ပတ်ဝန်းကျင်ဆိုင်ရာ ရေ၊လေ၊မြေ အရည်အသွေးများကို ရွေ့လျားဓာတ်ခွဲခန်းယာဉ်ဖြင့် အခမဲ့ စမ်းသပ်စစ်ဆေးပေးလျက်ရှိ

22

ထားဝယ် ၊ ဒီဇင်ဘာ ၁၁

ဒေသအသီးသီးမှ ရေ၊လေ၊မြေအရည်အသွေးများကို စမ်းသပ်စစ်ဆေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့်ဒေသခံများက အကူအညီတောင်းခံလာလျှင် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)က ပတ်ဝန်းကျင်ရေးရာ ရွေ့လျားဓာတ်ခွဲခန်းယာဉ်ဖြင့် အခမဲ့စမ်းသပ်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

“အရပ်ဖက်အဖွဲ့အစည်းနဲ့ ဒေသတွေအတွက်ဆိုပြီးအဲဒီဓာတ်ခွဲခန်းကိုထောင်တာဆိုတော့၊ အဓိကက အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ပတ်ဝန်းကျင်ရေးရာပြဿနာတွေကို ကျွန်တော်တို့က နည်းပညာပိုင်းဆိုင်ရာ ကူညီပေးတာပါ ”ဟု ယင်းအသင်းမှ ဦးအေးချမ်းမောင်က ဆိုသည်။

ပုဂလိကလုပ်ငန်းကုမ္ပဏီတခုခုမှ စစ်ဆေးလိုသည်ဆိုပါက သတ်မှတ်ထားသော ကုန်ကျစရိတ်ကို ကျခံပေးရမည်ဖြစ်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့်ဒေသခံများဆိုလျှင် အခမဲ့စစ်ဆေးပေးသည်ဟ ုယင်းဓာတ်ခွဲခန်းတာဝန်ရှိသူများထံမှ သိရသည်။

၂၀၁၅ခုနစ်မှယခုနှစ်အထိ ၃နှစ်အတွင်း အဆိုပါစမ်းသပ်စစ်ဆေးမှု အကြိမ် ၄၀၀ကျော်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး သတ္တုမိုင်းများနှင့်ပတ်သက်၍ ရေအရည်အသွေးစမ်းသပ်စစ်ဆေးပေးရခြင်းမှာ ကြိမ်ရေ အများဆုံးဖြစ်သည်ဟု ဦးအေးချမ်းမောင်က ပြောသည်။

ထားဝယ်မြို့နယ်၊ဘဝကုန်းသတ္တုမိုင်းနှင့် ဘန်းချောင်းဒေသမှ ချောင်းရေများကို နမူနာကောက်ယူပြီး အဆိုပါဓာတ်ခွဲခန်းသို့ ပေးပို့၍ စစ်ဆေးမှုအကူအညီရယူခဖူးဲ့ကြောင်း တာကပေါလူငယ်အဖွဲ့မှ အကြံ ပေးနော်ပီသလောက ပြောသည်။

ယင်းဓာတ်ခွဲခန်းကို၂၀၁၃ တွင် ပြင်သစ်အကူအညီဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅မှ ယနေ့အထ ဥရောပသမဂအကူအညီဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို သတင်းပေးခြင်း၊ဆက်သွယ်မေးမြန်းခြင်းတို့ပြုလုပ်ရန် Hotline09263330420ကိုဆက်သွယ်နိုင်ကြောင်း ယင်းအသင်းက အသိပေးထားသည်။

Written by တင်လွင့်

LEAVE A REPLY

Please enter your comment!
Please enter your name here