Hintharmedia

အိန္ဒိယက မြန်မာသို့ ဒီဇယ်ဆီ စတင် တင်ပို့

အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု တိုးမြှင့်မည်ဟူသော ဝန်ကြီးချုပ် နာဂန်ဒရာ မိုဒီ၏ အစီအမံဖြင့် မြန်မာနိုင်ငံသို့ ကုန်လမ်းမှ တစ်ဆင့် ဒီဇယ်ဆီများကို စတင်တင်ပို့နေပြီဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာအလည်အပတ်ခရီးရောက်ရှိနေသော မိုဒီသည် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ်များဖြစ်သော အရှေ့မြောက်ပိုင်းပြည်နယ်များ ဖွံ့ဖြိုးရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံမှုကို မြှင့်တင်လိုနေသည်။

အရှေ့မြောက် အိန္ဒိယအခြေစိုက် နူမလီဂါ့ ရေနံသန့်စင်ကုမ္ပဏီ (NRL)သည် မြန်မာနိုင်ငံ ပါရမီစွမ်းအင်အုပ်စုထံသို့ ကုန်းလမ်းမှတစ်ဆင့် ဒီဇယ် တန်သုံးဆယ်တင်ပို့လိုက်ပြီဖြစ်ကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်သည်။

တစ်နေ့လျှင် ရေနံစည် ၁၈၀၀၀၀ သန့်စင်မှုကို သုံးဆမြှင့်တင်လိုသော NRL သည် ပါရမီ စွမ်းအင်အုပ်စုနှင့် ဆက်ဆံမှုကို ဆက်လက်တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ယင်းကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံသို့ ဖယောင်းတန်ပေါင်း ၁၇၀၀ ကိုလည်း တင်ပို့ထားပြီးဖြစ်သည်။ ထို့အပြင် အိန္ဒိယ ရေနံဝန်ကြီး ဒါမန်ဒရာ ပရာဒန်သည်လည်း ရေနံတူးဖော်ရေး၊ သန့်စင်ရေးနှင့် ရေနံထွက်ကုန် လက်လီရောင်းချရန် အခွင့်အလမ်းရှာသည့်အနေဖြင့် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလက လာရောက်ခဲ့ဖူးသည်။

ထို့အပြင် NRL ကုမ္ပဏီက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ ဒီဇယ်ဆီတင်ပို့ရန် ပိုက်လိုင်းသွယ်တန်းရေးအတွက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိသည့်အပြင် လက်လီဈေးကွက်သို့ ဝင်ရောက်နိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှာ တစ်နှစ်လျှင် ဓာတ်ငွေ့နှင့် ဒီဇယ်ဇယ် တန်ပေါင်း သုံးသန်း သုံးစွဲနေပြီး စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းနေရသည်။ ပြည်တွင်းမှထွက်ရှိမှုမှာ တန်ပေါင်း ၇ သိန်းလောက်သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သုံးစွဲနိုင်စွမ်း၊ အခြေခံအဆောက်အအုံ၊ ကားပိုင်ဆိုင်မှုများ တိုးတက်လာရာ လောင်စာဆီသုံးစွဲမှုသည် နောက်ဆယ်နှစ်အတွင်း တစ်နှစ်လျှင် ခြောက်ရာခိုင်နှုန်းခန့်အထိ တိုးတက်လာဖွယ်ရှိကြောင်း BMI သုတေသနအဖွဲ့က ခန့်မှန်းထားသည်။

Reuters

Add comment

Advertisement

Advertisement