လားရှိုးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံလွှတ်ပွဲတော်ကျင်းပနိုင်ရန် တိုင်းရင်းသားယဉ်ကျေးမှုကွင်းအား ရှင်းလင်း

1

လားရှိုး၊ အောက်တိုဘာ ၂၀ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံလွှတ်ပွဲတော်ကျင်းပနိုင်ရန်အတွက် တိုင်းရင်းသား ယဉ်ကျေးမှုကွင်းအား အောက်တိုဘာ ၂၀ ရက်တွင် စတင်ရှင်းလင်းနေပြီဖြစ်ကြောင်း သိရှိရသည်။

လားရှိုးမြို့လုံးကျွတ် တန်ဆောင်တိုင်မီးပုံပျံလွှတ်ပွဲတော်ကျင်းပနိုင်ရန် ကွင်းအတွင်းရှိ ချုံနွယ်၊ သစ်ပင်များနှင့် မြေညှိခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။
“မီးပုံးပျံပွဲတော်ကျင်းပဖို့အတွက်ကို သက်ဆိုင်ရာကော်မတီတွေ ဖွဲ့စည်းထားပြီးပါပြီ။ အခုက ပွဲတော်ကျင်းပမယ့် မြေနေရာကို ရှင်းလင်းဆောင်ရွက်နေတာပါ။

မြေညှိတာတွေ၊ နေရာသတ်မှတ်တာတွေ လုပ်ဆောင်နေပါတယ်။ အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပသွားမှာပါ။’’ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောသည်။

တန်ဆောင်တိုင်မီးပုံးပျံပွဲတွင် ပြည်သူများပျော်ရွင်စေရန် ဖျော်ဖြေရေးများ ပါဝင်မည့်အပြင် အနည်းဆုံး တန်ဖိုး (၁၀)သိန်းဝန်းကျင်ရှိမီးပုံးပျံများကိုလွှတ်တင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

“ဒီနှစ်ကတော့ လားရှိုးမြို့လုံးကျွတ်အနေနဲ့ လုပ်ဆောင်တာဖြစ်လို့ အားလုံးပါဝင်လုပ်ဆောင်နေကြတာပါ။ အဓိ ကတော့ လုံခြုံရေးဂရုစိုက်ပေးရမယ်လို့ ထင်ပါတယ်။ ယာဉ်ကြောကတော့ ပိတ်မှာသေချာတယ်။ ဌာနဆိုင်ရာ တွေ၊ လူမှုရေးအသင်းအဖွဲ့တွေပါဝင်ကြလို့ အရမ်းကြီးစိုးရိမ်ဖို့တော့မရှိပါဘူး။’’ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးနေမျိုးကပြောသည်။

ပွဲတော်ကို လားရှိုးမြို့ရှောင်လမ်းနှင့် နမ္မတူသွားကားလမ်းထောင့်ရှိ မြေ(၄)ဧကခန့်အကျယ်ရှိသည့် တိုင်းရင်း သားယဉ်ကျေးမှုကွင်း၌ နိဗ္ဗာန်ဈေးများ၊ ပျော်ပွဲရွှင်ပွဲများ၊ လုံခြုံရေးများထားရှိကာ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေ ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် မည်သူမဆို မီးပုံးပျံများလွှတ်တင်နိုင်ပြီး မီးပုံးပျံရရှိမှုပေါ်မူတည်ကာ အောက်တို ၂ ရက်နှင့် ၃ ရက်တို့တွင် နှစ်ရက်ခွဲကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

LEAVE A REPLY

Please enter your comment!
Please enter your name here