Hintharmedia

သံလွင်ဆည်းဆာနဲ့ ငွေဇင်ယော်

DSC_4995_Stamped

ရှည်လျှား၍ သာယာလှပသော ကမ်းနားနဲ့ နေဝင်ချိန်ဆည်းဆာအလှတို့ကို ပိုင်ဆိုင်ထားတဲ့ မော်လမြိုင်မြို့ရဲ့ ညနေခင်းဟာ စည်ကား သက်ဝင်နေပါတယ်။ မော်လမြိုင် မြို့ခံများ သာမက နိုင်ငံခြား ခရီးသွား များနဲ့ ပြည်တွင်း ခရီးသွားများဟာ ညနေခင်း အချိန်မှာ သံလွင်ကမ်းနား လမ်းတစ်လျှောက် တကူးတက လာရောက် အပန်းဖြေလေ့ရှိပါတယ်။

DSC_4895_Stamped

ဆောင်းဦးဝင်လာတာနဲ့ ဆောင်းခို ဇင်ယော်ငှက်များဟာ မြစ်ပြင်ကျယ်နဲ့ ကမ်းနားတစ်လျှောက်ကို ပြန်လည် ကျက်စား လာကြပါပြီး။

DSC_4852_Stamped

ဇင်ယော်စာရောင်းတဲ့ ကလေးငယ်များဟာ ကမ်းနားသို့ လာရောက်ကြသူများအား ဇင်ယော်ငှက်များကို အစာကျွေးဖို့ဝယ်ယူရန် တိုက်တွန်းနေကြပါတယ်။

DSC_4879_Stamped

ဇင်ယော်များဟာ ညနေ၃ နာရီခွဲအချိန်မှ ည ၇နာရီထိ ကမ်းနားတစ်လျှောက် လူးလားခေါက်ပြန် အစာတောင်းရင်း ပျံသန်းနေပါတယ်။

DSC_4920_Stamped

ဇင်ယော်စာရောင်းချသူ အယောက် ၂ဝခန့်က ဇင်ယော်များ ပျံသန်းလျှက်ရှိသော ကမ်းနားလမ်းတစ်ဝိုက်တွင် ရောင်းချအသက်မွေးလျှက်ရှိပါတယ်။

DSC_4982_Stamped

သံလွင်တစ်ဖက်ကမ်း နေဝင်တဲ့ ဆည်းဆာချိန်အလှနဲ့ ငွေဇင်ယော်များရဲ့ ပျံသန်းနေပုံက လာရောက်ကြသူများရဲ့ တစ်နေတာ ဘဝအမောကို ကြည်နူး အပန်းပြေစေနိုင်မှာပါ။

ဓာတ်ပုံ – သားကြီး

Add comment

Advertisement

Advertisement