အစိုးရအဖွဲ့မှ ဌာနဆိုင်ရာတွေကို အားစိုက်လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း အဆို ရှုံးနိမ့်

307

မော်လမြိုင် ၊ ဒီဇင်ဘာ ၇ ၊ ၂၀၁၇။

မွန်ပြည်နယ် အစိုးရ အဖွဲ့က အုပ်ချုပ်ရေး ဆိုင်ရာ ဌာနဆိုင်ရာ ကိစ္စရပ်များ ပိုမိုအားကောင်းစေရန် အားစိုက် လုပ်ဆောင် သင့်ကြောင်း အဆိုအား ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်၌ မဲခွဲ ဆုံးဖြတ် ခဲ့ရာ ထောက်ခံမဲ (၉) နှင့် ကန့်ကွက်မဲ (၁၉) မဲ တို့ဖြင့် ယင်းအဆို အစိုးရအဖွဲ့မှ ဌာနဆိုင်ရာတွေကို အားစိုက်လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း အဆို ရှုံးနိမ့် ခဲ့ရသည်။

ယင်းအဆိုကို မွန်ပြည်နယ် ဝန်ကြီးချုုပ်နှင့် အစိုးရ အဖွဲ့အပါအဝင် လွှတ်တော် ကိုယ်စားလှယ် (၇) ဦး တို့က အကြိတ်အနယ် ဆွေးနွေး ခဲ့ကြပြီးနောက် မှတ်တမ်း အဖြစ်သာ တင်သင့်ကြောင်း ဝန်ကြီးချုုပ် ဒေါက်တာ အေးဇံက ဆွေးနွေး သဖြင့် မဲခွဲ ဆုံးဖြတ် ခဲ့ပြီး အဆို အစိုးရအဖွဲ့မှ ဌာနဆိုင်ရာတွေကို အားစိုက်လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း အဆို ရှုံးနိမ့် ခဲ့ရသည်။

“အမှန်တကယ် မလိုအပ်တဲ့ အဆိုကို တင်ဖို့ မလိုဘူး။ ပြည်နယ်အစိုးရ ကလည်း လုပ်ဆောင် နေတာပဲ။ ဒီအဆိုက တိုက်တွန်းကြောင်း အဆို ဆိုတော့ အစိုးရရဲ့ လုပ်ဆောင်ချက်က အားနည်း နေသလိုလို သက်ရောက် နေတယ်။ ကတိကဝတ် ဝင်ထားတဲ့ အဆိုတွေ မေးခွန်း တွေကတော့ လုပ်ပေးမယ်။ အခြေအနေ အချိန်အခါအရ လုပ်ဖို့အတွက် နည်းနည်း ခက်ခဲတယ် ဆိုတော့ ဖြည်းဖြည်းချင်း လုပ်နေတယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက တုန့်ပြည် ဆွေးနွေး ခဲ့သည်။

“သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း နဲ့အညီ မော်တော်ယာဉ်တွေ စနစ်တကျ ရပ်နားစေဖို့ ကြပ်မတ် ဆောင်ရွက် ပေးဖို့ လွှတ်တော်မှာ မေးခွန်း မေးမြန်း ခဲ့ပါတယ်။ အဲဒီ မေးခွန်းက စိုက်ပျိုးမွေးမြူးရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ဆောင်ရွက် ပေးမယ်လို့ ဖြေခဲ့ ပါတယ်။ အဲဒါကို မြို့နယ် ထွေအုပ်နဲ့ ယထက ပေါင်းစားတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါကို ကျွန်တော် ကိုယ်တိုင် သိရှိ ရပါတယ်”ဟုလည်း လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ထောက်ပြ ဆွေးနွေး ခဲ့သည်။

ထိုအဆိုကြောင့် အစိုးရအဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ် များအကြား ပြည်သူနှင့် အများ အမြင်တွင် “သဘောထား ကွဲလွဲ နေပြီးလား” ၊ “ညှိနှိုင်းဆောင်ရွက်မှု မရကြတော့ပြီးလာ”ဟု သံသယဝင်ပြီး အစိုးရအပေါ် အကြည်အညို ပျက်ဖွယ် ဖြစ်စေ နိုင်ကြောင်းလည်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

အဆိုအား သထုံ မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဒီဇင်ဘာ ၆ ရက်နေ့ လွှတ်တော် အစည်အဝေးတွင် တင်သွင်း ခဲ့ရာ လွှတ်တော်မှ လက်ခံ ခဲ့သဖြင့် ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆွေးနွေး ခဲ့သည်။

အစိုးရသစ် အချိန် တစ်နှစ်ကျော် ကာလ အတွင်း ရထားတွဲ ခေါင်းပိုင်းသာ ပြောင်းလဲ သွားပြီး ရထား နောက်တွဲဆိုင်းများ မပြောင်းလဲ သည်ကို တွေ့ရှိ ရသောကြောင့် ထောက်ပြ လို၍ အဆိုအား တင်သွင်းခြင်း ဖြစ်ကြောင်း အဆိုရှင်က လွှတ်တော် အစည်းအဝေး အတွင်း ပြောကြား ခဲ့သည်။

အစိုးရ မသိသေးသည့် မြေပြင ်အခြေအနေများနှင့် ယန္တရားများကို လွှတ်တော် ကိုယ်စားလှယ် များက ဖော်ထုတ် နေခြင်း ဖြစ်ပြီး အစိုးရ အနေဖြင့် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရမည့်အပြင် အစိုးရကို ကူညီထောက်ပံ့ပေးသည့် အဆို ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ထောက်ခံ ဆွေးနွေး ခဲ့သည်။

ပြည်နယ် စည်ပင်သာသာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က “ဝန်ထမ်းတွေ အားလုံးက ဆိုးနေတာ မဟုတ်ပါဘူး။ ကောင်းကွက် လေးတွေလည်း ရှိပါတယ်။ ကောင်းကွက် လေးတွေကို ကြည့်ပြီးတော့ အပြုသဘော ဆောင်တဲ့ ဝေဖန်မှုတွေ ပြုပေး ကြပါ”ဟု ၎င်းက ဆွေးနွေး ခဲ့သည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျင်းပ ခဲ့သည့် ပြည်နယ် လွှတ်တော် အစည်းအဝေး၌ မေးခွန်း ၅ ခု နှင့် အဆို ၄ ခု တို့အား တင်သွင်း ဆွေးနွေး ခဲ့ကြသည်။

Written by ရွှေရိုး

LEAVE A REPLY

Please enter your comment!
Please enter your name here