Advertisements

ကုလားကုတ်ကျွန်းရှိ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဓာတ်ပုံ - ထွန်းထွန်းဝင်း

မော်လမြိုင် ဇန်နဝါရီ

ရေးမြို့နယ် ကုလားကုတ်ကျွန်း အောက်ဆိပ်ကျေးရွာနေ လေဘေးသင့် ပြည်သူများထံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင် သွားရောက်လျက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

Photo – Tun Tun Win

ဒုတိယဝန်ကြီးက ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ခြင်းနှင့် အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများအပါအဝင် မသန်စွမ်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ ကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းတို့က ဒေသခံများအား ပေးအပ်ခဲ့သည်။

ယင်းအပြင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေကျပ် ၃၃၅၇၆၆၀၀ိ/- ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၁၅၉၀၀၀၀ိ/- တို့ ပေးအပ်ခဲ့သည်။

Photo – Mon State Government

အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင် ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့က လေဘေးသင့်ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့သည်။

ရေးမြို့နယ်အတွင်းရှိ ဒေသခံအဖွဲ့အစည်းများကလည်း ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကုလားကုတ်ကျွန်း အောက်ဆိပ်တွင် ဇန်နဝါရီ ၈ ရက် နံနက် ၇ နာရီခွဲခန့်က လေပြင်း ဝင်ရောက်တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အအုံ စုစုပေါင်း ၃၉၂ လုံးရှိကြောင်း သိရသည်။ အိမ်ထောင်စု ၃၉၂ စုရှိ လူဦးရေ ၁၉၂၇ ဦးတို့ အဆိုပါလေဘေးသင့်ခဲ့ရခြင်းဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းအနေဖြင့် ကျပ်သိန်း ၃၅၀ ကျော်ဖြစ်ကြောင်း သိရှိရသည်။

Photo – Mon State Govervment

သတင်း – ခေတ်မင်း

ဓာတ်ပုံ – မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး
– ထွန်းထွန်းဝင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်