ဒေသထွက်သီးနှံများကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ဖန်တီးရေး အကူအညီပေးမည်ဟု ဝန်ကြီးပြော

23

မော်လမြိုင်၊ ဒီဇင်ဘာ

မွန်ပြည်နယ် ဒေသအသီးသီးမှ ထွက်ရှိသည့် သီးနှံများကို ပအိုင်းတိုင်းရင်းသားများအနေဖြင့် တန်ဖိုးမြင့်ထုတ် ကုန်
များအဖြစ် ဖန်တီးပြုလုပ်နိုင်ရန်အတွက် သင်တန်းပေးခြင်းနှင့် ဈေးကွက်ဖော်ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့် ခိုင်က ပြောသည်။

“လက်တွေ့တတ်ကျွမ်းတဲ့ ဆရာတွေခေါပြီး သင်ပေးမယ်။ ယိုစုံတို့ လုပ်တာဆို လွယ်ပါတယ်။ အဲဒါကို အဆင့်မီ ထုပ်ပိုးနိုင်ဖို့အတွက် လိုတယ်။ ခုဆိုထိုင်းကလာတဲ့ သစ်သီးခြောက်တွေကို တို့တွေ စားနေတာ၊ ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်နိုင်ရင် ထိုင်းကိုတောင် ကျော်သွားနိုင်တယ်” ဟု ၎င်းင်းက ဆိုသည်။

သင်တန်းပေးရာတွင် အခမဲ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး ထုတ်ပိုးနည်းပညာအတွက် စက်ပစ္စည်းကိရိယာများ လို
အပ်ပါက ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သီးနှံများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် သင်ကြားမည့် ဆရာများနှင့် ချိတ်ဆက်ထားပေးမည်ဖြစ်ပြီး ဒီဇင်ဘာ
လအတွင်း လုပ်ဆောင်နိုင်မည်ဟု ပအိုဝ်းတိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံစဉ်က ကတိပြုထားကြောင်း ၎င်းင်းက ပြောဆိုသည်။

ထို့ပြင် သင်တန်းများ ဖွင့်လှစ်နိုင်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့၊ တိုင်းရင်းသား ရန်ပုံငွေဖြင့် ထောက်ပံ့ပေးမည်ဖြစ်
ကာ သီးနှံများကို နိုင်ငံတကာနည်းပညာဖြင့် အဆင့်မြှင့်တင်ရန် လိုအပ်ပါက ပညာတော်သင်စေလွှတ်ရန်ရည်ရွယ် ထားကြောင်းလည်း ၎င်းင်းက ဖြည့်စွက်ပြောဆိုသည်။

အလားတူ ပအိုဝ်းလူငယ်များ လူ့စွမ်းအားအရင်းအမြစ် ပိုမိုပြည့်ဝလာရန် ရည်ရွယ်၍ စီးပွားရေးလုပ်ငန်းရှင်၊ ပညာ
ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများလည်း အခါအားလျော်စွာပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

Written by – ရင်ငြိမ်းချမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here