Advertisements

ဘီးလင်းတွင် ကရိန်းမောင်းတံနှင့် ဓာတ်ကြိုး ထိမိရာမှ ဓာတ်လိုက် တစ်ဦးသေ သုံးဦး ဒဏ်ရာရ

ဘီးလင်း ဇန်နဝါရီ

မွန်ပြည်နယ် ဘီးလင်းမြို့တွင် ယာဉ်နှစ်စီး ဘေးချင်းယှဉ်ရပ်ပြီး ပစ္စည်းကို ကရိန်းဖြင့် ရွှေ့ပြောင်းစဉ် ကရိန်းမောင်းတံနှင့် လျှပ်စစ်မီးကြိုး ထိမိရာမှ ဓာတ်လိုက်ပြီး တစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရရှိမှုဖြစ်စဉ် ဇန်နဝါရီ ၈ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကို ဘီးလင်းဆေးရုံ၏ သတင်းပေးချက်အရ မြို့မရဲစခန်းမှ ဒုရဲမှူ းသန်းဇော်လေး နှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးဘေး ကန်သာယာရပ်ကွက်တွင် အခင်းဖြစ်ပွားခဲ့သည်။

ISUZU အမျိုးအစား ၆ဘီးယာဉ် (အဖြူရောင်)ပေါ်ရှိ ရေစုပ်စက်လုပ်ငန်းသုံး အင်ဂျင်တုံးမှာ ပြုတ်ကျလုနီးဖြစ်နေသောကြောင့် NISSAN အမျိုးအစား ကရိန်းယာဉ်( အပြာရောင်)ဖြင့် ပြောင်းရွှေ့ရာတွင် ကရိန်းမောင်းတံနှင့် အထက် ပေ ၂၀ ခန့် အမြင့်ရှိ မီးကြိုး ထိမိရာမှ ယင်းသို့ ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ကရိန်းယာဉ်မောင်း ဦးဇော်မိုး ( ၃၆ နှစ်၊ ကန်သာယာရပ်ကွက်၊ ဘီးလင်းမြို့နေသူ)နှင့်အတူ ပစ္စည်းရွှေ့ပြောင်းကူညီသူ ဦးရှောင်ဝမ်း(၃၂ နှစ် ၊ ရွှေညောင်မြို့နယ်နေသူ) နှင့် ဦးစောရင်ကြူ ( ၄၈ နှစ် ဘီးလင်းမြို့နယ်နေသူ)၊ ဦးစောရင်ကြူ ( ၄၈ နှစ် ဘီးလင်းမြို့နယ်နေသူ)၊ ဦးကိုမောင် (၄၄ နှစ်၊ ဘီးလင်းမြို့နယ်နေသူ)တို့ပါ ဓါတ်လိုက်ခံရပြီး နေရာတင် လဲကျကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လူနာများကို ဘီးလင်းဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ယာဉ်မောင်း ဦးဇော်မိုး သေဆုံးသွားကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘီးလင်းမြို့နယ်ရဲစခန်းတွင် သေမူသေခင်း အမှတ် ၁/၂၀၁၉ ဖြင့် အမူဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လင်းလက်(ပေါင်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်