Hintharmedia

အပြောင်းအလဲများ၏ နောက်ဆက်တွဲ

နိုင်ငံရေးတွင် အရာရာသည် ပြောင်းလဲနေ သည်။ အရေအတွက်မှ အရည်အချင်းသို့ ပြောင်းလဲနေသည်။ ပြောင်းလဲမှုတိုင်းသည် အ တွင်းပဋိပက္ခကြောင့်ဖြစ်သည်ဟု ဆိုပြန်သည်။ ဒဿန စာရေးဆရာ တစ်ဦးကလည်းကမ္ဘာပေါ် တွင် မပြောင်းလဲသည့်တရားသည် ပြောင်းလဲ ခြင်းသာ ဖြစ်သည်ဟု အပြောင်းအလဲ၏သစ္စာ တရားကို ဖွင့်ဆိုဖူးသည်။ ဗုဒ္ဓတရားအရလည်း မည်သည့်အရာမျှမမြဲ အနိစ္စဖြစ်သည်ဟု ဟော ကြားသည်။

ကျွန်တော်တို့၏ မြန်မာနိုင်ငံသည် ၁၉၆၂ခု နှစ်မှတွက်လျှင် နှစ်ပေါင်း ၅၀ ကျော်အတွင်း သိသိသာသာပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့သည်။

အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းခဲ့သည်။ ပြောင်းလဲမှုများ၏ သဘော သဘာဝအတိုင်း အကောင်းအဆိုး ဒွန်တွဲပါလာတတ်သည်။

ယခု နှစ်ပေါင်း ၅၀ ကျော်အတွင်း ပြည်သူ ဆန္ဒအညီ ရွေးတင်မြှောက်သော အစိုးရတစ်ရပ် ဖြစ်ပေါ်လာသည်။ ၂၆ နှစ်ကြာ တစ်ပါတီအာ ဏာရှင်စနစ်မှ စစ်အာဏာစနစ် စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းနေချိန် လည်းဖြစ်သည်။ မျိုးဆက်အားဖြင့် သုံးဆက်ခန့် ရှိမည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အသွင်ကူး ပြောင်းမှုသည် အာဖဂန်နစ္စတန်၊ အီဂျစ်၊ ဆီ ရီယားတို့နှင့် နိုင်းယှဉ်လျှင် အများကြီးအခြေအ နေကောင်းသည်ဟု နိုင်ငံရေး အကဲခတ်တချို့ ကဆိုသည်။ အထူးသဖြင့် အမေရိကန်နှင့် ဂျာမနီ ဦးဆောင်သော ဥရောပနိုင်ငံတချို့က မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စံနမူနာတစ်ခုအဖြစ် မကြာခဏ သုံးသပ်ပြောဆို လေ့ရှိသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင် ရေး၏ ထူးခြားချက်တစ်ခု ဒီမိုကရေစီဖော်ဆောင် ရေးနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်း သား လူမျိုးစုများအရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်နေရသည်။ နိုင်ငံတကာ ပိုင်းခြား စိတ်ဖြာသူ ပညာရှင်များက ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပတ်သက်လျှင် အင်ဒိုနီးရှား နိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး ဥပမာပေး တတ်ကြသည်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဆိုလျှင် အိန္ဒိယနိုင်ငံကို ဥပမာပေးတတ်ကြသည်။

အထူးသဖြင့် အင်ဒိုနီရှားနိုင်ငံ၏ ဒီမိုကရေ စီ ဖော်ဆောင်ရေးသည် မြန်မာနိုင်ငံနှင့် ချိန်ဆ စဉ်းစားလို့ရသည်။ အာရှင်ဆူဟာတိုသည် ဂိုအာ ပါတီထောင်ပြီး နိုင်ငံရေးအာဏာကို ထိန်းချုပ် ထားခဲ့သည်။ တချို့ကလည်း အင်ဒိုနီးရှား ဒီမိုက ရေစီကို Guilding Democracy လမ်းညွှန် ဒီမို ကရေစီဟု တံဆိပ်ကပ် အကဲဖြတ်ခဲ့ဖူးသည်။ လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီကို စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီအဖြစ် ဝိသေသပြုထား ပြီး တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ လမ်းညွှန်ထိန်းကျောင်းနေသည်ဟု ဆိုသည်။ သို့ သော် အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံ မတူ သည့်အချက်တစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံတွင် CSO ခေါ် အရပ်ဘက်အဖွဲ့အစည်း အားကောင်း ခဲ့သည်။ ထို့အတွက် ဒီမိုကရေစီ ဖော်ဆောင်ရေး သည် အဆင်ပြေချောမွေ့ ဟန်ကျနေသည်။ ထို့ အတူ ဇာတ်နိမ့်၊ ဇာတ်မြင့် အပါအဝင် ဘာသာ ပေါင်းစုံ လူမျိုးပေါင်းစုံရှိ ဒိုင်ဗာစတီ ရှိသော အိန္ဒိယနိုင်ငံတွင် ဗဟိုအစိုးရက ပြည်နယ်များ တဖြည်းဖြည်းချင်း အာဏာခွဲဝေပေးသွားသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရခဲ့သည်မှာ ရှေ့ဆင့် နောက်ဆင့် ဖြစ်သည်။ သိပ်မကွာ ယနေ့ လူဦးရေ သန်း ထောင်ကျော်ရှိသော အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက် မှုများကို လေ့လာကြည့်လျှင် မတူကွဲပြားသည့် အရှိတရားကို လက်ခံပြီး ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ရွေးကောက်ပွဲများကျင်းပပြီး လူထုဆန္ဒနှင့် အညီ တိုင်းပြည်တည်ဆောက်နေသည်။ ပစ္စက္ခ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ရခိုင်ပြည် နယ် ဘူးသီးတောင် မောင်တော အဖြစ်အပျက် များ၊ မီဒီယာများကို အရေးယူမှု၊ ဦးကိုနီ အသတ် ခံရမှု၊ မဘသပြဿနာ၊ ငွေကြေးဖောင်းပွမှု၊ ကျောင်းသာသမဂ္ဂ ဖွဲ့စည်းရေး၊ ရာဇဝတ်မှုများ ထူပြောလာမှုအပါအဝင်ပြဿနာပေါင်း သောင်း ခြောက်ထောင်ကို ပြည်သူ တင်မြှောက်ထား သောအစိုးရ ရင်ဆိုင်ဖြေရှင်းနေရသည်။ တစ် နည်းအားဖြင့် ဒီမိုကရေစီဖော်ဆောင်မည့်အစိုးရ က ရင်ဆိုင်ဖြေရှင်းနေရသည်။ စိတ်မကောင်းစရာ တစ်ခု ထိုပြဿနာများကို အကြောင်းပြု၍ ဒီမိုက ရေစီ မလိုလားသူများက နောက်ပြန်လှည့်ရန် ကြံစည်အားထုတ်မှု ရှိလာသည်။ စစ်အာဏာရှင် စနစ်ကို ပြန်လည်တမ်းတနေသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရစီအ သွင်ကူးပြောင်းရေးကို အဆင်သင့် မဖြစ်သေးဟု အချိန်မကျသေးဟု မြင်နေကြသည်။ လူထုရွေး ကောက်သည့်အစိုးရ ဒီမိုကရေစီစနစ်အရ ရွေး ကောက်ပွဲ အနိုင်ရပြီး ဦးဆောင်နေသည့် အစိုးရ လက်ထက်တွင် ပြဿနာများ ထူပြောလွန်းသည် ဟု မြင်နေကြသည်။ တချို့အစိုးရဝန်ထမ်းများဆို လျှင် မင်းတို့ တင်ထားတဲ့အစိုးရပဲလေဟု တာဝန် မဲ့စွာ ပြောဆိုမှုများပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတချို့၏ ဒီမိုကရေစီဖော်ဆောင်ရေးကို လေ့ လာကြည့်လျှင် အာဏာရှင်အစိုးရများ ဖိနှိပ်မှု ဓားမိုး သေနတ်ထောက် အုပ်ချုပ်စိုးထားပြီး ပြည်သူမလှုပ်ရဲသဖြင့် ထိန်းချုပ်ထားနိုင်တာမျိုး ရှိနေတတ်သည်။ အကြောက်တရား သွပ်သွင်းမှု ကြောင့် မလှုပ်ရှားရဲပဲ ငြိမ်နေကြခြင်းဖြစ်သည်။ တချို့သည် ပင်လယ်လုပ်သား ငါးဖမ်းသမား ပြောသည့် မုန်တိုင်းမကျခင် ပင်လယ်ပြင်၏ ငြိမ် သက်ခြင်းမျိုးဖြင့် ငြိမ်သက်နေခြင်းလည်း ဖြစ် သည်။ ဒီမိုကရေစီ၏ သဘော သဘာ၀ နုနယ်စဉ် မရင့်ကျက်စဉ် ရှုပ်ထွေးမှုများ ရှိတတ်သည်။ သိ သာသည့်အချက်မှာ အဏာရှင်စနစ်တွင် အာ ဏာရှိသူများကလွဲ၍ လူတိုင်းအရေးမပါ။ အာ ဏာရှိသူများကလွဲ၍ လူတိုင်းပြောဆိုခွင့် မရှိ။ စာနယ်ဇင်းလွတ်လပ်ခွင့်လည်း ထိန်းချုပ်ထား တတ်သည်။ ဒီမိုကရေစီစနစ်တွင်တော့ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ လူတိုင်း အရေး ပါ အရာရောက်လာသည်။ အားလုံးက ကိုယ့်အ ကျိုးကိုယ် ပြောဆိုတောင်းဆိုကြသည်။ အလုပ် သမားများ၊ လယ်သမား ကျောင်းသားများ လူ တန်းစားမျိုးစုံ၊ လူအလွှာမျိုးစုံက နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့သည့် အခွင့်အရေးများ ထုတ်ဖော် ပြော ဆိုကြသည် တောင်းဆိုကြသည်။ ထိုအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းချိန်တွင် ရွေးကောက်ခံ အစိုးရများက အခက်အခဲများ စိန်ခေါ်မှုများရှိ သည်မှာသဘာဝဖြစ်သည်။ မိမိတို့၏ ဆုံးရှုံးခဲ့ သောအခွင့်အရေးကို မိမိတို့တောင်းဆိုသည်မှာ ပြဿနာမဟုတ်သော်လည်း အကြမ်းမဖက်ဖို့ လို သည်။ အထူးသဖြင့် နိုင်ငံ၏ အကျိုးစီးပွားကို ဦး တည်ဖို့ လိုမည်။ အများအကျိုး ရှေရှုဖို့လိုမည်။ အထူးသဖြင့် နောက်မျိုးဆက်များအတွက် စဉ်း စားဖို့လိုမည်။ နောက်မျိုးဆက်များကို အာဃာ တများ၊ အမုန်းတရား လက်ဆင့်မကမ်းဖို့ လိုပေ မည်။ အထူးသဖြင့် လူများစု အကျိုးဖြစ်ထွန်းဖို့ လိုသည်။

အထူးသဖြင့် လူထုက ရွေးချယ်တင် မြှောက်ခြင်းခံထားရသော အမျိုးသားဒီမိုကရေစီ အစိုးရအနေဖြင့် ဒီမိုကရေစံနှုန်းများကို ကျင့်သုံး လေးစားဖို့လိုသည်။ ဒီမိုကရေစီစနစ်တွင် လူများ စု၏ဆန္ဒကို အကောင်အထည်ဖော်ခြင်းဖြစ်သည် ဟုဆိုသော်လည်း လူနည်းစု၏ဆန္ဒကို လေးစားဖို့ လိုသည်။ ပွင့်ပွင့်လင်းလင်းဝေဖန်ရလျှင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရသည် ရွေး ကောက်ပွဲအနိုင်ရပြီးချိန် ပြည်နယ်နှင့် တိုင်းဒေသ ကြီးဝန်ကြီးချုပ်များ ခန့်အပ်ရာ ရခိုင် တိုင်းရင်း သားပါတီများနှင့်ရော၊ SNLD ကဲ့သို့ နှစ်ပေါင်း များစွာ လက်တွဲလာသည့် ပါတီများကိုပါ ကြေ ကြေလည်လည် ညှိနှိုင်းဖို့ ပျက်ကွက်ခဲ့သည်။ ယင်းအကျိုးဆက်ကို ယခု ခံနေရသည်။ ဒီမိုက ရေစီစနစ်တွင် အများစုဖြစ်ဖြစ် အနည်းစုဖြစ်ဖြစ် အားလုံး အရေးပါအရာရောက်သည်ကို သတိပြု လေးနက်သင့်သည်။ ထို့အတူ တိုင်းရင်းသားများ နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအ ထိ မသွားနိုင်လျှင်တောင် အာဏာခွဲဝေရေး အခြေခံများကို စဉ်းစားသင့်သည်။ အထူးသဖြင့် ဒေသန္တရအစိုးရဟု ပြောဆိုသည့် ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများကို တတ်နိုင်သမျှ အာ ဏာခွဲဝေပေးဖို့ဖြစ်သည်။ သို့သော် ချောင်းဆုံ တံတား အမည်ပေးသည့်ကိစ္စ သိသာမြင်သာကိစ္စ တစ်ခုဖြစ်သည်။ အထူးသဖြင့် အကြောင်းအရာ တော်တော်များကို ဗဟိုဦးစီးစနစ် ဆုံးဖြတ်လုပ် ဆောင်နေသည်ကို စိတ်မကောင်းစွာ တွေမြင်နေ ရသည်။ လူထုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အကန့် အသတ်အောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ လုပ်ကိုင်နေရသည့် အနေအထားကို နားလည်ကြသည်။ လူထုက ကြီးကြီးမားမား တောင်းဆိုခြင်းမရှိသော်လည်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် သိသာမြင်သာသည့် အောင်မြင်မှု များ ရအောင်တော့ မလုပ်နိုင်သေးသည်တော့ အမှန်ပင်။ မည်သို့ပင်ဖြစ်စေ အပြောင်းအလဲများ ၏အစဉ်အလာအတိုင်း အကောင်းအဆိုး ဒွန်းတွဲ နေသည်။ ဆန္ဒနှင့်ဘ၀ မည်သူမျှ တစ်ထပ်တည်း တော့ မကျတတ်ပေ။ အကောင်းများများ ဖြစ် ထွန်းပြီး အဆိုးများကို လျှော့နည်းနိုင်လျှင်ပင် ပြည်သူများ ကျေနပ်နေကြပေလိမ့်မည်။

Written by – ခိုင်ကျည်

Add comment

Advertisement

Advertisement