Advertisements

မီးဘေး ကြိုတင်ကာကွယ်ရေး စတင် လုပ်ဆောင်

ပြည်နယ် မီးသတ်တပ်ဖွဲ့စခန်းကို ၂၀၁၈ ဒီဇင်ဘာက တွေ့မြင်ရစဉ်။ ဓာတ်ပုံ - လျှမ်းထက်

မော်လမြိုင် ဇန်နဝါရီ
မီးဘေးအန္တရာယ်ဖြစ်ပွားမှု လျော့ကျစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ယခုလမှ စ၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးဌာန မော်လမြိုင်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်က ပြောကြားသည်။
“ကြိုတင်ပြင်ဆင်မှုအနေနဲ့ ရပ်ကွက်အလိုက် ပညာပေးဟောပြောတယ်၊ လက်ကမ်းစာစောင်ဝေတယ်၊ စနေ တနင်္ဂနွေနေ့တိုင်း တစ်အိမ်တက်တစ်အိမ်ဆင်း ပညာပေးတယ်၊ တစ်ရက်ခြားတစ်ခါ ရပ်ကွက်အတွင်း လှည့်လည် စစ်ဆေးတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ရပ်ကွက်အတွင်း ပညာပေးခြင်းနှင့် လှည့်လည်စစ်ဆေးခြင်းများကို တစ်ရက်ခြားတစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆက်လက်ပြောသည်။
စက်ရုံ၊ အလုပ်ရုံများတွင် မီးလောင်မှု မဖြစ်ပွားစေရန်အတွက် ပညာပေးခြင်း၊ အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန်အတွက် စနစ်တကျ သင်တန်းပေးခြင်းများ လုပ်ဆောင်နေကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း အရည်အချင်းပြည့်မီစေရန်အတွက် သင်တန်းများ စနစ်တကျပေးထားပြီး မီးလောင်ပါက ချက်ချင်း လုပ်ဆောင်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ကိုလည်း ထားရှိထားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ပြည်သူများအနေဖြင့်လည်း မီးလောင်မှုလျော့ချနိုင်ရန်အတွက် မီးကို စနစ်တကျ သုံးစွဲသင့်ပြီး သက်ဆိုင်ရာမီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်ရန် တိုက်တွန်းအကြံပြုလိုကြောင်း ၎င်းကဖြည့်စွက်ပြောဆိုသည်။
မွန်ပြည်နယ် ဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့်၂ဝ၁၈ခုနှစ်တွင် မီးလောင်မှု ၇၂မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့သည်။ မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ၂ဝ၂ဦးထိ ရှိခဲ့ပြီး တန်ဖိုးငွေ ကျပ်သိန်း ၁၆၈၇ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။
ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်