Advertisements

ကုလားကုတ်ကျွန်း လေပြင်းဝင် တိုက်ခတ်၊ အဆောက်အအုံ သုံးပုံနှစ်ပုံခန့် ထိခိုက်

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်း အောက်ဆိပ်တွင် ဇန်နဝါရီ ၈ ရက် နံနက် ၇ နာရီခွဲခန့်က လေပြင်း ဝင်ရောက်တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

”တစ်ရွာလုံးနီးပါးပဲ၊ ရွာမှရှိတဲ့ အဆောက်အဦတွေ ၃ ပုံ ၂ ပုံလောက် ပျက်စီးသွားပြီး စာရင်း အတိအကျတော့ မရသေးပါဘူး” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ပြောသည်။ ဖြစ်စဉ်ကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် သုံးပုံနှစ်ပုံခန့် ပျက်စီးခဲ့ရကြောင်း ၎င်းက ဟင်္သာသို့ အတည်ပြု ပြောဆိုခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါဖြစ်စဉ်အပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် အသုံးအဆောင်ပစ္စည်းများ ကူညီပံ့ပိုးရန် စီမံထားပြီး ဘေးသင့်ဒေသသို့ သွားရောက် ထောက်ပံ့မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

သတင်း – ခေတ်မင်း

ဓာတ်ပုံ – ကျွန်းသားလေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်