Hintharmedia

လူဆိုတာကတော့ ကိုယ့်ပျော် ရွှင်မှုနဲ့ကိုယ်ပါလို့ဆိုတဲ့ သက်မွန်မြင့်

အနုပညာအလုပ်တွေပြန်လုပ် နေတာတွေ့ရတယ်၊ အဲဒီကနေစပြီး ပြောပြပေးပါဦး။
အခုကြော်ငြာလေးတွေပြန် ရိုက်ဖြစ်နေပါတယ်။ ကလေးအသုံး အဆောင်ပစ္စည်းလေးတွေ၊ စား သောက်ကုန်လေးတွေရိုက်ပေးဖြစ် တယ်။ ကားရိုက်ကတော့ဟိုတ လောကချောင်းသာမှာဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)မင်းသားမြင့် မြတ်တို့နဲ့အတူဟာသကားလေး တစ်ကားရိုက်ထားတယ်။ ကားရိုက် ကိုတော့ရန်ကုန်မှာဆိုရိုက်ဖြစ် တယ်။ နယ်ကျတော့သမီးလေးက အခုမှ ၆လပြည့်တာဆိုတော့နယ် ကားရိုက်တာလက်မခံဖြစ်သေးဘူး။

ဒါရိုက်တာကိုဇော်(အရုဏ်ဦး) နဲ့ကားကိုလက်ခံရိုက်ကူးဖြစ်ပုံ လေးကိုလည်းပြောပြပေးပါဦး။
ကားမရိုက်တာကြာတော့ အ လုပ်လုပ်ချင်တာလဲပါတယ်။ ပြီး တော့ပရိသတ်တွေကလည်းမျှော် နေကြပြီ။ ပြီးတော့ဇာတ်ကားပုံစံ ကလည်းပေါ့ပေါ့ပါးပါးနဲ့ဟာသကား လေး၊ ကိုဇော်တို့နဲ့ကဟာသကား လေးတွေအဆင်ပြေတယ်ဆိုတော့ ရိုက်ဖြစ်တာပါ။ အဓိကကပရိသတ် တွေအတွက်ပေါ့နော်။ ကိုယ့်ကို မျှော်နေကြတာကြာပြီဆိုတော့ အလွမ်းပြေပေါ့။ ကိုယ်ကနည်း နည်းဝနေတော့မင်းသမီးတစ် ယောက်ပုံစံအတိအကျတော့မ ဟုတ်သေးဘူး။ အဲ့ဒါကြောင့်ကား ရိုက်လည်းရွေးတယ်။ ဒီကားလေး ကျတော့ကိုယ့်ပုံစံနဲ့လည်းအဆင်ပြေ တယ်။ ကြည့်မယ့်ပရိသတ်တွေလည်း ကိုယ့်ပုံစံကိုက ဟာသဖြစ်နေတော့ ပျော်စရာတော့ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ပရိသတ်အတွက်အ လုပ်လေးနည်းနည်းပြန်စလုပ်လိုက်တဲ့ သဘောပါ။

သူငယ်ချင်းဖြစ်တဲ့စိုင်းစိုင်းက ကလေးအမေဝတုတ်ကြီးလို့စ လိုက်တဲ့အပေါ်မှာရောဘယ်လိုသ ဘောရလဲ။
အမှန်တော့သူကတောင် ကိုယ့်ကိုပြန်အားကျနေတာပါ။ ကိုယ်ကကျတော့ကိုယ့်မိသားစုဘ ဝနဲ့ပျော်နေတာ၊ သူကကျတော့ “နင့်လိုဘုစုခရုတွေငါ့ဆီမှာမရှိဘူး ကွာ”ဆိုပြီးပြောပါတယ်။ လူဆိုတာ ကတော့ကိုယ့်ပျော်ရွှင်မှုနဲ့ကိုယ်ပါ။ ကိုယ်ကလည်းကိုယ့် Life မှာကိုယ် ပျော်သလို၊ သူကလည်းသူ့ Life မှာသူပျော်တယ်။ မတူကြဘူးပေါ့။ ဘာပဲဖြစ်ဖြစ်မင်းသမီးတစ်ယောက် အနေနဲ့လှချင်တယ်။ အစခံရတာ တော့စိတ်မကောင်းဘူး။ ဒါပေမဲ့ ကိုယ့်သားသမီးအတွက်ဆိုတဲ့စိတ် ကဝင်လာတော့ဘာပဲဖြစ်ဖြစ်ကိုယ် ကတော့ကျေနပ်တာပါပဲ။

သမီးလေးအကြောင်းလည်းနည်း နည်းလောက်ပြောပြပေးပါဦး။
သမီးလေးကနို့ဘူးမကြိုက်ဘူး။ အမေကိုပိုတွယ်တာတယ်။ အမေနို့ပိုသောက်ချင်တဲ့အခါကျ တော့သူ့ကိုအချိန်ပိုပေးရတယ်။ နောက်ပိုင်းမှာအမေနို့ကသူလိုသ လောက်သိပ်မရတော့တဲ့အခါကျ တော့ တခြားဖြည့်စွက်စာကူရ တယ်။ တစ်လထက်တစ်လကြီး လာလေသူကနို့ပိုသောက်လာနိုင် လေဖြစ်တော့စိတ်ပင်ပန်းရတယ်။ ကိုယ်ကလည်းတိုက်ချင်တယ်၊ သူက လည်းမဝဘူး။ နို့ဘူးကူလို့ကလည်း မရဆိုတော့ပိုဆိုးတယ်။ အလုပ် ကလည်းလုပ်ချင်ပြီ၊ သူကလည်းအဲ့လို တွေဖြစ်နေတော့သူ့ကိုပဲပိုပြီးဦး စားပေးရတာပေါ့။ သူတခြားဖြည့် စွက်စာတွေအကုန်စားပြီဆိုမှ၊ သေ ချာဝိတ်ပြန်ချပြီးအလုပ်ကိုဖိဖိစီးစီး ပြန်လုပ်ရမှာပေါ့။ အမေကိုတအား တွယ်နေတော့အလုပ်သွားလည်း စိတ် ကမဖြောင့်ဘူးဖြစ်နေတာပေါ့။

မီးမီးလေးလက်လွှတ်လို့ရပြီ ဆိုတာနဲ့အနုပညာအလုပ်တွေကို သေချာလုပ်သွားဖို့အစီအစဉ်ရှိ လား။
အလုပ်တွေကိုတော့သေချာ ပြန်လုပ်ချင်ပါတယ်။ ပရိသတ်တွေ လည်းကိုယ့်ကိုမျှော်နေတာကြာပြီ။ ပထမသားသားတုန်းကလည်းနည်း နည်းပဲပြန်ရိုက်ရတယ်။ အဲဒီကား တွေကလည်းမထွက်သေးဘူးဆိုတော့ ပရိသတ်တွေနဲ့အဆက်ပြတ်နေ တာကြာပြီ။ မီးမီးလေးနဲ့လက် လွှတ်လို့ရပြီဆိုတာနဲ့ဆက်တိုက် ဖိဖိစီးစီးလုပ်သွားချင်ပါတယ်။

ပရိသတ်တွေအတွက်စကား လက်ဆောင်အနေနဲ့ရောဘာများ ပြောစရာရှိဦးမလဲ။
အများကြီးကျေးဇူးတင်ပါ တယ်။ ဒီအလုပ်တွေဆက်လုပ်ခွင့် ရတယ်ဆိုတာကလည်းသူတို့ရဲ့ အားပေးမှုကြောင့်ပါ။ သူတို့တ အားချစ်တယ်ဆိုတာကိုလုပ်ငန်း ရှင်တွေကသိကြတယ်။ Producer တွေကလည်းသိကြ တယ်။ ကိုယ့်ကိုအလုပ်လုပ်ဖို့ခေါ် ကြတယ်။ အဲဒါကြောင့်ကျေးဇူး အရမ်းတင်ပါတယ်လို့ပြောချင်ပါ တယ်။

Written by – မွန်မြတ်အောင်

Add comment

Advertisement

Advertisement