Hintharmedia

နေပြည်တော်၏ နိုင်ငံရေးအပြောင်းအလဲကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး

(ယခင်တစ်ပတ်မှအဆက်….) တတိယပိုင်း –

တရုတ်ပညာရှင်များက ဆက်သွယ် မိသည့် မြန်မာ လေ့လာသုံးသပ်သူ အဆက်အသွယ်နှင့်၊ အနောက်တိုင်း ပညာရှင်များက ဆက်သွယ်မိ သည့် မြန်မာလေ့လာသုံးသပ်သူ အဆက်အသွယ် တို့၏ မတူညီသောသဘာဝကြောင့်၊ တရုတ်-မြန် မာ ဆက်ဆံရေး အပေါ်တွင်လည်း နိုင်ငံတကာ ပညာရှင်များအကြား၊ မတူညီသော အမြင်အ မျိုးမျိုး ထွက်ပေါ်လာသည်။ မသိမသာ ကွဲပြား သည့် လေ့လာသုံးသပ်ချက်အပေါ် အားပြုသည့် အတွေးအခေါ် ဂိုဏ်းတစ်ခုခု၏ အမြင်ကို ကိုင်စွဲ ခြင်း ထက်၊ မကြာသေးမီက အဖြစ်အပျက်များကို တရုတ်လိုလားမှု သို့မဟုတ် အမေရိကန်လိုလားမှု အဖြစ် (အနက်မဟုတ်လျှင် အဖြူဖြစ်ရမည် ဆို သည့်ကောက်ချက် ဆွဲခြင်းမျိုး -ဘာသာပြန်သူ) ဂိုဏ်းခွဲခြင်းကို ရှောင်ရှားရန် လိုအပ်သည်။ သို့မှ သာ တရုတ် နိုးကြားရေးဝါဒအပေါ် မြန်မာအ ထက်လွှာနှင့် လူထုတို့၏ခံစားချက်ကို ပိုမိုမှန်ကန် စွာ တွက်ဆနိုင်ပေလိမ့်မည်။ အမှန်စင်စစ်အားဖြင့် မြန်မာလူထု၏ ကြီးမားသော အစိတ်အပိုင်းမှာ၊ အမျိုးသား အကျိုးစီးပွားက ၎င်းတို့၏ အခြေခံ နိုင်ငံရေးပုံရိပ်ကို ထုဆစ်ပေးခြင်းခံရသည့် ကျိုး ကြောင်းဆီလျော်စွာ စဉ်းစားတတ်သူများ ဖြစ် သည်ဟု ယူဆလျှင် ပိုမိုသင့်တော်ပေလိမ့်မည်။ အခြားသော စကားလုံးဖြင့်ဆိုရလျှင်၊ ၎င်းတို့ နိုင် ငံ၏ အမျိုးသားအကျိုးစီးပွါးနှင့် တည်ငြိမ်သော မြန်မာ့စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်နှင့် ပတ်သက်လျှင် ပြည်သူလူထုကဲ့သို့ပင် နေပြည် တော်ရှိ ပေါ်လစီရေးဆွဲသူများက ပိုမို လက်တွေ့ ကျကျ ဂရုတစိုက် ရှိလာကြလိမ့်မည်ဟု မျှော်လင့် ရပေသည်။

ထိုသို့ဆိုစေကာမူ၊ နေပြည်တော်နှင့်ပေကျင်း ၏ဆက်ဆံရေးနှင့် ပတ်သက်၍ တရုတ်အစိုးရ အရာရှိများနှင့် တရုတ်ပြည်သူလူထု၏ အလေး ထား ပြောဆိုမှုများအပေါ် နိုင်ငံတကာ ပညာရှင် အသိုင်းအဝိုင်း၏ ဝေဖန်မှုသည် ကြီးမားသည့် သက်ရောက်မှုကို ဖြစ်စေသည်။ ယခင်စစ်အုပ်စု ၏သြဇာမှာ မြန်မာအစိုးရ၏ နိုင်ငံအုပ်ချုပ်ရေး စဉ်းစားတွေးခေါ်မှုတွင် အရေးအကြီးဆုံး ကဏ္ဍ၌ မတည်ရှိတော့ ဆိုသည်ကို တရုတ်အရာရှိများနှင့် ပညာရှင်များက တဖြည်းဖြည်း သိရှိလာသကဲ့သို့ နေပြည်တော် တံခါးဖွင့်လှစ်ခြင်းမှာ၊ ပထဝီ နိုင်ငံ ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေ အပြောင်းအလဲပင် ဖြစ်ကြောင်းကိုလည်း သတိ ထားမိလာကြလေသည်။ အဆိုပါကိစ္စမှာ ဦးသိန်း စိန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒချမှတ်ရာတွင် ပိုမိုသိသာ ထင်ရှားလာသည်။ စစ်အုပ်ချုပ်ရေး ကာလက မြန်မာပြည်သည် တရုတ်နှင့် အိန္ဒိယ အကြား ပထဝီ နိုင်ငံရေးဖဲချပ်ကို ကစားခဲ့ပြီး၊ ယခုအခါတွင်မူ ပေကျင်းအနေဖြင့် မြန်မာ့ ခေါင်း ဆောင်များ၏ မျက်နှာသာ ရစေရေးအတွက် အပိုပြိုင်ဘက် များ နှင့်ပါ ယှဉ်ပြိုင်လာရလေသည်။ အများစု၏ ထင်မြင်ယူဆချက်အရ ဆိုရလျှင် မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာ တည်နေရာနှင့် နိုင်ငံတကာ ပထဝီနိုင်ငံရေးမှာ ၎င်းတို့နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒချမှတ်ရာတွင် အခြေခံ ဖြစ် သင့်သည်။ မြန်မာ အကြီးတန်းအရာရှိ တစ်ဦးက နေပြည်တော်အနေဖြင့် သူ့ကိုယ်ပိုင် အကျိုးစီး ပွားနှင့်ရောတခြားသော အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွါးနှင့်ပါ သင့်တော်မည့် အခြေအနေ တစ်ရပ်ကို ဖော်ဆောင်နေကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဤသည်မှစ၍ ယခင်က ကောင်းမွန်ခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေးသည် မကြုံဘူးသည့် စိန်ခေါ်မှုများ၏ နှောင့်ယှက်ဖျက်ဆီးခြင်းကို ခံရ နိုင်ကြောင်းသိသာထင်ရှားလာသည်။ မည်သို့ပင် ဆိုစေကာမူ၊ ဤသည်မှာ နှစ်နိုင်ငံဆက်ဆံရေး သည် ပြန်လည်ပြင်ဆင်၍ မရနိုင်ဖြစ်လာပြီဟု အဓိပ္ပာယ် မသက်ရောက်သလို မြန်မာအနေဖြင့် အနောက်အုပ်စုနှင့် ပူးပေါင်းသွားပြီ ဟုလည်း မဆိုနိုင်ပါချေ။ အမှန်စင်စစ်အားဖြင့် ပေကျင်းအနေ ဖြင့် မြန်မာ့နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းတို့က ဖေါ်ပြသည့် တရုတ်ဆန့်ကျင်ရေး ခံစားချက်ကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းထား နိုင်သည့် စွမ်းရည်ရှိပါသေးသည်။ ပေကျင်းနှင့် နေပြည်တော် ဆက်ဆံရေးသည် လတ်တလောအားဖြင့် အကူး အပြောင်းကာလကို ဖြတ်သန်းနေသည်ဟု မြင်ရ စေကာမူ၊ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကတည်ဆောက်ခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးသည်၊ လွန်ခဲ့သောကာလ မြန်မာတို့အပေါ် အနောက် တိုင်း၏ ပိတ်ဆို့မှု အတွေ့အကြုံ သမိုင်းနောက်ခံ ကားနှင့်၊ ပြုပြင်ပြောင်းလဲရေးအစိုးရ၏ ယခင် စစ်အုပ်စုအပေါ် ပေကျင်းကသံတမန်ရေးအရ ညင်သာပျော့ပြောင်းစွာ ဆက်ဆံခဲ့သော သမိုင်း နောက်ခံကားနှစ်ခုတို့ကို အကြောင်းပြု၍ (မည် သူက မိတ်ဆွေစစ် မိတ်ဆွေမှန် ဖြစ်သည်ကို ချင့် ချိန်ဆုံးဖြတ်နိုင်သည်ဟု ဆိုလိုပုံ ရပါသည် -ဘာ သာပြန်သူ) အချိန်၏ စမ်းသပ်မှုကို တောင့်ခံနိုင် လိမ့်မည်ဟု မျှော်လင့်ရပေသည်။ လက်ရှိ မြန်မာ့ နိုင်ငံရေး အကူးအပြောင်းက နှစ်နိုင်ငံ ဆက်ဆံ ရေးကို ထိခိုက်အနာတရ ဖြစ်နေစေသော်လည်း ပေကျင်းက မြန်မာအတိုက်အခံပါတီနှင့် အရပ်ဘက် အဖွဲ့အစည်းတို့နှင့် (သူတို့၏အမှန်တကယ်အရေး ပါမှုမရှိသော်လည်း) ထိတွေ့ဆက်ဆံရန် ကြိုးစား သည့်အချက်ကို မှေးမှိန် မထားသင့်ပေ။

တရုတ်က သူ၏မြန်မာပေါ်လစီကို ပြန်လည် ချိန် ညှိခြင်း

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာပြည်၏ နိုင်ငံရေးသွင်ပြင် လက္ခဏာတွင် နေပြည်တော်၏ ပေါ်လစီမိတ်ကာများ စိတ်ထဲဝယ် တရုတ်ပြည်က ဗဟို အချက်အခြာနေရာတွင် မတည်ရှိတော့ သည်မှာ သေချာသည်။ ပေကျင်းက မြန်မာ့နိုင်ငံ ရေး အကူးအပြောင်းကို အချိန်မီ ထိရောက်သော ပုံစံဖြင့် တုံ့ပြန်ခြင်းမရှိဟုဆိုသူများက ပေကျင်း၏ ပေါ်လစီ ထိန်းညှိမှုသည် ခပ်စိမ်းစိမ်းဖြစ်သွားသော ဆက်ဆံရေးကို ဖြေရှင်းသည့်အခါ လုံလောက်မှု မရှိဟု ရှုမြင်ကြပြန်သည်။ မည်သို့ပင်ဆိုစေ ကောက်ချက်များဆွဲကြသည်ထက်၊ တရုတ်အရာ ရှိများနှင့် ပညာရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အပြောင်းအလဲများအပေါ် လေ့ လာသုံးသပ်ရန်နှင့် နားလည် သဘောပေါက်ရန် ကာလတစ်ခု လုပ်ဆောင်ခြင်းက ပို၍ အကျိုးများ ပေလိမ့်မည်။ မျှမျှတတဆိုရလျှင်၊ အမေရိကန်က မြန်မာကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည့် Sanction တစ်ခုတည်း ကျင့်သုံးမှုမှ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုရော၊ ထိတွေ့ ဆက်ဆံရေးပါ နှစ်မျိုးတွဲ သုံးခြင်းကို ရုတ်တရက် ပြောင်းလဲခြင်း မပြုမီ နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့သည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း အပြန်အလှန်ဆက် ဆံရေးတွင် ကောင်းမွန်သော ကိစ္စတချို့ ရှိနေစဉ် မှာပင်၊ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခံရခြင်းနှင့် လူသိများ ထင်ရှားလာသော လက်ပံတောင်း ကြေးနီသတ္တုမိုင်း ကိစ္စတို့နှင့်အတူ မြန်မာပြည်ရှိ တရုတ် စီးပွါးရေးစီမံကိန်းများမှာ ကံဆိုးမိုးမှောင် ကျခဲ့သည်။ တရုတ်အစိုးရနှင့် တရုတ်စီးပွားရေး လုပ်ငန်းများသည် ဒေသခံတို့၏ ဆန့်ကျင်ဆန္ဒပြပွဲ များကို ခုခံရင်းမှ သင်ခန်းစာရခဲ့ကြသည်။ ထို့ နည်းတူ နေပြည်တော်၏ အုပ်ချုပ်ရေးသစ် အာ ဏာရလာသည့် အချိန်မှစ၍ တရုတ်၏ မြန်မာ ပေါ်လစီသည်လည်း ပြန်လည်ထိန်းညှိမှု ပြုလုပ် ခဲ့ရလေသည်။ ပေကျင်း၏ ပြင်ဆင်ချက်များမှာ ယခင်က တိုင်းပြည်၏ အုပ်စိုးသူအလွှာများနှင့်ဆက်ဆံရေးကိုသာ တိုးတက် ကောင်းမွန်အောင် ရိုးရိုး ပုံမှန် အာရုံစိုက်ခဲ့ရာမှ- ဒေသဆိုင်ရာ လူမှု အဖွဲ့အစည်းအသီးသီးနှင့် ဆက်ဆံရေးများ တည် ဆောက်မှုကို အလေးပေးရန် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ (၁) မြန်မာ့ဒီမိုကရေစီ အတိုက်အခံများနှင့် ဆက်ဆံရေးကို အားဖြည့် ခြင်း (၂) မြန်မာ့ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း (၃)တရုတ်စီးပွားရေးလုပ်ငန်း များအတွင်း လှုမှုအဖွဲ့အစည်းဆိုင်ရာ တာဝန်ယူ မှု-တာဝန်ခံမှု စိတ်ဓာတ်မြှင့်တင်ခြင်းနှင့် (၄) အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအ ကြား ငြိမ်းချမ်းရေးကို တီထွင်ဖန်တီးမှုရှိရှိ ကြား ဝင်စေ့စပ်ပေးရန် တို့ဖြစ်ကြသည်။

၁။ မြန်မာ့ဒီမိုကရေစီ အတိုက်အခံပါတီများနှင့် ဆက်ဆံရေး အားဖြည့်ခြင်း

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ မြန်မာ့နိုင်ငံရေး ပင်မရေစီးကြောင်း အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့်အခါ ပေကျင်းအနေ ဖြင့် အဓိကအတိုက်အခံပါတီနှင့် မဟာဗျူဟာ မြောက်ဆက်ဆံရေး စတင်ရန် အနည်းငယ် အချိန်ဖြုန်းခဲ့သည်။ ဥပမာ- မြန်မာနိုင်ငံဆိုင်ရာ ယခင်တရုတ်သံအမတ် လီကျွန်းဟွသည် မြန်မာ နိုင်ငံက နိုင်ငံရေးလစ်ဘရယ်လိုက်ဇေးရှင်း စတင် ခါစ ၂၀၁၁ ခုနှစ်အစောပိုင်းကျမှ ဒေါ်အောင်ဆန်း စုကြည်ထံ သွားရောက်လည်ပတ်ခဲ့သည်။ လက် ရှိသံအမတ် ယန်ဟိုလန်သည် မကြာသေးခင် ကာလအတွင်း မြန်မာအတိုက်အခံ ခေါင်းဆောင် ထံ အခါအားလျော်စွာ မကြာခဏ သွားရောက် လည်ပတ်ခဲ့သည်။ အတိတ်ကာလတွင် တရုတ်သံ တမန်များက မြန်မာ့ဒီမိုကရက်တစ် အတိုက်အခံ နှင့် အလားတူ ဆက်ဆံမှုများ ရှိခဲ့သော်လည်း၊ ထိုစဉ်က နိုင်ငံရေးအခြေအနေအရ ဒေါ်အောင် ဆန်းစုကြည်နှင့် သူ၏ပါတီမှာ တရုတ်-မြန်မာ ဆက်ဆံရေး အကြားတွင် မလုပ်အပ်သည့်အရာ ဖြစ်နေခဲ့သဖြင့် ထိုဆက်ဆံမှုမှာ တိုတောင်းခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျဉ်း ကျခံနေရစဉ် အနောက်နိုင်ငံများမှ အရာရှိများ နှင့် လွှတ်တော်အမတ်များပင်လျှင် မကြာခဏ သွားရောက် တွေ့ဆုံခဲ့ကြသော်လည်း တရုတ်အ ရာရှိများနှင့် ပညာရှင်များအဖို့ စစ်အစိုးရ မကျေ မနပ်ဖြစ်မည်စိုး၍ ထိုအထူးအခွင့်အရေးကို လက် လွှတ်ခဲ့သည်။ အတိုက်အခံအုပ်စုများနှင့် ယခင် က ဆက်ဆံရေးအားနည်းမှုသည် ပေကျင်း၏အစီ အစဉ်များတွင် အရေးကြီးသည့် အကြောင်းအရာ ဖြစ်မလာသည့် အကြောင်းမှာ စစ်အာဏာရှင် စနစ်က အခြေအနေကို ချုပ်ကိုင်ထားခြင်းကို ထည့်သွင်း စဉ်းစားသောကြောင့်ဖြစ်သည်။ ထို စဉ်တွင် တရုတ်အနေဖြင့် မြန်မာ့အတိုက်အခံ ခေါင်းဆောင်များ၏ နိုင်ငံရေးသြဇာ ပြန်လည်နိုး ထလာခြင်းကို ရေရှည်လျစ်လျူရှု၍ ရနိုင်မည် မဟုတ်မှန်း သိရှိလာသည်။ ဥပမာ အားဖြင့် တရုတ်အစိုးရသည် NLD နှင့် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေလတွင် ကိုယ်စားလှယ်တစ်ဖွဲ့ကို ဖိတ်ကြားခဲ့ ရာ၊ မြန်မာ့ အဓိကအတိုက်အခံအုပ်စု အနေဖြင့် တရုတ်ပြည်သို့ ပထမဦးဆုံးအကြိမ် သွားရောက် လည်ပတ်ခဲ့လေသည်။

၂။ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း

အတိုက်အခံပါတီများ (ဒေါ်အောင်ဆန်းစု ကြည်ခေါင်းဆောင်)၊ မြန်မာအစိုးရ (ဦးသိန်းစိန် ခေါင်းဆောင်)၊ အာဏာရပါတီ USDP (လွှတ် တော်တွင်း ခေါင်းဆောင် ဦးရွှေမန်း ထိန်းချုပ် ထား) တပ်မတော်(ကာချုပ်မင်းအောင်လှိုင် ဦးစီး)တို့နှင့် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန် စေရန် ကြိုးပမ်းခဲ့သည့်အပြင်၊ တရုတ်က မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ (ဒေသဆိုင်ရာ နိုင်ငံရေးအဝန်းအဝိုင်းတွင် ပေါ်လာသည့် နောက် ထပ်အုပ်စု) နှင့် ဆက်ဆံရေးတွင်လည်း ထူးခြား သည့် တိုးတက်မှုများရရှိခဲ့သည်။ ယခင်အတိတ် က ပေကျင်းနှင့် စစ်အစိုးရအကြားသာ တရားဝင် အပြန်အလှန်ဆက်ဆံရေးများကို ကန့်သတ်ထား ခဲ့သည်နှင့် လုံးဝခြားနားစွာပင် ရန်ကုန်တွင် အခြေစိုက်သည့် တရုတ်သံတမန်များသည်ဒေသ ဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံခဲ့ရာ၊ ယခင်က မရှိခဲ့ဖူးသည့် လယ်ဘယ်တစ်ခုကိုရရှိခဲ့သည်။

ထိုသို့ဒေသခံများနှင့် ဆက်ဆံရာတွင် သံရုံး ၏ လူမှုဆက်ဆံရေးနှင့် ပတ်သက်သည့် အွန် လိုင်းကြေညာချက်များက လူသိများထင်ရှားလာ ကာ၊ ၎င်း၏ တရားဝင်လူမှုမီဒီယာ ပလက်ဖောင်း ပေါ်သို့ တုံ့ပြန်ထင်ဟပ်လာခြင်းများ ရှိလာသည်။

ဒုတိယအားဖြင့် တရုတ်အစိုးရသည် မတူ ကွဲပြားသော ကဏ္ဍများရှိ မြန်မာအရပ်ဘက်အဖွဲ့ အစည်းများ ဖြစ်ကြသည့် ပုဂ္ဂလိကပိုင် သတင်း မီဒီယာများ၊ ဒေသဆိုင်ရာ NGOများနှင့် ထိတွေ့ ဆက်ဆံရာတွင် ရှေ့ဆောင်ခဲ့သည်။ NGO များ နှင့်ဆက်ဆံရာတွင်၊ ဥပမာအားဖြင့် တရုတ်-မြန် မာ ချစ်ကြည်ရေးအသင်း China-Myanma Friendship Association CMFAကို ၂၀၁၁ ခုနှစ်ကတည်းက ကန်းကျိယွမ် ဦးစီးဦးဆောင်ပြု လျက် ပြန်လည်တည်ထောင်ခဲ့သည်။ နိုင်ငံခြား တိုင်းပြည်များနှင့် တရုတ်ပြည်သူ့ ချစ်ကြည်ရေး အသင်း (Chinese People’s Association for Friendship with Foreign Countries CPAFFC) ၏ ကူညီအားပေးမှုဖြင့် တရုတ်-မြန် မာ ချစ်ကြည်ရေးအသင်းသည် တရုတ် စွန့်ဦးတီ ထွင် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံသို့ အလည် အပတ်များ သွားရောက်ရန် စည်းရုံးလုပ်ဆောင်ခဲ့ သည်။ ဤအထဲတွင် ဒေသဆိုင်ရာ မြန်မာလုပ် ငန်းရှင်များ၊ စိတ်ဝင်စားသူအဖွဲ့များနှင့်အတူတွဲ၍ လုပ်ငန်းဖြစ်နိုင်ခြေလေ့လာခြင်းများ၊ ပူးတွဲအကြံ ပေးညှိနှိုင်းခြင်းများ ပါဝင်သည်။ ထို့ပြင် ကျန်းမာ ရေး စောင့်ရှောက်မှုနှင့် ပညာရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒေသများရှိ အခွင့်အရေးနည်း ပါးသော လူတန်းစားများနှင့် အမျိုးမျိုးသော အစိုးရမဟုတ်သည့် အရပ်ဘက် အဖွဲ့အစည်းများ NGOs သို့ လူမှုဖူလုံရေး အထောက်အပံ့များပေး အပ်ခြင်းများလည်း ပါဝင်သည်။ မကြာသေးမီက တရုတ် အရာရှိများသည် ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့ (၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွင်း စစ်အစိုးရက ရက်စက်စွာဖိနှိပ် မှုကိုခံရသည့် အရပ်ဘက် လူမှုအဖွဲ့အစည်း) နှင့် တွေ့ဆုံပြီး တရုတ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်စွာ ရင်းနှီးမြှပ်နှံရန် မည်သို့ ဆောင်ရွက်သင့်သည် ဆိုသည့် အကြံ ဉာဏ်များကို အဆိုပါအဖွဲ့ဝင်များထံမှ တောင်းခံ ခဲ့သည်။

တတိယအားဖြင့် တရုတ်အရာရှိများသည် မြန်မာမိတ်ဆွေများ အရပ်ဘက် လူမှုအဖွဲ့အစည်း အုပ်စုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊အသိပညာ ရှင်များနှင့် တွေ့ဆုံကာ တရုတ်နိုင်ငံ၏ စီးပွါးရေး ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံများကို ဝေမျှ ခဲ့သည်။ ဥပမာ ၂၀၁၃ ခုနှစ် မေလက ပထမဦး ဆုံးသော တရုတ်-မြန်မာ (NGOs) အစိုးရနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများ၏ စကားဝိုင်း ဆွေးနွေးပွဲကို အပြန်အလှန်အကျိုးတူ ဖွံ့ဖြိုးတိုး တက်ရေး ရည်ရွယ်ချက်ဖြင့် စည်းရုံးကျင်းပခဲ့ သည်။ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပတ်သက် သည်များကို လေ့လာခြင်းအပြင်၊ ပထမဦးဆုံး သော ထိုစကားဝိုင်းဆွေးနွေးပွဲသည် ပေကျင်းနှင့် နေပြည်တော်အကြား အစိုးရနှင့် မသက်ဆိုင် သော အပြန်အလှန်ဖလှယ်ခြင်းများကို ဦးစီး ဦး ဆောင်ပြုခဲ့သည့်အပြင်၊ နှစ်နိုင်ငံ အစိုးရအရာရှိ များမှ ထောက်ပံ့ကူညီမှုများကိုလည်း ရရှိခဲ့သည်။ ထို့အပြင်၊ အလေးအနက် ဆွေးနွေးပွဲများတွင် နှစ်ဖက် အကျိုးတူကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည် ဆိုသည်ကို လည်း အမြင်ချင်း ဖလှယ်ခဲ့ကြလေသည်။

(နောက်တစ်ပတ်ဆက်လက်ဖော်ပြပါမည်။)ထိုသို့ဒေသခံများနှင့် ဆက်ဆံရာတွင် သံရုံး ၏ လူမှုဆက်ဆံရေးနှင့် ပတ်သက်သည့် အွန် လိုင်းကြေညာချက်များက လူသိများထင်ရှားလာ ကာ၊ ၎င်း၏ တရားဝင်လူမှုမီဒီယာ ပလက်ဖောင်း ပေါ်သို့ တုံ့ပြန်ထင်ဟပ်လာခြင်းများ ရှိလာသည်။

(နောက်တစ်ပတ်ဆက်လက်ဖော်ပြပါမည်။)

Written by – ရဲထွန်း(သီပေါ)

Add comment

Lastest News

Advertisement

Advertisement