Hintharmedia

ပိုက်ဆံနဲ့ လုပ်ထားတဲ့အင်္ကျီဝတ်ပြီး လျှောက်သွားခဲ့တဲ့ မော်ဒယ်

တစ်ခါက လေယာဉ်ခေါင်းခန်းထဲသွားပြီး selfie ရိုက်လို့ ဒဏ်ရိုက်ခံရတဲ့အတွက် နာမည်ကြီးခဲ့တဲ့ ပလေးဘွိုင်းမော်ဒယ် ဗစ်ကီဇီပိုလိတကစ်စ်က ပိုက်ဆံနဲ့လုပ်ထားတဲ့အကျႋီ ဝတ်ပြီး လျှောက်သွားခဲ့ပါတယ်။

ပြီးတော့ လမ်းမှာတွေ့တဲ့လူတွေကိုလည်း ပိုက်ဆံတွေကို ဆွဲဖြုတ်ဖို့ ပြောခဲ့ပြီး စတန့် ထွင်ခဲ့ပါတယ်။
၃၁ နှစ်အရွယ် ဗစ်ကီဟာ အမေရိကန်က မြေအောက်ဘူတာရုံမှာ ပိုက်ဆံအကျႋီကို ဝတ်ပြီး လျှောက်သွားနေတာကို ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။

သူ့အနေနဲ့ အခြားလူတွေကို တစ်ခုခု ပြန်ပေးချင်တဲ့အတွက် လမ်းသွားလမ်းလာတွေကို အဲဒီနည်းနဲ့ ပိုက်ဆံပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

‘ဟိုတုန်းက ကျွန်မ ခရီးတွေလျှောက်သွားခဲတုန်းက တစ်ခါတော့ ‘နယူးယောက်မှာ ဒါမျိုးလုပ်ရမယ်’လို့ တွေးခဲ့တယ်။ ဒီမြို့ရဲ့ အဆင်းရဲဆုံးအပိုင်းကို သွားခဲ့တယ်။ ပြီးတော့ လူ တွေ လိုချင်သလောက် ဖြုတ်ယူနိုင်အောင် ပိုက်ဆံတွေသီပြီးဝတ်သွားတယ်’လို့ ဗစ်ကီက ပြောပါတယ်။

‘ဘဝက ကျွန်မကို အများကြီးပေးခဲ့တယ်။ ကျွန်မဘက်က လုပ်နိုင်သမျှကို လုပ်မယ်။ အိမ်ရာမဲ့တွေ၊ မြေအောက်ဘူတာရုံက လူတွေ စသဖြင့် လူတိုင်းကို ပိုက်ဆံပေးချင်တယ်’လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း သူ့အနေနဲ့ ဆင်းရဲသား အခြေခံလူတန်း စားတွေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

Source: Mirror

Add comment

Advertisement

Advertisement