Hintharmedia

ရုပ်ရှင်တွေထပ်ရိုက်ဖို့စိတ်ဆန္ဒပြင်းပြနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

ဧဒင်ရဲ့နတ်သမီးရုပ်ရှင်ဇာတ် ကားကြီးကို iflex ကနေပြီးကြည့် လို့ရပြီဆိုတဲ့အကြောင်းလေးကနေ စပြီးသိပါရစေ။

ကျွန်တော်ပါဝင်သရုပ်ဆောင် ထားတဲ့ ဧဒင်ရဲ့နတ်သမီးရုပ်ရှင် ဇာတ်ကားကြီးကို iflex မှာဝင် ရောက်ကြည့်ရှုနိုင်ပြီပေါ့နော်။ ဒီ ဇာတ်ကားက ၂၀၁၆တုန်းကရုံတင် ပြသခဲ့ပြီးပြီ။ အရင်တုန်းကတော့ ကျွန်တော်တို့ရဲ့ရုံတင်ကားကြီးတွေ ကို DVD အဖြစ်ပြန်ပြီးငှားရမ်း တာတို့၊ ပြန်ထုတ်တာတို့လုပ်တယ်။ ဒါပေမယ့်အခုကျတော့ င်ူနထ က အွန်လိုင်းပေါ်မှာလူတိုင်းကြည့်နိုင် အောင် စီစဉ်ထားတယ်။ iflex app ထဲကနေပဲဖြစ်ဖြစ် iflex.com ကနေပြီးတော့ပဲဖြစ်ဖြစ်၊ Download လုပ်ပြီးကျွန်တော့် ဇာတ်ကားကိုကြည့်ရှုနိုင်မှာဖြစ်ပါ တယ်။ ဒါကတော့ iflex မှာ ကြည့်နိုင်တဲ့ကျွန်တော့်ရဲ့ဒုတိယ မြောက်ဇာတ်ကားပါ။ ပထမဇာတ် ကားကတော့ From Bangkok to Mandalay ပါ။

လတ်တလောမှာရောအနု ပညာလှုပ်ရှားမှုအနေနဲ့ဘာတွေ လုပ်ဖြစ်နေလဲ။

လောလောဆယ်မှာတော့ ကျွန်တော်ရုပ်ရှင်ရိုက်ကူးတာတွေ မလုပ်ဖြစ်ဘဲနဲ့၊ အခွေသစ်တွေထွက် ဖို့အတွက်ပဲသီချင်းတွေရေးဖြစ် နေပါတယ်။ အသံသွင်းဖို့လည်းလုပ်နေ ပါတယ်။ ဒီနှစ်အတွင်းမှာပဲထွက် နိုင်အောင်၊ ဖြစ်နိုင်ရင်ဒီမိုးရာသီမ ကုန်ခင်မှာပဲကျွန်တော့်ပရိသတ်ကို တင်ဆက်နိုင်အောင်ကြိုးစားနေပါ တယ်။

SAI Cosmetics ကပြိုင်ပွဲ လေးတွေလုပ်ဖြစ်ပုံနဲ့ပတ်သက်ပြီး တော့လည်းပြောပြပေးပါဦး။

SAI Cosmetics ရဲ့ Compainge တစ်ခုအနေနဲ့ SAI Campus Queen ဆိုပြီးတော့ အစီအစဉ်လေးတစ်ခုလုပ်နေပါ တယ်။ သင်္ကြန်မတိုင်ခင်တုန်းက ကျွန်တော်တို့ရဲ့ Eye Shadow ကို Campus အသီးသီးကအလှ ဘုရင်မလေးတွေနဲ့ကျွန်တော် ကြော်ငြာရိုက်ခဲ့ပါတယ်။ အဲဒီကြော် ငြာလေးထွက်လာပြီးနောက်ပိုင်းပ ရိသတ်တွေက ဒီတက္ကသိုလ်မှာလည်း သူကချောတယ်၊ ဒီတက္ကသိုလ်မှာ လည်းသူရှိသေးတယ်ဆိုတော့ ကျွန်တော်လည်း Idea အသစ်ရပြီး တော့ကျွန်တော်တို့ Product ကို သုံးပြီးတော့ရိုက်ထားတဲ့ဓာတ်ပုံ ကျွန်တော်တို့ဆီကိုပို့ပါ။ အဲဒီထဲက မှကျောင်းသူအယောက် (၃၀)ကိုအရင်ရွေးပါမယ်။ အဲဒီထဲကမှ (၃)ယောက်နဲ့ကျွန်တော်ကြော်ငြာ ရိုက်မယ့်အစီအစဉ်လေးကို ကျွန် တော်တို့ SAI Cosmetics က လုပ်နေပါတယ်။
ကြော်ငြာကလက်ရှိထုတ်ပြီး သား Brand အတွက်ပဲရိုက်မှာ လား၊ ဒါမှမဟုတ် Brand အသစ် အတွက်လား။
လောလောဆယ်မှတော့ရှိပြိး သား Brand တွေကိုပဲကြော်ငြာ ရိုက်သွားဖို့စီစဉ်ရှိပါတယ်။ နောက် ထပ် Brand အသစ်တွေထပ်ထုတ် ဖို့အတွက်လည်း ကျွန်တော်တို့စီစဉ်နေ ပါတယ်။

အစ်ကို့အနေနဲ့ Cosmetics အသစ်တွေကိုဆက်တိုက်ဖြစ်မှာ လား။ အနုပညာအလုပ်တွေကိုပဲ လုပ်ဖို့ရှိလားဆိုတာသိပါရစေ။

အဓိကကတော့ကျွန်တော်ရုပ် ရှင်နဲ့ဂီတကိုပဲလုပ်မှာပါ။ အလှကုန် ကတော့ကျွန်တော်ဦးဆောင်ပေ မယ့်လည်း ကျွန်တော်တစ်ယောက် တည်းလုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော့်မှာ Team ရှိပါတယ်။ သူတို့နဲ့ပူးပေါင်းပြီးတော့လုပ်တာ ဖြစ်ပါတယ်။ ကျွန်တော်တစ် ယောက်တည်းအနေနဲ့ကတော့ အနုပညာအလုပ်ကိုပိုပြီးတော့လုပ် ဖြစ်မှာပါ။

ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ ရောဘယ်လိုတွေစီစဉ်ထားတာရှိ လဲ။

ကျွန်တော်ရုပ်ရှင်တွေရိုက်ဖြစ် ဦးမှာပါ။ ဒီနှစ်အတွင်းမှာရုပ်ရှင် တွေထပ်ရိုက်ဖို့အတွက်လည်းစိတ် ဆန္ဒပြင်းပြနေပါတယ်။ လောလော ဆယ်မှာတော့ဇာတ်လမ်းတွေ လည်းရွေးနေတယ်။ ကျွန်တော် ဝတ္ထုစာအုပ်တွေလည်းဖတ်ဖြစ် နေပါတယ်။ Producer တွေနဲ့ ရော၊ ဒါရိုက်တာတွေနဲ့ရောတိုင် ပင်တယ်။ ကျွန်တော်ကိုယ်တိုင် လည်းဘယ်လိုဇာတ်လမ်းမျိုးရိုက် ရင်ကျွန်တော်နဲ့အလိုက်ဖက်ဆုံး ဖြစ်မလဲ။ ကျွန်တော့်ပရိသတ်တွေ အတွက်ကြည့်ကောင်းမယ့်၊ အဆင် ပြေဆုံးဖြစ်မယ့်ဇာတ်လမ်းတွေကို ရွေးနေပါတယ်။

Written by – မွန်မြတ်အောင်

Photo from facebook

Add comment

Advertisement

Advertisement