မန္တလေးတိုင်းဒေသကြီးတွင်း စားသုံးသူနစ်နာခြင်းအတွက် တိုင်ကြားမှု (၁၃)မှုတွင် (၁၂)မှုဖြေရှင်းပြီးဖြစ်

1

မန္တလေး၊ အောက်တိုဘာ ၂၀ ရက်။

မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးတိုင်ကြားမှုလက်ခံစင်တာ စတင်ဖွင့် လှစ်သည့် ၂၀၁၇ ခုနှစ်မေလမှ အောက်တိုဘာလလယ်ထိ ယင်းစင်တာသို့လာရောက်တိုင်ကြားသည့်အမှု(၁၃) ခုရှိခဲ့ရာ (၁၂)မှုဖြေရှင်းပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

အဆိုပါတိုင်ကြားမှုများကိုစစ်ဆေးပြီး အမျိုးသားစားသောက်ကုန်ဥပဒေပုဒ်မ ၂၈(က) အရ ဒဏ်ငွေကျပ်တစ် သိန်းနှင့် ထောင်ဒဏ်အပြစ်ပေးခြင်း လုပ်ငန်းယာယီ(သို့မဟုတ်)အပြီးပိုင်ပိတ်သိမ်းခြင်း၊ သတိပေးခြင်း၊ လျော် ကြေးပေးစေခြင်း၊ ဈေးကွက်အတွင်းမှ ကုန်ပစ္စည်းပြန်လည်သိမ်းယူခြင်း၊ စားသုံးသူဘေးဥပါဒ်ဖြစ်စေသည့် ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းတို့ဖြင့်အရေးယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ ကုန်စည်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုတွေကို ဖြေရှင်းပေးတယ်။ အထောက်အထားနဲ့တကွ တိုင်ကြားလာမှုတွေမှာ မန္တလေးတိုင်းက တိုင်ကြားမှုအများဆုံးပါ ပဲ။ ဒါကလည်း ပြည်သူတွေကို ကျွန်တော်တို့အနေနဲ့ အသိပညာပေးတာတွေလုပ်ပေးရာက သိရှိလာတယ်လို့ ပြောရမှာပဲ။”ဟု စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော် ဦးကပြောသည်။

တိုင်ကြားမှုလက်ခံစင်တာ မဖွင့်လှစ်ခင်ကတည်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုကို စားသုံး သူများ၏နစ်နာမှုများကိုတိုင်ကြားရန် ပညာပေးလုပ်ငန်းများလုပ်ဆောင်ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူအသုံးပြုသည့်ပစ္စည်းများ၊ စားသောက် ကုန်များနှင့် ပတ်သက်ပြီး စားသုံးသူအခွင့်အရေးများနှင့် ကိုက်ညီမှုမရှိကြောင်း ထင်မြင်ယူဆပါက ချမ်းအေးသာ စံမြို့နယ် ၃၅ လမ်းနှင့် ၆၅ လမ်းထောင့်ရှိ၊ မန္တလေးတိုင်းဒေသကြီး စားသူသုံးရေးရာဦးစီးဌာနရုံး၊ စားသုံးသူအ ငြင်းပွားမှုဖြေရှင်းရေး တိုင်ကြားမှုများလက်ခံဆောင်ရွက်ရေးစင်တာ(CICC)သို့ စာဖြင့်လည်းကောင်း၊ လူကိုယ် တိုင်လည်းကောင်း၊ ဖုန်းနံပါတ် ၀၂ ၃၆၃၃၉၊ ၀၂ ၃၆၃၄၀ သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Written by – MMK

LEAVE A REPLY

Please enter your comment!
Please enter your name here