Advertisements

Follower အယောက်၁၀၀ ကို ငွေ ၁ သန်းစီ ပေးဝေမည့် ဂျပန်သူဌေး

 

ဂျပန် သန်းကြွယ်သူဌေး ယာဆာကူ မဲဇာဝါက တွစ်တာတွင် သူ့ Postကို တဆင့်ပြန် Retweet လုပ်သူ Follower များထဲမှ အယောက်၁၀၀ ကို ရွေးချယ်ကာ ဂျပန်ငွေ ယန်းတစ်သန်းစီ ပေးဝေသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ရက်တွင် ရေးသားခဲ့သည်။

ယင်း Post မှာ နာရီပိုင်းအတွင်း ဒုနှင့်ဒေး ပျံ့နှံ့သွားပြီး ကမ္ဘာ့ Retweet အများဆုံး Post အဖြစ် စံချိန်တင်သွားခဲ့သည်။

လက်ရှိအချိန်တွင် ဦးရေ ၄.၃သန်းအထိ ရှိနေပြီး Twitter သမိုင်းတစ်လျှောက်တွင် အများဆုံး စံချိန် ချိုးနိုင်ခဲ့သည်။

“ကျွန်တော်တောင် ထင်မှတ်မထားဘဲ ကျွန်တော့်ရဲ့ Postဟာ ကမ္ဘာ့စံချိန်သစ်ကို ချိုးသွားခဲ့ပါတယ်။ အရင်က Retweet ပြန်လုပ်တဲ့သူ ၃.၅၅ သန်းရှိခဲ့တာ တစ်ခု ရှိခဲ့ဖူးပါတယ်။ အခုတော့ အဲဒါကိုတောင် ကျော်ပြီး ကမ္ဘာ့စံချိန် ချိုးခဲ့တာပါ။ အခုထိလည်း လူပေါင်းများစွာ ထပ်ပြီး Retweetလုပ်နေကြဆဲပါပဲ” ဟု သူက ပြောသည်။

မဲဇာဝါသည် ဂျပန်နိုင်ငံ၏ အကြီးဆုံး အွန်လိုင်းဖက်ရှင်စတိုးမှ အမှုဆောင်ချုပ်ဖြစ်ပြီး ၁၈ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂ဘီလျံခန့် ရှိကြောင်း ကမ္ဘာ့စီးပွားရေးမဂ္ဂဇင်းတစ်စောင် ဖြစ်သည့် ဖို့ဘ်စ်က တွက်ချက်ခန့်မှန်းထားသည်။

Channel News Asia

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်