Hintharmedia

“မြန်မာကို ကမ္ဘာကသိအောင်အနုပညာနဲ့လုပ်ပြချင်တဲ့ မိုရီဆာကီဝင်း

မြန်မာနိုင်ငံတွင် မွေးဖွားပြီး အသက် ၁၀ နှစ်အရွယ်ကပင် ဂျပန်သို့ မိဘများနှင့်အတူသွားရောက်နေထိုင်ပြီး ဂျပန်တေးဂီတအဖွဲ့တစ်ခုတွင် အဖွဲ့ဝင်အဆိုရှင်ဖြစ်လာသည့်မိုရီ ဆာကီဝင်းက ဒါရိုက်တာကြည်ဖြူ သျှင်ရိုက်ကူးမည့် My Country My home ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံမှ Jpop အဖွဲ့တစ်ဖွဲ့ဖြစ်သော PrizmaX အဖွဲ့ဝင် ငါးဦးအနက်တစ်ဦးဖြစ်သည်။

“ငယ်ငယ်ကတည်းကနေ ၁၀ နှစ်သားအထိ အဖွားနဲ့ မြန်မာပြည်မှာနေတယ်။ အခုကျွန်တော်က မိဘတွေနဲ့ ဂျပန်မှာနေတာပါ။ မြန်မာနိုင်ငံမှာ ဇာတ်ကား ပြန်လည်ရိုက်ခွင့်ရမယ်ဆိုတော့ အဖွားကို ကျေးဇူး ဆပ်သလိုလည်းဖြစ်တော့ အရမ်းဝမ်းသာမိပါတယ်။ အခုထိ ကျွန်တော်က မြန်မာနိုင်ငံသားပါ။ဟိုဘက်က နိုင်ငံသားအဖြစ်မခံယူထားပါဘူး”ဟု မိုရီဆာကီဝင်းကလက်ခံရိုက်ကူးဖြစ်ပုံကိုပြောသည်။

မိုရီဆာကီဝင်းက ဂျပန်တွင်အနုပညာအလုပ်ကို ၁၄ နှစ်သားကတည်းကစတင်လုပ်ခဲ့သည်ဟုလည်းသိရသည်။”၁၄ နှစ်သားမှာ အဲဒီ production ထဲစဝင်တယ်။ သူတို့ သီချင်းဆို တတ်လားမေးတော့ ဆိုတတ်တယ်ဆိုတော့ အသံကောင်းတာပဲ နောက်တစ်ပတ်ထဲမှာ Live ရှိတယ်။ အဲဒီမှာ ဝင်ကလို့ပြောပါတယ်။အဲ့ဒီကနေစလုပ်ဖြစ်ခဲ့တယ်”ဟုပြောပြသည်။

မိုရီဆာကီဝင်းက ဂျပန်တွင် ဇာတ်ကားများလည်းလက်ခံရိုက်ကူးနေပြီး လက်ရှိတွင် ခေါင်းဆောင်အနေနှင့်တစ်ကားနှင့် ဇာတ်ကား လေးကားခန့်ရိုက်ကူးထားသည်ဟုလည်းသိရသည်။”ကျောင်းသားဘဝဆိုတော့ကျောင်းသားဘဝနဲ့ပတ်သက်တဲ့ရုပ်ရှင်လေးတွေရိုက်ပါတယ်။ခေါင်းဆောင်အနေနဲ့ ကလူငယ် ဘဝရဲ့ဇာတ်ကားပါ။ဂျပန်မှာ နာမည်ကြီး အဆိုတော်တစ်ယောက်ကို အရမ်းကြိုက်ပြီး သူ့ဘ၀ ကို အတုယူတဲ့ ဇာတ်ကားလေးပါ”ဟုမိုရီကဆိုသည်။

တေးစီးရီးအနေနှင့် ဂီတသက်တမ်း ၆နှစ်ခန့်အတွင်း single 7 ခွေထွက်ရှိနိုင်ခဲ့ပြီး ယခုသြဂုတ်လ ၃၀ ရက်နေ့တွင် 8ခွေမြောက် single ခွေထွက်မည်ဟုသိရသည်။

Written by – မိုရီဆာကီဝင်းက “ဒီရုပ်ရှင်ကားမှာပါဝင်ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဂျပန်မှာလုပ်နေပေမယ့်ကိုယ့် မြန်မာပြည်ကိုမမေ့ဘူးဆိုတော့ ရိုက်ကူးဖြစ်တာပါ။ ကျွန်တော်မြန်မာပြည်မှာအနုပညာလုပ်ချင်တာပေါ့၊ကျွန်တော်က မြန်မာပဲလေ ကျွန်တော်လုပ်တတ်တာကလည်းအနုပညာတစ်ခုပဲရှိတော့မြန်မာဆိုတာကမ္ဘာကသိအောင်ဘယ်လိုလုပ်ရမလဲ ဆိုတာ လုပ်ချင်တယ်။ကျွန်တော်က မြန်မာပြည်ရဲ့ အစိုးရနဲ့ ပတ်သက်တဲ့ သမိုင်းအကြောင်းတွေ အရမ်းမသိပါဘူး။ ဒါပေမဲ့ ကျွန်တော် သမိုင်းအကြောင်းတွေလေ့လာသွားမှာပါ”ဟုလည်း ပြောပြခဲ့သည်။

MT

Add comment

Lastest News

Advertisement

Advertisement