Hintharmedia

မိန်းမကို ပိုက်ဆံမအပ်ချင်လို့ လစာထုတ်ရက်မှာ ဓားပြတိုက်ခံရတယ်ဆိုပြီး အမှုဖွင့်ခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီ ကျန်ပြည်နယ်၊ ဟန်ဇိုးကအမျိုး သားတစ်ယောက်ကတော့ လစာ ထုတ်ရက်မှာ မိန်းမကိုပိုက်ဆံ မ အပ်ချင်တဲ့အတွက် ဓားပြတိုက်ခံရ တယ်ဆိုပြီး ရဲစခန်းမှာလိမ်လည် အမှုဖွင့်ခဲ့ပါတယ်။

အမည်ဖော်ပြမထားတဲ့ အမျိုးသားတစ်ဦးဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ ဘေဂန်ရဲစခန်းထဲ ဝင်လာတာကို စီစီတီဗီမှတ်တမ်း တွေမှာ တွေ့ရပါတယ်။
သူဟာ သူ့ရဲ့လျှပ်စစ်စက်ဘီး ကိုစီးပြီး အိမ်ပြန်လာရာမှာ ဓားပြ တိုက်ခံရတယ်ဆိုပြီး တိုင်းကြားခဲ့ ရာမှာ ရဲတွေက သံသယဝင်ခဲ့ကြ ပါတယ်။

‘သူက မေးခွန်းတိုင်းကိုအေး အေးဆေးဆေးဖြေခဲ့တယ်။ စိတ် ရှုပ်တဲ့အမူအယာ၊ ကြောက်ရွံ့တဲ့ အမူအယာ မတွေ့ရဘူး’ လို့ စုံ ထောက်ချန်ဇီက ပြောပါတယ်။
သူဓားပြ တိုက်ခံရတယ်ဆို တဲ့နေရာတစ်ဝိုက်က စီစီတီဗီမှတ် တမ်းတွေကို ရဲတွေကပြန်စစ်ဆေး ကြည့်ခဲ့ရာမှာ သူလျှပ်စစ်စက်ဘီး စီးလာတာကိုတွေ့ရပေမယ့် ဓားပြ တိုက်ခံရတာကို မတွေ့ခဲ့ရပါဘူး။

ရဲတွေက သူ့ကိုစစ်ဆေးမေး မြန်းတဲ့အခါမှာတော့ သူက ဝန်ခံခဲ့ ပါတယ်။

‘သူ့အမျိုးသမီးက သူလစာ ထုတ်တိုင်း ပိုက်ဆံတောင်းတယ် လို့ သူကဆိုပါတယ်။ တစ်ခါတလေ ကျရင်ပျောက်သွားတယ်လို့ သူ ကပြန်ပြောတယ်တဲ့။ တစ်ခါတလေ ကျရင်တော့ အကုန်သုံးပစ်လိုက် ပြီလို့ပြောတယ်တဲ့။ သူက အဲဒီလို တွေချည်းပဲ ဆင်ခြေပေးမရလို့အ ခုလို ဓားပြတိုက်ခံရတယ်ဆိုပြီး တိုင်ချက်ဖွင့်တာလို့ ဝန်ခံပါတယ်’ လို့ စုံထောက်ချန်က ပြောသည်။

သူ့ကို လိမ်လည်တိုင်တန်းမှုနဲ့ ဆယ်ရက် အချုပ်ချခဲ့ပြီး ဒဏ်ငွေ ယွမ် ၅၀၀ (၈၅ ဒေါ်လာ) ဒဏ်ရိုက်ခဲ့ပါတယ်။

Source: Global Times

Add comment

Lastest News

Advertisement

Advertisement