Hintharmedia

တနင်္သာရီတိုင်းမှ အင်ဒိုနီးရှားနှင့် ထိုင်းတို့ လူကုန်ကူးခံရသူ၁၈ဦးအားမိဘရပ်ထံပြန်လည်အပ်နှံနိုင်ခဲ့

ထားဝယ်၊ ဇူလိုင် ။       ။တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများသို့ လူကုန်ကူးခံရသူ များကို မိဘရပ်ထံပြန်လည်အပ်နှံပေးနိုင်ခဲ့သည်မှာ ယခုနှစ် ဇူလိုင်လ ၁၀ ရက်အထိ ၁၈ဦးရှိပြီဖြစ်ကြောင်း တိုင်းေ ဒသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ထိုသို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့သူ (၁၈)ဦးမှာ ထားဝယ်မြို့နယ်မှ ၁ ဦး၊ မြိတ်မြို့နယ်မှ ၁ ဦး၊ ကော့သောင်းမြို့နယ်မှ ၁၆ ဦးဖြစ်ကြောင်း သိရသည်။

လူကုန်ကူခံရသူများ၏အမည်စာရင်းကို လက်ခံရရှိချိန်တွင် သက်ဆိုင်ရာခရိုင်၊မြို့နယ်၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့်
မိဘများနှင့်ကြိုတင်ဆက်သွယ်ထားခဲ့ကြောင်း၊ ပြန်လည်ရောက်ရှိလာချိန်တွင် မိသားစုနှင့်အတူ သွားရောက်ကြိုဆိုပေးခဲ့ကြောင်းတနင်္သာရီတိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှတိုင်းဦးစီးမှူးညွှန်ကြားရေးမှူးဒေါ်ခင်စန်းရီက ပြောဆိုသည်။

“တချို့ခရီးဝေးလို့ မလာနိုင်ဘူးဆိုလို့ရှိရင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာ
ဝန်ရှိသူတွေက လက်ခံသွားတယ်”ဟု မိသားစုများလာရောက်ကြိုဆိုလက်ခံမပေးနိုင်လျှင်လုပ်ဆောင်ခဲ့ရခြင်းနှင့် ပတ်သက်၍ ဒေါ်ခင် စန်းရီက ပြောဆိုသည်။

ပြန်လည်ကြိုဆိုလက်ခံရေးကော်မတီတွင်လဝက၊ရဲတပ်ဖွဲ့၊လူမှုဝန်ထမ်းဦးစီး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ပညာရေးဦးစီးဌာနတို့မှကိုယ်စားလှယ်၆ဦးတို့ဖြင့်ဖွဲ့စည်းထားပြီးလူကုန်ကူးခံရသူများ၏လိုအပ်ချက်များအားယင်းဌာနများမှ မိမိကဏ္ဍာအလိုက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှ ၂၀၁၆ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးမှ မိဘရပ်ထံပြန်လည်အပ်နှံနိုင်ခဲ့သော
လူကုန်ကူးခံရသူ ၂၃၀ ဦးရှိသည်ဟု သိရသည်။

ယင်းလူကုန်ကူးခံရသူများမှာ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများရှိ ငါးဖမ်းသင်္ဘောများ၌လုပ်ကိုင်ခဲ့သူများဖြစ်ပြီး ရေလုပ်သားအများစုသည်မြန်မာနိုင်ငံသားနှင့် ကမ္ဘောဒီးယားနိုင်ငံသားများဖြစ်ကြောင်း၊ မြန်မာရေလုပ်သားများသည် အင်ဒိုနီးရှားပင်လယ်ပြင်၌ ငါးဖမ်းသင်္ဘောများဖြင့်ရက်ရှည်လများလုပ်ကိုင်ခဲ့ရပြီး နှစ်ရက်၊သုံးရက်ခန့် ကျွန်းများသို့ဝင်ရောက်လာချိန် မြန်မာသံရုံး၊ IOLအဖွဲ့များနှင့် ဆက်သွယ်မိ ရာမှတစ်ဆင့်ဝိုင်းဝန်းကူညီမှုဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Written by – တင့်လွင်

Add comment

Advertisement

Advertisement