ထိုင်းတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအပေါ် ပြင်းထန်သော အရေးယူမှုများ စတင်

0
Migrant workers from Myanmar sort fish after unloading the catch from a boat at the port of Mahachai, near Bangkok September 24, 2011. Hundreds of thousands of migrant workers from Myanmar and other neighbouring countries escape poverty to search for prosperity in Thailand but human rights groups are expressing concerns that the rights of many of those workers are being violated. REUTERS/Soe Zeya Tun (THAILAND - Tags: SOCIETY IMMIGRATION BUSINESS EMPLOYMENT) - RTR2RS8W

ထိုင်းနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများနှင့် လူကုန်ကူးမှု တားမြစ်ရေးအတွက် ပြဌာန်းလိုက်သော ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် သက်ရောက်မှုရှိနေပြီဖြစ်သည်။

အဆိုပါ ဥပဒေအသစ်ကို ပြီးခဲ့သည့် ဇွန်လ(၂၃) ရက်နေ့ကတည်းက စတင်ကာ ကျင့်သုံးနေပြီဖြစ်သည်။

ဥပဒေအသစ်တွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမားများကို တရားမဝင်ငှားရမ်းထားသော အလုပ်ရှင်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးချိုးဖောက်သူများအပေါ် ပြင်းထန်သော အပြစ်ပေးအရေးယူမှုများ ချမှတ်ထားသည်။

ဥပဒေအသစ်အရ ရွှေ့ပြောင်းအလုပ်သမားများကို တရားမဝင် ခန့်ထားသော မည်သည့်အလုပ်ရှင်မဆို အလုပ်သမားတစ်ဦးစာလျှင် ဘတ်ငွေ လေးသိန်းမှ ရှစ်သိန်းအထိ ဒဏ်ကြေးချမှတ်ခံရမည်ဖြစ်သည်။

ထို့အပြင် တားမြစ်ထားသော အလုပ်များကို လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား၊ အလုပ်ပါမစ် မရှိဘဲ အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများသည် ဘတ်ငွေ နှစ်ထောင်မှ တစ်သိန်းအထိ သို့မဟုတ် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်းသိရသည်။

အလုပ်လုပ်ခွင့်ပါမစ်ဖြင့် ခွင့်ပြုထားသော အမျိုးအစားမဟုတ်သော အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများသည် ဒဏ်ကြေးတစ်သိန်းအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ဥပဒေအသစ်အရ ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကြီး စာရွက်စာတမ်းများကို ထိန်းသိမ်းထားသော မည်သူမဆိုထောင်ဒဏ်ခြောက်လနှင့် အနည်းဆုံးဘတ်ငွေ တစ်သိန်းအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်းသိရသည်။

ထို့အတူ ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်အကိုင်ရှာဖွေနေသူများကို အလုပ်ရှာပေးသည့် ပွဲစားများသည် ထောင်ဒဏ်ဆယ်နှစ်နှင့် ဒဏ်ကြေး ဘတ်ငွေတစ်သန်းအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်းသိရသည်။

Source: Pattaya Mail

LEAVE A REPLY

Please enter your comment!
Please enter your name here