Hintharmedia

အလုပ်ရှင်၊ အလုပ်သမားကြားက သမဂ္ဂပြဿနာ

လှိုင်သာယာစက်မှုဇုန် အမှတ် ၃ အတွင်း ရှိ ခြေအိတ်စက်ရုံတစ်ရုံ၏ အလုပ်သမားဦးရေ ၂၀၀ ကျော်မှ ဆန္ဒထုတ်ဖော်မှုတစ်ခုကို စက် တင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ကြသည်။
အလုပ်သမားခေါင်းဆောင်တစ်ဦး အလုပ် ထုတ်ခံရသဖြင့် ယခုလို ဆန္ဒထုတ်ဖေါ်ခြင်းဖြစ် သည်ဟု ဆန္ဒပြသူများက ပြောသည်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရေး၏ ဂယက် သည် အလုပ်သမား ၂၁၈ ပါ ထပ်မံအလုပ်ထုတ် ခံခဲ့ရသည်။ ကိုစိုးသူရကို ကို သြဂုတ် ၂ ရက်တွင် အလုပ်ထုတ်ပယ်လိုက်ခြင်းကြောင့် ယင်းစက် ရုံရှိ အလုပ်သမားများက ဆန္ဒထုတ်ဖော်ခဲ့ခြင်းအ ပေါ် အလုပ်ရှင်က အလုပ်သမား ၂၀၀ကို သြဂုတ် ၂၂ ရက်က ထပ်မံအလုပ်ထုတ်ပယ်ခဲ့သည်။ အလုပ်ထုတ်ပယ်ခံရသူများမှာလည်း သမဂ္ဂအဖွဲ့ ဝင်များဖြစ်ကြောင်း အလုပ်သမားများကပြော သည်။

ယင်းကဲ့သို့ အလုပ်ထုတ်လိုက်ခြင်းသည် စက်ရုံအတွင်း အလုပ်သမားအသင်းဖွဲ့စည်းခြင်း ကို အလုပ်ရှင်ကို အကြောင်းမကြားခြင်းကြောင့် ဖြစ်သည်ဟု ပြောလာသူက အလုပ်ထုတ်ခံရ သည့် အလုပ်သမားခေါင်းဆောင် ကိုစိုးသူရကို ဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့စက်ရုံအတွင်း အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခြင်းနှင့် ပတ် သက်ပြီး အလုပ်ရှင်ကို အကြောင်းကြားခဲ့သည်ဟု ၎င်း ကပြောသည်။
“နိုင်ငံတကာ ဥပဒေအရရော ကျွန်တော် တို့ မြန်မာနိုင်ငံဥပဒေအရလည်း လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ရှိတယ်ဗျ”ဟု ၎င်းက ပြော သည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ILO ကွန်ဗေးရှင်း နံပါတ်(၈၇)နှင့် ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ မတ်လ၌ ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားအဖွဲ့အစည်းဥပဒေ အရ စက်ရုံအလုပ်ရုံများတွင် လွတ်လပ်သော အလုပ်သမားအသင်းဖွဲ့စည်းခွင့်ရှိကြောင်း ပါရှိ သည်။
ဥပဒေ ပြဋ္ဌာန်းချက်များရှိသော်လည်း အ လုပ်သမား သမဂ္ဂအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းကို လုပ်ငန်းရှင်တချို့က သဘောမကျကြောင်း အ ထည်ချုပ်စက်ရုံများကို သြဂုတ် ၇ တွင် စတင်၍ လွှတ်တော် စီမံကိန်းကော်မတီမှ သွားရောက် လေ့လာခဲ့သည့်အဆိုပါကော်မတီ ဒဂုံမြို့နယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား ဦးကျော်ဇေယျ က ပြောသည်။

“သမဂ္ဂဖွဲ့စည်းတာကို ကြိုဆိုပါတယ်။ ဒါ ပေမယ့် မှန်မှန်ကန်ကန်ရှိဖို့တော့လိုတာပေါ့” ဟု ၎င်းက ပြောသည်။

အလုပ်ရှင်၊ အလုပ်သမား ပြဿနာများဖြစ် ပေါ်လာပါက အချို့ အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းဝင်များက ဆန္ဒထုတ်ဖော်ခြင်းများကို ပြု လုပ်လေ့ရှိကြခြင်းကို အလုပ်ရှင်များ အနေဖြင့် ကြောက်ရွံ့မှုများရှိကြောင်း ဦးကျော်ဇေယျက ပြောသည်။

ယင်းကဲ့သို့ ကြောက်ရွံ့မှုများရှိနေခြင်းသည် အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများ၏ လှုပ်ရှား မှုများကို ဥရောပနိုင်ငံများက စောင့်ကြည့်မှုများ ရှိပြီး ဆန္ဒပြမှုများဖြစ်ပေါ်လာပါက ဆန္ဒပြခံရ သည့်စက်ရုံများကို အဆိုပါနိုင်ငံများက အော်ဒါ အမှာများ ရပ်ဆိုင်းခြင်းနှင့် အသိအမှတ်ပြု လက်မှတ်များကို ပြန်လည်သိမ်းဆည်းခံရနိုင်ခြင်း ကြောင့်ဖြစ်သည်။

သို့သော်လည်း စက်မှုဇုန်တိုင်းရှိ စက်ရုံအ များစုတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းရှိနေ ကြပြီဖြစ်ကြောင်း လှိုင်သာယာ ရွှေလင်ဗန်းစက် မှုဇုန် ဥက္ကဋ္ဌဖြစ်သူဦးအေးသောင်းက ပြော သည်။
“အဖွဲ့အစည်းဆိုတာ ရှိကောင်းတဲ့အရာ တွေပါ အဲဒီအဖွဲ့စည်းဆိုတာ ကောင်းတဲ့အဖွဲ့အ စည်းဖြစ်ရင်တော့ နှစ်ဦးနှစ်ဖက် အထောက်အကူ ရတာပေါ့ဗျာ”ဟု ၎င်းကပြောသည်။

အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခြင်းသည် အလုပ်သမားများ၏ ရသင့်ရထိုက်သည့် အခွင့် အရေးရရှိနှင့် အလုပ်သမားများ၏အကျိုးကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည်။
ဥပဒေအရ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်း သော်လည်း အလုပ်ရှင်များအနေဖြင့် အလုပ် သမားသမဂ္ဂ အဖွဲ့ခေါင်းဆောင်များအပေါ် အမြင် မကြည်လင်မှုများရှိနေပြီး အလုပ်ထုတ်ပယ်မှု များလည်း ယနေ့ချိန်ထိတိုင် ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂ အဖွဲ့ဝင် ကိုအောင်မင်းစိုးက ပြောသည်။

“အဓိကကတော့ တရားဝင်ဖြိုခွဲမှုတွေ မဟုတ်ဘဲနဲ့ သွယ်ဝိုက်သောနည်းနဲ့ ဖြိုခွဲတယ် ပေါ့။ ချော့တယ် မရရင်ခြောက်တယ်ပေါ့ ဒါမျိုး တွေလုပ်ကြတာတွေရှိပါတယ်”ဟု ၎င်းကပြော သည်။
ယင်းကဲ့သို့ စက်ရုံအလုပ်ရုံများတွင် အလုပ် သမားသမဂ္ဂအဖွဲ့များ ဖွဲ့စည်းမှုများတွင် ပုဂ္ဂိုလ် ရေးကို မှီခိုသည့်အဖွဲ့အစည်းနှင့် အဖွဲ့အစည်း ပေါ်တွင် မှီခိုသည့်အဖွဲ့အစည်းဟူ၍ နှစ်မျိုးတွေ့ရှိ ရသည်။
အချို့အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများသည် အလုပ်သမား၏အကျိုးကို အမှန်တကယ် ဆောင်ရွက်ကြပြီး အချို့အဖွဲ့အစည်းများသည် အလုပ်သမား၏အားနည်းချက်ပေါ် အခွင့်ကောင်း ယူ၍ ကိုယ်ကျိုးစီးပွားရှာမှုများလည်း ရှိသည်။

ကိုယ်ကျိုးစီးပွားကို ရှာဖွေကြသည့် အချို့ သော အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများအနေ ဖြင့် အလုပ်သမား၏အကျိုးစီးပွားကို ကာကွယ် ပေးမည်ဟုဆိုကာ လစဉ်အခွန်ကောက်သကဲ့သို့ ငွေကြေးများ တောင်းခံနေမှုများကို တွေ့ရှိရ ကြောင်း ဦးအေးသောင်းက ပြောသည်။
“အလုပ်သမားတွေရဲ့ လစာတွေထဲက လ စဉ်စာရင်းနဲ့ စက်ရုံရှေ့မှှာ လာကောက်နေတာ တွေလည်း တွေ့ရတယ်”ဟု ၎င်းကပြောသည်။

ယခုလိုအလုပ်သမားဆီကနေ လစဉ်ငွေ ကြေးများကောက်ခံခြင်းသည် မည်သည့်အတွက် ကောက်ခံနေခြင်းကို မသိရကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ကောက်ခံရာတွင် စက်ရုံရှေ့၌ လောင်းကစားပွဲများတွင် ငွေကြေးကောက်ခံသ ကဲ့သို့ စာရင်းစာရွက်များဖြင့်ကောက်ခံခြင်းသည် အမြင်မသင့်တော်ကြောင်း ၎င်းကပြောသည်။
“အဖွဲ့အစည်း တည်တည်တံ့တံ့ရှိရင် သူ့ရုံး မှာ ကောက်ဖို့လိုတာပေါ့ဗျာ”ဟု ၎င်းက ပြော သည်။
အလုပ်သမားသမဂ္ဂအဖွဲ့အစည်းများမှ စက် ရုံတွင်း အဖွဲ့ဝင်များကို ငွေကြေးကောက်ခံခြင်း သည် သမဂ္ဂအဖွဲ့၏ ရန်ပုံငွေအတွက်ကောက် ခံခြင်းဖြစ်ပြီး ယင်းကဲ့သို့ ကောက်ခံရာတွင်လည်း စက်ရုံတွင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို အလုပ်ရှင်များက ခွင့်ပြုပေးခြင်းမရှိကြောင်း ပီနံ အိတ်စက်ရုံတစ်ရုံ၏ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် မယုဇင်အောင်က ပြောသည်။

ယင်းကဲ့သို့ ကိုယ်ကျိုးစီးပွားရှာ အဖွဲ့အစည်း များ ကြီးထွားလာမှုမရှိစေရန် လက်ရှိအချိန်တွင် နိုင်ငံအစိုးရအဖွဲ့က ဝင်ရောက်ထိန်းညှိပေးရန်လို အပ်လာပြီဖြစ်သည်။

အစိုးရအဖွဲ့က ဝင်ရောက် ထိန်းညှိပေးရာ တွင်လည်း ရည်ရွယ်ချက်ကောင်းမွန်ပြီး အလုပ် သမားများ၏ အကျိုးစီးပွားကို အမှန်တကယ် ကောင်းမွန်အောင် ဆောင်ရွက်ပေးသည့် အဖွဲ့ အစည်းကို ပိုမိုကြီးသထက်ကြီးအောင် ပံ့ပိုးရ မည်ဖြစ်ပြီး ကိုယ်ကျိုးစီးပွားရှာသော အဖွဲ့အ စည်းများကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက် ရန်လိုသည်ဟု ဦးအေးသောင်းနှင့် ဦးကျော်ဇေ ယျတို့က ယူဆသည်။
စက်ရုံများတွင် အလုပ် လုပ်ကိုင်မည်ဆိုပါ က အလုပ်စတင်ဝင်ရောက် လုပ်ကိုင်သည့်အ ချိန်မှစ၍ သုံးလပြည့်ချိန်တွင် အလုပ်ခန့်ထားမှု ဆိုင်ရာ EC စာချုပ်ကို ဥပဒေနှင့်အညီ ချုပ်ဆိုရ မည် ဖြစ်သည်။
သို့သော်လည်း အချို့စက်ရုံများရှိ အလုပ် သမားများအနေဖြင့် ယခုထိ အလုပ်ခန့်ထားမှု ဆိုင်ရာ EC စာချုပ် ချုပ်ဆိုခြင်းများ မရှိခြင်း ကြောင်းကို လေ့လာတွေ့ရှိရသည်ဟု ဦးကျော် ဇေယျက ပြောသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ EC စာချုပ်ချုပ် ဆိုထားခြင်းမရှိသည့် စက်ရုံများမှာ အလုပ်သ မားသမဂ္ဂအဖွဲ့များ ဖွဲ့စည်းထားသည့် စက်ရုံအ များစုတွင် ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဒီစာချုပ်ထဲမှာ အချို့အချက်တွေကို ငါတို့မကျေနပ်သေးဘူး မင်းတို့ မထိုးကြနဲ့ဆို တော့ အလုပ်သမားက မထိုးကြဘူး၊ သူတို့သမဂ္ဂ ခေါင်းဆောင်က ပြောတယ်ဆိုတော့လေ ”ဟု ၎င်းက ပြောသည်။

ယင်းအပြင် အချို့စက်ရုံများတွင် အဆိုပါ EC စာချုပ် မချုပ်ဆိုခြင်းသည် အလုပ်သမား များအနေဖြင့် စာချုပ်ပါ အချက်အလက်များကို သေချာစွာ ဖတ်ကြည့်ခွင့်မရခြင်းနှင့် အလုပ်ရှင် အချို့မှလည်း စာချုပ်ပါ အချက်အလက်များကို အလုပ်သမားကို ဖတ်ကြည့်ခွင့် မပေးခြင်းများ ကြောင့်လည်းဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိ စက်ရုံများက အလုပ်ရှင်အချို့သည် စက်ရုံတွင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခြင်း သည် စက်ရုံအတွက် အကျိုးမရှိကြောင်း ယူဆ မှုများရှိနေကြသည်။

ယင်းကဲ့သို့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်း ခွင့်ပြုမည်ဆိုပါက အဆိုပါ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် သမဂ ္ဂအလုပ်များကိုသာ လုပ်ကိုင်နေကြပြီး စက်ရုံအလုပ်များကို လျစ်လျူ ရှု့ထားခြင်းများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု စက်ရုံပိုင်ရှင်အများစုက ပြောဆိုကြသည်။

နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် အလုပ်ရှင် အလုပ်သမား ဥပဒေတွင် အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို တစ်လ လျှင် ခွင့်နှစ်ရက်ပေးရန်သာ ပြဌာန်းထားပြီး လက်ရှိ အချို့သမဂ္ဂခေါင်းဆောင်များသည် ခွင့်မဲ့ပျက်ကွက်မှု အကြိမ်ရေ အများအပြားပြု လုပ်ကြသည်ဟု ဆိုသည်။
သို့သော်လည်း အချို့ အလုပ်ရှင်များအနေ ဖြင့် အလုပ်သမားသမဂ္ဂ အဖွဲ့ခေါင်းဆောင်များ ကို စက်ရုံတွင်း၌ လွတ်လပ်စွာ ဆောင်ရွက်လှုပ် ရှားခွင့် နှင့် လွတ်လပ်စွာ စည်းရုံးဟောပြောခွင့် ကိုမပေးကြောင်း ဦးကျော်ဇေယျက ပြော သည်။

အချို့ အလုပ်ရှင်များအနေဖြင့် အလုပ် သမားသမဂ္ဂ အဖွဲ့ဝင်များအပေါ် ခွဲခြားဆက်ဆံမှု ရှိပြီး စက်ရုံတွင်း၌ သမဂ္ဂအဖွဲ့အစည်းအဝေး များပြုလုပ်ရန် ဖိတ်စာများဝေခွင့်မပြုဘဲ အလုပ် ဆင်းချိန် စက်ရုံပြင်ပတွင်သာ ဆောင်ရွက်ရသည် ဟု မယုဇင်အောင်က ပြောသည်။ “ဖိတ်စာတွေ ဘာတွေဝေတာတို့ဆို လမ်းမှာ တွေ့ရင်ဖြစ်ဖြစ်ပေါ့ အဆင်ပြေသလိုပဲ လုပ်ရတယ် ”ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ အလုပ်ရုံ စက်ရုံများအတွင်း အလုပ်ရှင်နှင့် အလုပ်သမားသမဂ္ဂခေါင်ဆောင် များ နားလည်မှုလွဲနေကြခြင်းသည် နှစ်ဦးနှစ် ဖက် ပေါင်းစပ်ညှိနှိုင်းမှုများ အားနည်းနေခြင်း ကြောင့် ဖြစ်သည်။

ယင်းကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရန် အ လုပ်ရှင်နှင့် အလုပ်သမား သမဂ္ဂအဖွဲ့အစည်းများ အကြား အလုပ်သမားဝန်ကြီးဌာနက ထိန်းညှိ ဆောင်ရွက်ပေးရမည့် တာဝန်ရှိကြောင်း ဦး ကျော်နေဇယျနှင့် ဦးအေးသောင်းကပြောသည်။

ထို့အပြင် အစိုးရက အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များနှင့် အလုပ်ရှင်များကို အလုပ် သမားသမဂ္ဂ အဖွဲ့အစည်းများအကြောင်းနှင့် စည်းမျဉ်း စည်းကမ်းများကို အသိပညာပေးလေ့ ကျင့်မှုများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း သက်ဆိုင်ရာမြို့နယ် အ လုပ်သမားရုံးများအနေဖြင့် အဆိုပါ ကိစ္စရပ်များ အပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းများလည်းရှိ ခြင်းကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က ကြီး ကြပ် ဆောင်ရွက်ပေးရမည် ဖြစ်သည်။

လက်ရှိတွင် စက်ရုံတွင်း အလုပ်ရှင်အ လုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ရန်အ တွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များနှင့် စက်မှုဇုန်ဥက္ကဋ္ဌများက ပြည် ထောင်စုအစိုးရထံ အကြံပြုချက်များ တင်ပြ ထားပြီးဖြစ်ကြောင်း ဦးကျော်ဇေယျက ပြော သည်။

ယင်းကဲ့သို့ စက်ရုံအတွင်း အလုပ်ရှင်အ လုပ်သမား ပြဿနာများကို ဖြေရှင်းနေသည့် ကာလတွင် အလုပ်သမား သမဂ္ဂအဖွဲ့ခေါင်း ဆောင်များကို အလုပ်ထုတ်ခြင်းခံနေရသည့် အပေါ် အစိုးရက ကာကွယ်ပေးမှုအားနည်းခြင်း အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ကိုစိုးသူရကိုက ပြောသည်။
“ဥပဒေအရပေးထားပါလျက်နဲ့ အလုပ်ရှင် က ဒီလိုလွတ်လပ်စွာ ဖွဲ့စည်းခွင့်မပေးဘူးလား ဆိုတဲ့ မေးခွန်းကို ပြန်ထုတ်လာရပြီ ”ဟု ၎င်းက ပြောသည်။ ။

Read More ==>> Written by – အောင်ကျော်ထွန်း

Add comment

Advertisement

Advertisement