Hintharmedia

“အသက်မသေခင် အမှတ်တရတွေချန်ထားခဲ့ချင်တဲ့ ထက်ထက်မိုးဦး”

သမီးလေးမွေးပြီးနောက်ပိုင်း အနုပညာအလုပ်များသိပ်မလုပ်ဖြစ်တော့ဘဲ အတန်ငယ်ဝဖြိုးလာသည့် ထက်ထက်မိုးဦးက ယခင်ကခန္ဓာကိုယ်အနေအထားမျိုးရရှိရန် weight ချပြီးနောက် လှလှပပနှင့် အနုပညာအလုပ်များ တစ်ကျော့ပြန်လှုပ်ရှားလာပြီဖြစ်သည်။

“သမီးလေးမွေးပြီး ဝသွားတော့ ကိုယ်ကိုယ် နည်းနည်း စိတ်ပျက်သွားတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ် ကဆို လူတွေကြားထဲတောင်မသွားချင်ဘူး။ မလှုပ်မယှက် နဲ့ လေးငါးဆယ်လလောက်နေလိုက်တော့ လူက ထိုင်းမှိုင်းသလိုဖြစ်သွားတာ။ ဒါပေမဲ့ အလုပ်မလုပ်လို့ မဖြစ်ဘူး။ လှူနိုင်ဖို့ ရော သမီးလေး အတွက်ရော အလုပ်ပြန်လုပ်မယ်ဆိုပြီး ပြန်လုပ်ဖြစ်လာတာပါ ” ဟုထက်ထက်မိုးဦးကပြောပြသည်။

ထက်ထက်မိုးဦးက ယခုဇာတ်လမ်းတွဲတစ်ပုဒ်ရိုက်ကူးထားပြီး “မိုးကောင်းကင် အိပ်မက်”ဟုအမည်ပေးထားသည့် ထိုဇာတ်လမ်းတွဲမှာ အပိုင်းတစ်ရာကျော်သည်ဟု သိရသည်။ ထိုဇာတ်လမ်းထဲတွင် သရုပ်ဆောင်ရသည့်ဇာတ်ရုပ်နှင့်ပတ်သက်ပြီး ထက်ထက်က”ထက် သရုပ်ဆောင်ရတဲ့ပုံစံက ငယ်ငယ်တုန်းက အဆိုတော်ကနေ ကြီးလာတော့ ပရိုဂျူဆာ လုပ်တယ်။ အဆိုတော်တွေ မွေးထုတ်ပေးတယ်။ ကိုယ့်မှာ သားလေးတစ်ယောက်ရှိတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ ” ဟုသာ အကြမ်းဖျင်းပြောပြခဲ့သည်။

ထို့ပြင်ထက်ထက်က ယခုလိုအနုပညာများပြန်လုပ်ချိန်တွင် ပိုလုပ်နိုင်သွားကြောင်း၊ သေချာ ပိုရိုက်သလို ဖြစ်သွားကြောင်း၊ ပိုက်ဆံလည်း ပို၍အကုန်အကျ ခံနိုင်သလိုဖြစ်သွားကြောင်း၊ ပိုပြီးတိုးတက်လာကြောင်း၊ ထိုအထဲကမှ ဇာတ်လမ်းကောင်းကောင်းနှင့် ဇာတ်အိမ်ဇာတ်ကွက်ကိုရရန်၊ ကျန်ခဲ့ရန်မှာ ကိုယ့်၏ကံပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဇာတ်လမ်းမျိုးများသာ မသေခင် မိမိ၏ အမှတ်တရများ ထားခဲ့ချင်ကြောင်းဆိုပါသည်။

Written by – MT

Photo from Htet Htet Moe Oo Facebook

Add comment

Advertisement

Advertisement