ဗီဒီယိုလောကတစ်ကျော့ပြန်ကောင်းလာဖို့ မျှော်လင့်နေတဲ့ ခင်ဝင့်ဝါ

1

အခုလတ်တလောမှာ ဇာတ်ကားရိုက်တွေထက် ပွဲတွေ၊ စီးရီးအတိုလေးတွေပဲရိုက်ကူးဖြစ်နေတယ်ဆိုတဲ့ ခင်ဝင့်ဝါနဲ့တွေ့ဆုံခိုက် “နောက်ပိုင်းကတော့ ဖဲကြိုးဖြတ်နဲ့ ပွဲတက်တာလေးတွေလည်း လုပ်နေပါတယ်။ (၅)ရက် နေ့မှ ဗီဒီယိုလေးစရိုက်ဖို့ရှိပါတယ်။ ဒါရိုက်တာကတော့ ကိုသားညီရိုက်မှာပါ။ မင်းသားက ကိုဇေရဲထက်ပါ။ ဒီဇာတ်လမ်းက ပုံမှန်ရိုက်နေကျဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ပရိသတ်စိတ်ဝင်စား မယ်လို့လည်းထင်ပါတယ်။ အဲ့ဒါကြောင့်လက်ခံဖြစ်တာပါ။ ကားရိုက်ကို နောက်ပိုင်းမှာရွေးချယ်ပြီး တော့ရိုက်တယ်။ အရင်တုန်းကလို မရိုက်ဖြစ်တော့ဘူး။ နောက်ပိုင်းမှာ ဗီဒီယိုရိုက်တာနည်းလာတယ်။ ပြီးတော့ ဇာတ်လမ်းလည်း ရွေးတယ်။ အဲဒါကြောင့်မို့လို့ ဇာတ်ကားရိုက်ကူးမှုတွေတော့ နည်းနည်းကျဲသွားတာပါ။ တခြားအနုပညာလှုပ်ရှားမှုတွေတော့ပုံမှန်လေးလုပ်ဖြစ်နေပါတယ်”လို့ဖွင့်ဟခဲ့ပါတယ်။

      ဆက်လက်ပြီး “ညီမတို့က ကံမကောင်းဘူးလို့ပြောလို့ရတယ်။ ကိုယ်တွေက ဗီဒီယိုလောကပျက်တာနဲ့ ကိုယ်တွေမင်းသမီးဖြစ်တာက ကွက်တိဖြစ်နေတယ်။ နယ်က ပရိသတ်တွေ၊ ရုပ်ရှင်ရုံ မရှိတဲ့နေရာတွေကျတော့ ဒီဗီဒီယိုကားတွေပဲကြည့်ပြီးအားပေးရတာဆိုတော့ ဗီဒီယိုလောကတစ်ကျော့ပြန်ပြီး ပြန်ကောင်းလာမယ်ဆိုရင်တော့ အရမ်းဝမ်းသာမိမှာပါ။ အမှန်တော့ဗီဒီယိုတွေက ပရိသတ်နဲ့ပိုပြီး ထိတွေ့ခွင့်ရတာပါ”လို့ပြောပြခဲ့ပါတယ်။

သူမ လူရွှင်တော်အဖြစ်ပါဝင်ဖြစ်ခဲ့တဲ့ ပြဇာတ်တစ်ခုမှာ ပရိသတ်ဝေဖန်မှုတွေများခဲ့တဲ့အပြင် အမျိုးသမီးရေးရာကကျင်းပတဲ့ပွဲမှာ ပါဝင်ဆင်နွှဲတာမတွေ့ရတဲ့အတွက် မေးခဲ့တဲ့အခါမှာတော့ “ညီမ ဇာတ်ကားရိုက်နဲ့ တိုက်နေလို့ပါ။ ညီမကိုကမ်းလှမ်းတဲ့အချိန်မှာ နယ်ရောက်နေတယ်။ ပြီးတော့ ကားလည်းရိုက်နေတဲ့အတွက်ကြောင့်မို့လို့ မပါဝင်ဖြစ်ခဲ့တာပါ။ ပြဇာတ်ဆိုတာကလည်း ရန်ပုံငွေတွေပဲများပါတယ်။ နောက်အဲဒီလို ပရဟိတပွဲတွေ၊ ရန်ပုံငွေပွဲတွေ၊ ကမ်းလှမ်းလာမယ်ဆိုရင်လည်း ကဖြစ်ဦးမှာပါ။ အဓိကကတော့ ပရိသတ်တွေကိုတင်ဆက်တာပေါ့နော်။ အပြုသဘောအနေနဲ့ အမှားပါသွားရင်လည်းခွင့်လွှတ်ပါ”လို့ ပြောပြခဲ့ပါတယ်။

Written by – မွန်မြတ်အောင်

Photo From Khin Wint Wah Facebook

LEAVE A REPLY

Please enter your comment!
Please enter your name here