ထီပေါက်ကာ ထိုင်းငွေ ဘတ်ခြောက်သန်းကံထူးခဲ့တဲ့ မြန်မာ စက်ရုံအလုပ်သမလေး

86

ဘန်ကောက်၊ ဖေဖော်ဝါရီ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးဟာ ထိုင်းထီ ပထမဆုပေါက်ကာ ဘတ်ခြောက်သန်းရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာကဖော်ပြပါတယ်။
သူမဟာ ထိုင်းနိုင်ငံရှိ ငါးသေတ္တာထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ အလုပ်သမလေးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ တစ်နှစ်ခန့်ရှိပြီလို့ သိရပါတယ်။

သူမကတော့ အသက်၂၁နှစ်အရွယ်ရှိ မသီရိရွှေစင်ပဲ ဖြစ်ပါတယ်။ သူမဟာ ထိုင်းအစိုးရက ဖွင့်ပေးတဲ့ ထီကို ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ ထီအမှတ် 026853 နှင့် အတူ ပထမဆုကို ကံထူးခဲ့ပါတယ်။

သီရိဟာ သူမ ပေါက်မဲ့ ထီလက်မှတ်ကို သူမအလုပ်လုပ်တဲ့ စက်ရုံအရှေ့ဆိုင်က ဝယ်ခဲ့တာဖြစ်ပြီး သုံးစောင်အနက် တစ်စောင်က ကံထူးခဲ့တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ထီဌာနကနေပြီးတော့ သူမပေါက်ငွေတွေကို ထိုင်းနိုင်ငံ ထက်ယန် ခရိုင်အတွင်းမှာရှိတဲ့ Krungthai ဘဏ်မှာ အပ်ငွေအဖြစ် အပ်ထားပေးခဲ့ပါတယ်။ သူမကံထူးတဲ့ငွေတွေထဲမှ ဘတ်၃သောင်းကို တံဆိပ်ခေါင်းခွန် ပေးဆောင်ရမှာဖြစ်ပြီး ကျန် ဘတ် 597000ခန့်၊ ဘတ်ခြောက်သန်းနီးပါးကို သူမရရှိမှာပဲဖြစ်ပါတယ်။

သူမရဲ့ ကံတရားကတော့ သူမရဲ့ ရွေ့ပြောင်းလုပ်သားဘဝကို လုံးဝပြောင်းလဲပစ်ခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းငွေ ဘတ်ခြောက်သန်းဟာ မြန်မာငွေ သန်း ၂၄၀ခန့်(သိန်း၂၄၀၀)တန်ဖိုးရှိတာကြောင့် သူမဟာ သူဌေးမလေး အဖြစ်နဲ့ ဇာတိမြေကို ပြန်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမကို ထက်ယန် ခရိုင်ရှိ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ယက်အဖွဲ့ကနေ စောင့်ရှောက်ပေးလျက်ရှိပြီး သူမနာမည်နဲ့ KTBဘဏ်အကောက်တစ်ခုဖွင့်ကာ ချက်လက်မှတ်နဲ့ ထုတ်ယူနိုင်ရန် ကူညီထားကြောင်း ကွန်ယကပ်အဖွဲ့မှ မစ္စတာ ဘာရီက ပြောပါတယ်။

သူမကတော့ ကံထူးငွေတွေကို မြန်မာပြည်မှာရှိတဲ့ မိဘနှစ်ပါးကို ကန်တော့မယ်လို့ ပြောပါတယ်။ အချို့တစ်ဝက်ကိုတော့အလှူအတန်းပြုမှာဖြစ်ပြီး မကြာခင်မှာ ရန်ကုန်မြို့ကိုပြန်ပြီး မိဘ၊ မောင်နှမတွေနဲ့ အေးအေးချမ်းချမ်းနေထိုင်တော့မယ်လို့ ဆိုပါတယ်။

သူမဟာ ငွေအများအပြားရရှိထားတဲ့အတွက် လုံခြုံရေးကို စိုးရိမ်တာကြောင့် ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ယက်အဖွဲ့က သူမမပြန်ခင် စောင့်ရှောက်ပေးထားရခြင်းဖြစ်တယ်လို့ မစ္စတာ ဘရီက ပြောပါတယ်။

Ref: Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here