဟလ တွေထွက်ပြီးနောက်မှာ တော ခေါင်းတွေက အခုလိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

‘ကျွန်တော်တို့ကို ကြည့်နေ တဲ့ ထူးခြားလှပတဲ့ အဖြူရောင်သစ် ကုလားအုပ်မှာ အစက်အပြောက် တွေမရှိတာကို တွေ့ရပါတယ်’လို့ တောခေါင်းတစ်ဦးကပြောပါတယ်။

တန်ဇနီးယားနိုင်ငံ၊ တရန်ဂီး အမျိုးသားပန်းခြံမှာ အဖြူရောင် သစ်ကုလားအုပ်ကိုတွေ့တယ်ဆိုတဲ့ သတင်းတွေက ၂၀၁၆ ဇန်နဝါရီလ မှာထွက်ခဲ့ဖူးသလို ကင်ညာက အီ ရှက်ဘီနီမှာလည်း တွေ့ရတယ်ဆို ပြီး ၂၀၁၆ မတ်လမှာ သတင်း တွေထွက်ဖူးပါတယ်။

Source: Metro

LEAVE A REPLY

Please enter your comment!
Please enter your name here