နိုင်ငံရေးလှုပ်ရှားမှုအား ပိတ်ပင်ထားခြင်းကို ရပ်တန့်ရန် ထိုင်းစစ်အစိုးရကို တိုက်တွန်း

18

ဘန်ကောက်

၂၀၁၄ ခုနှစ် အာဏာသိမ်း ပြီးကတည်းက ချမှတ်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုအပေါ် ပိတ်ပင်ခြင်းကို ပယ်ဖျက်ရန် ထိုင်းနိုင်ငံ၏ အင်အားကြီးပါတီ Puea Thai Party က ထိုင်းစစ်အစိုး ရကို တိုက်တွန်းလိုက်ပြီး ပယ်ဖျက်ရန် ကြန့်ကြာနေခြင်းသည်စစ်ဗိုလ်ချုပ်ကြီးများ ပေးထားသည့် နောက်နှစ်တွင် ရွေး ကောက်ပွဲလုပ်မည်ဆိုသော ကတိသည် နောက်ဆုတ်သွားနိုင်
ခြေရှိသည်ဆိုသည့် သဘောသာဖြစ်ကြောင်း ၎င်းင်းတို့က ဆိုသည်။

Puea Thai Paty အာဏာ ရနေစဉ်အတွင်း စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ယ ခုကဲ့သို့သော ထုတ်ပြန်ချက်မှာ ရှားရှားပါးပါးသာတွေ့ရကာ ၂၀၁၈ နိုဝင်ဘာတွင် ရွေးကောက်
ပွဲ ကျင်းပမည်ဟု စစ်အစိုးရက ကတိပေးပြီးနောက် နိုင်ငံရေးအုပ်စုများ၏ တိုက်တွန်းတောင်းဆိုမှုများအကြားတွင် ထုတ်ပြန် လိုက်ခြင်းလည်း ဖြစ်သည်။

ဝန်ကြီးချုပ်ပရာယွန်ချန်အိုချာက နိုင်ငံရေးလှုပ်ရှားမှု အပေါ် ပိတ်ပင်ခြင်းကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ကြေညာပြီးနောက် ထုတ်ပြန်သော အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ‘နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ် စစ်အစိုးရရဲ့ ကန့်သတ်မှုတွေဟာ ရွေးကောက်ပွဲနောက် ဆုတ်ဖို့အတွက် အကြောင်းပြစရာဖြစ်သွားနိုင်ပါတယ်။ အရင်တုန်းကလည်းအကြိမ် ကြိမ်
ဖြစ်ခဲ့ဖူးပါတယ်’ ဟု ဖော်ပြထားသည်။

ဘုရင်ဘူမိဘော၏ ဈာပနအခမ်းအနားအပြီး အောက် တိုဘာ ၂၉ ရက်မှစတင်ကာ ပိတ်ပင်တားမြစ်ထားမှုကို အနောက်နိုင်ငံများနှင့် ကုလသ မဂ္ဂက ဝေဖန်ထောက်ပြနေရာ စစ်အစိုးရက နိုင်ငံရေးလှုပ်ရှား မှုကန့်သတ်ချက်အား ပယ်ဖျက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်အစိုးရအဖွဲ့ကအစည်းအဝေးအပြီး ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တွင်တော့ ကန့်သတ်ချက်ကို ဆက်လက်ထား ရှိသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကြေညာခဲ့သည်။

ယခုအခါတွင် အာဏာသိမ်းခံ ဝန်ကြီးချုပ်ဟောင်း ယင်လပ်သည့် ပြည်ပတွင် နေထိုင် လျက်ရှိသည်။ ယင်လပ်သည်၎င်းင်းတာဝန်ယူနေစဉ်ကာလအတွင်း အရန်ဆန်ဝယ်ယူရေးစီမံကိန်းအလွဲသုံးစားလုပ်သည်ဟုဆိုကာ တရားစွဲခံထားရစဉ် အပြစ်ပေးအမိန့်မချမီ နိုင်ငံထဲမှ ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် တရားရုံးက ၎င်းင်းအား မျက်ကွယ်ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်သည်။

Source: Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here