ပတ်ဝန်းကျင် ထိခိုက်မှု ရှိပါက မည်သည့်လုပ်ငန်းမှ လုပ်ကိုင်ခွင့် ပြုမည်မဟုတ်ဟု ပြည်နယ်ဝန်ကြီးပြော

92

မော်လမြိုင်၊ ဇန်နဝါရီ 

ပတ်ဝန်းကျင် ထိခိုက်မှု ရှိပါက လည်ပတ်နေသည့် လုပ်ငန်းဖြစ်စေ၊ အသစ်ထပ်မံ လျှောက်ထားမည့် လုပ်ငန်းဖြစ်စေ ခွင့်ပြုမည်မဟုတ်ကြောင်း ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း ကပြောသည်။

ထိုသို့ ပတ်ဝန်းကျင် မထိခိုက်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံစသည့် လုပ်ငန်းအများစုတွင် အနည်းဆုံး ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်(EMP) ရှိသင့်ကြောင်း ၎င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သည့် မွန်ပြည်နယ်ရှိ လုပ်ငန်းအများစုမှာ EMP ၊ EIA စသည့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် ဆောင်ရွက်ထားပုံနှင့် ပတ်သက်၍ အများစုမှာ လုပ်ဆောင်ထားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ယင်းအတွက်ကြောင့် ယခင်လုပ်ငန်းများကိုလည်း ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် မည်သို့ လုပ်ဆောင်နေသည်ကို တင်ပြရန် အကြောင်းကြားထားကြောင်း ၎င်းက ဆိုသည်။

“ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ဘယ်လို လုပ်ဆောင်ထားလဲ ဆိုတာတော့ လုပ်ငန်းတိုင်းမှာ ရှိကို ရှိသင့်တယ်၊ လုပ်ငန်းက ပတ်ဝန်းကျင် မထိခိုက်ဘူးလို့ မပြောနိုင်ဘူးလေ” ဟု ၎င်း ကပြောဆိုသည်။

ယင်းသို့ ဖြစ်ရခြင်းမှာလည်း ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်း ဥပဒေကို အတည်ပြု ပြဌာန်းရာတွင် နောက်ကျခြင်းကြောင့် ယခင်လုပ်ငန်းများက မသိနားမလည်ခြင်းကြောင့် EMP ဆောင်ရွက်ထားခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

Written by ရင်ငြိမ်းချမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here